Connect with us

Eastern Europe

ကလေးငယ်များအတွက် အင်တာနက် ဘေးကင်းလုံခြုံရေး ပူးပေါင်းဆောင်ရွက်မှု သဘောတူစာချုပ် အယ်လ်ဘေးနီးယားနှင့် ယူနီဆက် လက်မှတ်ရေးထိုး

ကုလသမဂ္ဂ ကလေးများ ရန်ပုံငွေအဖွဲ့ (ဓာတ်ပုံ-ယူနီဆက်)

တီရာနာ၊ ဖေဖော်ဝါရီ ၁၀ ရက် (ဆင်ဟွာ)

ဥရောပ အရှေ့တောင်ပိုင်းနိုင်ငံ တစ်ခုဖြစ်သည့် အယ်လ်ဘေးနီးယား နိုင်ငံ၏ တက္ကသိုလ် နှင့် ယူနီဆက်တို့အကြား ကလေး ငယ်များ အတွက် အင်တာနက် ဘေးကင်းလုံခြုံရေး ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ သဘောတူညီမှုအား ဖေဖော် ဝါရီလ ၉ ရက်က လက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။

အဆိုပါ သဘောတူညီမှုအား အယ်လ်ဘေးနီးယားရှိ ကလေးသူငယ် လူ့အခွင့်အရေး စင်တာ၏ မိတ်ဖက် ဖြစ်သော ကုလသမဂ္ဂ ကလေးများ ရန်ပုံငွေအဖွဲ့ (ယူနီဆက်) နှင့်အတူ အယ်လ်ဘေးနီးယား ပြည်သူ့အုပ်ချုပ် ရေး ဝန်ကြီး ဋ္ဌာန၊ ပညာရေးနှင့် အားကစားဝန်ကြီးဋ္ဌာန၊ လူငယ်နှင့် လူမှုဝန်ထမ်းဝန်ကြီးဋ္ဌာန နှင့် ပြည်ထဲရေး ဝန်ကြီးဋ္ဌာနတို့ အကြား လက်မှတ်ရေးထိုးခဲ့ခြင်း ဖြစ်သည်။

ကမ္ဘာတစ်ဝန်းတွင် အင်တာနက်သုံးစွဲသူ ကလေးအရေအတွက် များပြားလာကြောင်း၊ အယ်လ်ဘေးနီးယားရှိ ယူနီ ဆက် အနေဖြင့် အစိုးရ၊ ပုဂ္ဂလိက ကဏ္ဍနှင့် လူမှုအဖွဲ့အစည်းများနှင့်အတူ လက်တွဲ၍ ကလေးငယ်များ အတွက် လူထုဆိုင်ရာ မူဝါဒများ၊ လိုအပ်သည့် ဥပဒေပြုရေး တိုးတက်မှုများနှင့် ဥပဒေ အတည်ပြုရေးနှင့် ကာကွယ်ရေး ဝန်ဆောင်မှုများ ခိုင်မာစွာ ပူးပေါင်းဆောင်ရွက်ရေး စသည့်နယ်ပယ်များ၌ လုပ်ဆောင်လျက် ရှိကြောင်း အယ်လ်ဘေးနီးယားဆိုင်ရာ ယူနီဆက် ဋ္ဌာနေကိုယ်စားလှယ် အန်တိုနယ်လာ စကိုလန်မီရို (Antonella Scolamiero) က ပြောကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.