Connect with us

Eastern Europe

ရုရှားတွင် ဓါတ်ငွေ့ ပေါက်ကွဲမှု ကြောင့် လူနေ အဆောက်အအုံ ပြိုကျကာ လူ ၃၉ ဦး ပိတ်မိနေ

ရုရှားနိုင်ငံ Yaroslavl မြို့တွင် သဘာဝ ဓါတ်ငွေ့ ပေါက်ကွဲမှု တစ်ခု ဖြစ်ပွားခဲ့ပြီး လူနေ အဆောက်အအုံ တစ်လုံး ပြိုကျနေသည်ကို တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

မော်စကို၊ ဖေဖော်ဝါရီ ၁၆ ရက် (ဆင်ဟွာ)

ရုရှားနိုင်ငံ Yaroslavl မြို့တွင် ဖေဖော်ဝါရီလ ၁၆ ရက်နေ့ နံနက်ပိုင်းက သဘာဝ ဓါတ်ငွေ့ ပေါက်ကွဲမှု တစ်ခု ဖြစ်ပွားခဲ့ပြီး လူနေ အဆောက်အအုံ တစ်လုံး ပြိုကျခဲ့ကာ အပျက်အစီးများ ကြားတွင် လူအများအပြား ပိတ်မိ နေကြောင်း အာဏာပိုင်များက ပြောကြားခဲ့သည်။

ကနဦး သတင်း အချက်အလက်များ အရ လူနေ အဆောက်အအုံ တိုက်တန်းများ အနက် တိုက်တစ်တိုက်၏ စုစုပေါင်း တိုက်ခန်း ၁၀ ခန်းရှိသည့် ၁ ထပ်မှ ၅ ထပ်မြောက်သည် ပေါက်ကွဲမှုကြောင့် ပြိုကျခဲ့ကြောင်း ရုရှားနိုင်ငံ အရေးပေါ် အခြေအနေများဆိုင်ရာ ဝန်ကြီးဌာနက ၎င်း၏ အင်တာနက် စာမျက်နှာ၌ ဖော်ပြခဲ့သည်။

လူ ၃၉ ဦးကျော်သည် အပျက်အစီး အကျိုးအပဲ့များ အောက်တွင် ပိတ်မိနေသည်ဟု ခန့်မှန်းရကြောင်း နှင့် ဒေသ စံတော်ချိန် ၄း၂၀ နာရီ (ဂရင်းနစ် စံတော်ချိန် 0120) တွင် သတိပေးချက် ရရှိပြီးနောက် မီးသတ်ဝန်ထမ်း များသည် ယင်းနေရာသို့ အလျင်အမြန် သွားရောက်ကာ ကယ်ဆယ်ရေးနှင့် ရှာဖွေရေး လုပ်ငန်းများအား လုပ်ဆောင်နေကြောင်း အဆိုပါ စာမျက်နှာတွင် ရေးသားခဲ့သည်။

ပေါက်ကွဲမှုကြောင့် မီးလောင်မှု ကြီးကြီးမားမား မရှိခဲ့သော်လည်း အဆောက်အအုံသည် ထပ်မံ ပြိုကျနိုင်သေး ကြောင်း အာဏာပိုင်များက သတိပေး ပြောကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.