Connect with us

Australia / Oceania

အရက်သောက်ခြင်းသည် အာဟာရနည်းပါးပြီး ကိုလက်စထရောများစေသည့် အစားအစာကဲ့သို့ပင် အဝလွန်စေကြောင်း ပညာရှင်များလေ့လာတွေ့ရှိ

အရက်သောက်သုံးခြင်း နှင့် သက်ဆိုင်သည့် ပညာပေးပုံတစ်ပုံအားတွေ့ရစဉ် (ဓါတ်ပုံ-အင်တာနက်)

မယ်လ်ဘုန်း၊ နိုဝင်ဘာ ၂၂ရက် (ဆင်ဟွာ)

အရက်သောက်သုံးခြင်းသည် အသင့်စားအစာအစားများ ကဲ့သို့သော အာဟာရနည်းပါးပြီး ကိုလက်စထရောများစေသည့် အစားအစာများ စားသုံးသကဲ့သို့ ကိုယ်အလေးချိန် တက်ကာ အဝလွန်နိုင်စေကြောင်း သြစတြေးလျ လေ့လာတွေ့ရှိချက်တစ်ခုအရ သိရသည်။

ဗစ်တိုးရီးယား ကင်ဆာကောင်စီ၏ လေ့လာတွေ့ရှိချက်အရ အရက်သောက်သုံးမှု အများစု ကြောင့် ရရှိလာသည့် ကယ်လိုရီပမာဏသည် ချောကလက်ချောင်းများ နှင့် ဒိုးနပ်မုန့်များတွင်ပါဝင်သည့် ကယ်လိုရီပမာဏ နှင့် တူညီကြောင်း သိရသည်။

လေ့လာတွေ့ရှိချက်အရ တစ်နေ့လျှင် ဘီယာတစ်ခွက်သောက်သုံးခြင်းသည် တစ်နှစ်အတွင်း ကိုယ်အလေးချိန် ငါးကီလိုဂရမ်တိုးလာစေကြောင်း သိရသည်။

ဗစ်တိုးရီးယား ကင်ဆာကောင်စီ၏ ပြောရေးဆိုခွင့်ရှိသူ Craig Sinclair က တစ်ရက်လျှင် ဘီယာ နှစ်ခွက် ပုံမှန်သောက်သုံးပါက ရေရှည်တွင် ပုံမှန် ကိုယ်အလေးချိန်တိုးလာခြင်းထက် အဝလွန်လာစေသည့် အန္တရာယ်ရှိကြောင်း ပြောကြားခဲ့သည်။

၎င်းက အရက်သောက်သုံးခြင်းကြောင့် ပါးစပ်ကင်ဆာ၊ လည်ချောင်းကင်ဆာ၊ အစာရေပြွန်ကင်ဆာ၊ အစာအိမ်ကင်ဆာ၊ အသည်းကင်ဆာ၊ အူမကြီးကင်ဆာ နှင့် အမျိုးသမီးရင်သားကင်ဆာစသည့် ကင်ဆာရောဂါများဖြစ်စေသည့် ထင်ရှားသည့် သက်သေသာဓကများရှိခဲ့ကြောင်း ပြောကြားခဲ့သည်။

ထို့ပြင် ၎င်းက ၂၀၁၀ခုနှစ်တွင် သြစတြေးလျနိုင်ငံ ၌ ဖြစ်ပွားခဲ့သည့် ကင်ဆာရောဂါများအနက် ၃,၂၀၀ခုသည် အရက်သောက်သုံးခြင်းနှင့် ဆက်စပ်နေပြီး ၃,၉၀၀ခုမှာ အဝလွန်မှုနှင့် ဆက်စပ်နေကြောင်း ပြောကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.