Connect with us

Australia / Oceania

သြစတြေးလျ၌ လူ့ခန္ဓာကိုယ်အစိတ်အပိုင်း တရားမဝင် ရောင်းဝယ်မှု ကြီးထွားလာနေ

လူ့ခန္ဓာကိုယ် အစိတ်အပိုင်းကို ငွေကြေးဖြင့် အရောင်းအဝယ်ပြုလုပ်နေသည့် သရုပ်ပြပုံအားတွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

ကမ်ဘာရာ ၊ သြဂုတ် ၇ ရက်(ဆင်ဟွာ)

သြစတြေးလျနိုင်ငံသားများသည် လူ့ခန္ဓာကိုယ်အစိတ်အပိုင်များအားဝယ်ယူရန် တရားမဝင် အရောင်းအဝယ်ပြုလုပ်နေသည့် ဈေးကွက်အတွင်းသို့တစ်ဆထက်တစ်ဆ တိုး၍ ဝင်ရောက်လျက်ရှိကြောင်း စုံစမ်းထောက်လှမ်းခြင်းဆိုင်ရာ News Limited သတင်းအရ သိရသည်။

အဆိုပါ သတင်းထုတ်ပြန်ချက်တွင် ၂ဝဝ၁ ခုနှစ်မှ စတင်ကာ သြစတြေးလျနိုင်ငံသား တစ်ရာကျော်သည် နိုင်ငံရပ်ခြား၌ လူ့ခန္ဓာကိုယ်အစိတ်အပိုင်းများအားဝယ်ယူရန် တရားမဝင် မှောင်ခိုဈေးကွက်များသို့သွားရောက်ခဲ့ကြောင်း ဖော်ပြထားသည်။
အဆိုပါ လူ့ခန္ဓာကိုယ်အစိတ်အပိုင်းများအား ရယူရန် တရားမဝင် ခွဲစိတ်မှုများပြုလုပ်ပေးနေသည့် ဆရာဝန်တစ်ဦးသည် ခွဲစိတ်မှုတစ်ကြိမ်ပြုလုပ်ပေးတိုင်း အမေရိကန်ဒေါ်လာ ၁၉ဝ,ဝဝဝ ထိ ဝင်ငွေရလျက် ရှိကြောင်း သိရသည်။စုံစမ်းထောက်လှမ်းချက်များအရသိရသည့် ဖြစ်စဉ်တစ်ခုတွင် လူ့အသည်းတစ်ခု အတွက် အမေရိကန်ဒေါ်လာ ၆ဝ,ဝဝဝ ထိ ပေးချေခဲ့ရကြောင်း ဆိုထားသည်။
သြစတြေးလျနိုင်ငံသူ ကလေး ၂ ယောက် မိခင် တစ်ဦးဖြစ်သည့် Sarah က ၂ဝ၁၁ ခုနှစ်တွင် တရုတ်နိုင်ငံ၌ လူ့ခန္ဓာကိုယ်အစိတ်အပိုင်းတစ်ခုကို ဝယ်ယူအစားထိုးကုသရာတွင် ငွေသား အမေရိကန်ဒေါ်လာ ၉၁,ဝဝဝ ထိ ပေးချေခဲ့ရကြောင်း ထုတ်ဖော်ပြောဆိုခဲ့သည်။
“အကယ်၍ တစ်ယောက်ယောက်ကို ခင်ဗျား ပိုက်ဆံပေးပြီး ကျောက်ကပ်ကို အလှူခံမယ်ဆိုရင်တော့ သူလည်း ခင်ဗျားပေးတဲ့ ပိုက်ဆံနဲ့အဆင်ပြေသွားမယ်။ ကိုယ်လည်းအဆင်ပြေသွားမယ်။ အဲဒီလောက် ငွေအများကြီးရဖို့ဆိုတော့ သူ့အတွက်လည်း မလွယ်ဘူးလေ” ဟု Sarah က News Limited သတင်းဌာနသို့ပြောကြားသည်။
Griffith တက္ကသိုလ်မှ နိုင်ငံတကာ လူ့ခန္ဓာကိုယ် တရားမဝင်ရောင်းဝယ်ဖောက်ကားမှု ကျွမ်းကျင်ပညာရှင် Dr Campbell Fraser က လူ့ခန္ဓာကိုယ်တရားမဝင်ရောင်းဝယ်မှုများသည် အရှေ့တောင်အာရှနိုင်ငံများ၌ အများဆုံးဖြစ်ပွားလျက်ရှိကြောင်း ပြောကြားခဲ့သည်။
၎င်းက အိန္ဒိယနိုင်ငံ အရှေ့မြောက်ပိုင်း Chennai မြို့၌ အသက်သေဆုံးလုနီးပါး လူနာများမှ ကျောက်ကပ်ကိုထုတ်ယူပြီး နိုင်ငံခြားသားများအား ရောင်းချနေသည့် ဆရာဝန်တစ်ဦးသည် အမေရိကန်ဒေါ်လာ ၃၈,ဝဝဝ ထိ ဝင်ငွေရရှိခဲ့ကြောင်း ဆိုသည်။
သြစတြေးလျနိုင်ငံ၌ လူ့ခန္ဓာကိုယ် အစားထိုးကုထုံးများ အတွက် ကုန်ကျစရိတ်သည် အမေရိကန်ဒေါ်လာ ၃၈ဝ,ဝဝဝ ထိ ရှိနေရာ အချို့နိုင်ငံသားများသည် ကုန်ကျစရိတ်သက်သာစေရန်အလို့ငှာ နိုင်ငံရပ်ခြားတိုင်းပြည်များ မှ လူ့ခန္ဓာကိုယ်အစိတ်အပိုင်းများကို တရားမဝင် သွားရောက်ဝယ်ယူ၍ ဆေးကုသမှုများပြုလုပ်လျက်ရှိကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.