Connect with us

Australia / Oceania

သြစတြေးလျတွင် မူးယစ်ဆေးဝါး ၂၇၅ ကီလိုဂရမ် နှင့်အတူ လူ ရှစ်ဦးအား ဖမ်းဆီးထား

အမေရိကန်ဒေါ်လာ ၂ဝ၆ သန်း တန်ဖိုးရှိ မူးယစ်ဆေးဝါးများကို သြစတြေးလျ ရဲတပ်ဖွဲ့ဝင်များ ဖမ်းဆီးရမိစဉ် (ဓာတ်ပုံ-အင်တာနက်)

မဲလ်ဘုန်း ၊ ဇူလိုင် ၄ ရက် (ဆင်ဟွာ)

သြတြေးလျနိုင်ငံ မဲလ်ဘုန်းမြို့၌ ဇူလိုင် ၄ ရက်က ice ခေါ် မီတာဖက်တမင်း ဆေးပြား ၂၇၅ ကီလိုဂရမ် နှင့်အတူ ဖြစ်စဉ်တွင်ပါဝင်သည့် လူရှစ်ဦးအား ဖမ်းဆီးရမိကြောင်း ၊ ၎င်းမှာ သြစတြေးလျနိုင်ငံ အတွင်း မူးယစ်ဆေးဝါး ဖမ်းဆီးရမှု စံချိန်တင်အများဆုံး ပမာဏ ဖြစ်ကြောင်း သိရသည်။

အဆိုပါ မူးယစ်ဆေးဝါးများကို သင်္ဘော သုံးစင်း၏ ဝမ်းဗိုက်ထဲ၌ ခိုးဝှက် သယ်ဆောင်လာသည်ကို အာဏာပိုင်များက ရှာဖွေ တွေ့ရှိခဲ့ခြင်း ဖြစ်ကြောင်း နှင့် ၎င်းအမှု အတွက် မလေးရှား နိုင်ငံသား တစ်ဦး နှင့် သြစတြေးလျ နိုင်ငံသား ခုနှစ်ဦးအား ဖမ်းဆီး ထိန်းသိမ်းထားကြောင်း သြစတြေးလျ ရဲတပ်ဖွဲ့က ဆိုသည်။
၎င်းမူးယစ်ဆေးဝါးများကို သင်္ဘောပေါ်မှ တဆင့် မဲလ်ဘုန်းမြို့တွင်းရှိ စက်ရုံတစ်ခုသို့သယ်ဆောင်ရန် ပြုလုပ်ခဲ့ခြင်း ဖြစ်ကြောင်း သြစတြေးလျ ရဲတပ်ဖွဲ့က ပြောကြားသည်။ သြစတြေးလျ ပြည်ထောင်စု ရဲတပ်ဖွဲ့(AFP) နှင့် ဗစ်တိုးရီးယားပြည်နယ် ရဲတပ်ဖွဲ့တို့ပူးပေါင်းပြီး မဲလ်ဘုန်းမြို့၌ မူးယစ်ဆေးဝါး မောင်ခိုမှု နှိမ်နင်းရေး လုပ်ငန်းများကို လေးလ အချိန်ယူပြီး လုပ်ဆောင်မှု အပြီးတွင် ယခုကဲ့သို့ မူးယစ်ဆေးဝါးများအား စံချိန်တင် ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်သည်။
ယခု ဖမ်းဆီးရမိထားသော မူးယစ်ဆေးဝါး တန်းဖိုးမှာ ကာလပေါက်ဈေး အမေရိကန်ဒေါ်လာ ၂ဝ၆ သန်း ရှိနိုင်ကြောင်း ရဲတပ်ဖွဲ့၏ ပြောကြားချက်အရ သိရသည်။ ဖမ်းဆီးရမိထားသူ အားလုံးသည် အသက် ၂၄ နှစ် မှ ၃၄ နှစ်အတွင်း ရှိသည့် လူလတ်ပိုင်းများ ဖြစ်ကြောင်း ရဲတပ်ဖွဲ့က ဆိုသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.