Connect with us

Australia / Oceania

ဖီဂျီ၌ ရုရှားစုံတွဲအသတ်ခံရ

ဖီဂျီကျွန်းနိုင်ငံ Natadola ကမ်းခြေ အားတွေ့ရစဉ်(ဓာတ်ပုံ-အင်တာနက်)

ဆုဝ ၊ ဇူလိုင် ၃ ရက်(ဆင်ဟွာ)

ဖီဂျီနိုင်ငံ၌ သွားရောက် နေထိုင် အလုပ်လုပ်ကိုင်ရင်း ပျောက်ဆုံးနေသည့်ရုရှားစုံတွဲတစ်တွဲမှာ သတ်ဖြတ်ခံခဲ့ရခြင်းဖြစ်ကြောင်း ဖီဂျီရဲတပ်ဖွဲ့က ဇူလိုင် ၃ ရက်တွင် အတည်ပြုပြောကြားသည်။

ပြီးခဲ့သော ရက်သတ္တပတ်က ဖီဂျီကမ်းခြေ၌ ရှာဖွေတွေ့ရှိခဲ့သော ရုပ်အလောင်းမှာ Yuri Shipulin ၏ဇနီးဖြစ်သူ Natalia ဖြစ်ကြောင်း DNA စစ်ဆေးချက်အရ အတည်ပြုနိုင်ခဲ့သည်ဟု ဖီဂျီရဲတပ်ဖွဲ ့ထောက်လှမ်းရေးအကြီးအကဲ Luke Navela က ဆိုသည်။
အဆိုပါ စုံတွဲသည် ရုရှားနိုင်ငံ Ryazan မြို့မှ ဖြစ်ပြီး ဇွန်လ လယ်လောက်ကတည်းက ပျောက်ဆုံးသွားခဲ့ကြခြင်းဖြစ်သည်။ ၎င်းတို့စီးနင်းလာသောကားကို Nadiမြို့၊ Natadola ကမ်းခြေ ရှိ ဖီဂျီ ခရီးသွားကလပ် အနီးတွင် တွေ့ရှိခဲ့ပြီး ကားထဲတွင် Natalia ၏ အင်္ကျ ီအဝတ်အစားများ နှင့် နိုင်ငံကူးလက်မှတ်ကို ရှာဖွေ တွေ့ရှိခဲ့ကြောင်း သိရသည်။
အဆိုပါ ရုရှားစုံတွဲသည် လွန်ခဲ့သော ၅ နှစ်ကတည်းက ပစိဖိတ်သမုဒ္ဒရာအတွင်းရှိ ဖီဂျီကျွန်းနိုင်ငံရောက်ရှိလာခဲ့ပြီး နှစ်နှစ်ခန့်စိုက်ပျိုးရေးလုပ်ငန်း ဖြင့် အသက်မွေးဝမ်းကြောင်းပြုခဲ့ကြသူများဖြစ်သည်။
လက်ရှိတွင် ဖီဂျီရဲတပ်ဖွဲ့သည် လူသတ်မှုအဖြစ် အမှုဖွင့်ထားကြောင်း နှင့် Natadola ပင်လယ်ပြင်အတွင်း ကျန်ရှိနေသော ရုပ်အလောင်းကို ရှာဖွေတွေ့ရှိနိုင်ရန် ဖီဂျီရေတပ်မှ ရေငုတ်သမားအဖွဲ့အသစ်တစ်ခုဖြင့် ဆက်လက်ရှာဖွေသွားမည်ဖြစ်ကြောင်း Navela က ပြောကြားထားသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.