Connect with us

Australia / Oceania

နယူးဇီလန်နိုင်ငံဝန်ကြီးချုပ်သစ်အဖြစ် ဘဏ္ဍာရေးဝန်ကြီး Bill English ဆက်ခံမည်

နယူးဇီလန်နိုင်ငံ ဘဏ္ဍာရေးဝန်ကြီးဌာန ဝန်ကြီး Bill English အားတွေ့ ရစဉ်(ဓာတ်ပုံ-အင်တာနက်)

ဝဲလ်လင်တန် ၊ဒီဇင်ဘာ ၈ ရက်(ဆင်ဟွာ)

နယူးဇီလန်နိုင်ငံ ဝန်ကြီးချုပ်သစ် အဖြစ် ဘဏ္ဍာရေးဝန်ကြီးဌာန ဝန်ကြီး ဘီလ်အင်္ဂလိစ် ( Bill English) က လက်ရှိဝန်ကြီးချုပ်၏ ကျန်ရှိနေသော ရာထူးသက်တမ်းကို ဒီဇင်ဘာလ ၈ ရက်မှ စတင်ကာ ဆက်လက်တာဝန်ယူသွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ ဝန်ကြီးချုပ် ရာထူးအတွက် အင်္ဂလိစ်သည် ပြိုင်ဖက် ကျန်းမာရေးဝန်ကြီးဌာန ဝန်ကြီး Jonathan Coleman နှင့် ယှဉ်ပြိုင်ခဲ့ရပြီး ပါလီမန်ရှိ လက်ရှိအာဏာရ ဗဟိုလက်ယာယိမ်းအမျိုးသားပါတီ မှ လွှတ်တော်ကိုယ်စားလှယ် ၅၉ ဦးအနက် ၃ဝ ဦးက အင်္ဂလိစ်အား ထောက်ခံမဲပေး၍ ရွေးချယ်ခဲ့ခြင်းဖြစ်သည်။

ဒီဇင်ဘာလ ၇ ရက်နံနက်ပိုင်းက အခြားပြိုင်ဖက် ဝန်ကြီးချုပ်လောင်းတစ်ဦးဖြစ်သူ Judith Collins သည် ကိုယ်စားလှယ်အမည်စာရင်းမှ နှုတ်ထွက်ခဲ့ပြီး အင်္ဂလိစ်အား ထောက်ခံခဲ့ကြောင်း သိရသည်။ အင်္ဂလိစ်သည် ဒီဇင်ဘာလ ၁၂ ရက်တွင် နယူးဇီလန်နိုင်ငံဝန်ကြီးချုပ်ရာထူးကို တရားဝင် ရွေးချယ်ခန့်အပ်ခံရဖွယ် ရှိနေပြီး ၎င်းနေ့မှာပင် ဒုတိယဝန်ကြီးချုပ် တစ်ဦးကိုလည်း ပါလီမန်က ရွေးချယ်သွားကြရန် ရှိနေသည်။

နယူးဇီလန်နိုင်ငံ၏ လက်ရှိဝန်ကြီးချုပ်ဖြစ်သူ ဂျွန်ကီး(John Key) သည် ပြီးခဲ့သော ဒီဇင်ဘာလ ၅ ရက်တွင် ဝန်ကြီးချုပ်ရာထူးမှ နှုတ်ထွက်ကြောင်း မိန့်ခွန်းပြောကြားခဲ့ပြီး ၎င်းအား ဆက်ခံသူအဖြစ် အင်္ဂလိစ်အား ထောက်ခံချက်ပေးခဲ့သည်။

အင်္ဂလိစ်က နယူးဇီလန်နိုင်ငံဝန်ကြီးချုပ် ရာထူးအတွက် ဘဏ္ဍာရေးကိစ္စရပ်များကို အဓိက လုပ်ကိုင်ဆောင်ရွက်နေသူ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာန Steven Joyce သာ ဖြစ်သင့်ကြောင်း ထောက်ခံမှုပေးခဲ့သည်။

သို့သော်လည်း ဝန်ကြီးချုပ် ရာထူး ခန့်အပ်ခံရပြီးချိန်တွင် နယူးဇီလန်နိုင်ငံ၏ မူဝါဒရေးရာ အပြောင်းအလဲများ နှင့် အစိုးရအဖွဲ့အပြောင်းအလဲများ ဖြစ်ပေါ်လာနိုင်သည့် အခြေအနေကို နယူးဇီလန်ရေဒီယို၏ မေးမြန်းချက်အား အင်္ဂလိစ်က ဖြေဆိုရန် ငြင်းဆန်ခဲ့သည်။

“ နယူးဇီးလန်နိုင်ငံဝန်ကြီးချုပ် မဖြစ်သေးခင် ကျွန်တော်ဘာမှ မပြောလို ပါဘူး ” ဟု အင်္ဂလိစ်က ဆိုသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.