Connect with us

Eastern Europe

ရုရှား နိုင်ငံ သမ္မတ ပူတင် မှ ရုရှား-တရုတ် နှစ်နိုင်ငံသည် သမိုင်း ဖြစ်ရပ်မှန် များအား အတူတကွ ကာကွယ် သွားမည် ဖြစ်ကြောင်း ပြောကြား

ရုရှား နိုင်ငံ သမ္မတ ပူတင် အား မြင်တွေ့ရစဉ် (ဆင်ဟွာ)

မော်စကို ၊ စက်တင်ဘာ ၂ ရက် (ဆင်ဟွာ)

ရုရှား နိုင်ငံ သမ္မတ ပူတင်သည် တရုတ်နိုင်ငံ ပေကျင်း မြို့တွင် ကျင်းပမည့် တရုတ် နိုင်ငံ ဂျပန် ဖက်ဆစ် တော်လှန်ရေး စစ်ပွဲ နှင့် ဒုတိယ ကမ္ဘာစစ် အောင်မြင်ခြင်း နှစ် ၇၀ ပြည့် အခမ်းအနား သို့ မသွားရောက်မီ ဆင်ဟွာ သတင်းဌာန ၏ အင်တာဗျူး အားလက်ခံ ပြောကြား ရာတွင် ရုရှား-တရုတ် နှစ်နိုင်ငံသည် သမိုင်း ဖြစ်ရပ်မှန် များအား အတူတကွ ကာကွယ်သွားမည် ဖြစ်ပြီး နှစ်နိုင်ငံ အနေဖြင့် ယခု ကဲ့သို့ အခမ်းအနား ပြုလုပ်ခြင်းသည် ဤသမိုင်း ဖြစ်ရပ်မှန် များအား ကာကွယ် ဆောင်ရွက် သည့် လုပ်ဆောင်ချက် များ ဖြစ်ကြောင်း ပြောကြား ခဲ့သည်။

ရုရှား နိုင်ငံ သမ္မတ ပူတင်မှ ဤတော်လှန်ရေး အောင်ပွဲ အခမ်းအနား သည် ရုရှား-တရုတ် နှစ်နိုင်ငံ လုံးအတွက် ထူးခြားသည့် အဓိပ္ပါယ် တည်ရှိကြောင်း ၊ စစ်ပွဲအောင်မြင်မှု ရရှိရန် အတွက် ဆိုဗီယက် ပြည်ထောင်စု အနေဖြင့် ကြီးမားသည့် ပေးဆပ်မှုများ ပြုလုပ်ခဲ့ရပြီး တရုတ် ပြည်သူလူထု များသည်လည်း ကြီးမားသည့် ဆုံးရှုံးမှု နှင့် ကြုံတွေ့ ခဲ့ရ ကြောင်း ၊ နှစ်နိုင်ငံ အနေဖြင့် ထိုခေတ်ကာလ အတွင်း စစ်ပွဲ အောင်မြင်မှု ရရှိအောင် ဆောင်ရွက်ခဲ့သည့် အာဇာနည် များ၏ ခိုင်မာ ပြတ်သားသည့် စိတ်ဓာတ်အား မေ့နိုင်ကြမည် မဟုတ်ကြောင်း ၊ နှစ်နိုင်ငံ အနေဖြင့် ထိုစစ်ပွဲ အတွင်း ကျဆုံး ခဲ့သည့် အာဇာနည်များနှင့် စစ်မှုထမ်းဟောင်း များအား အမြဲတမ်း လေးစား ဂုဏ်ပြု နေမည် ဖြစ်ကြောင်း ပြောကြား ခဲ့သည်။

ထို့ပြင် ပူတင်မှ တရုတ် နိုင်ငံနှင့် ရုရှား နိုင်ငံ တို့သည် ဖက်ဆစ် ဝါဒ တော်လှန်ရေး နှင့် ဂျပန် ဖက်ဆစ် ဝါဒ တော်လှန်ရေး ၏ မဟာမိတ် နိုင်ငံများ ဖြစ်ခဲ့ကြောင်း ၊ ကျူးကျော်သူ များ၏ တိုက်ခိုက်မှု ကို ခံခဲ့ရပြီး ဆိုးရွားသည့် စစ်ပွဲတွင် ကြံ့ကြံ့ခံနိုင်ခဲ့ကာ အောင်မြင်မှု ရရှိခဲ့ပြီး ကမ္ဘာ့ရပ်ဝန်း အတွက် ငြိမ်းချမ်းသည့် လူနေမှု အသိုင်းအဝိုင်းကို ဖန်တီး ပေးနိုင်ခဲ့ကြောင်း ပြောကြား ခဲ့သည်။

ဆက်လက်၍ သမ္မတ ပူတင်မှ လက်ရှိ ဥရောပနှင့် အာရှ အတွင်းရှိ အချို့ နိုင်ငံ များသည် ဒုတိယ ကမ္ဘာစစ် သမိုင်းကြောင်းအား ပြောင်းလဲ နိုင်ရန် ကြိုးပမ်းမှု များရှိနေကြောင်း ၊ အချို့ နိုင်ငံ များမှလည်း စစ်ပွဲအတွင်း ဆောင်ရွက် ခဲ့သည့် ပြစ်မှုများကို ကောင်းမွန်သည့် ပုံစံ ဖြစ်ပေါ်လာရန် ဆောင်ရွက်နေ ပြီး နယူးယောက် စီရင်ချက်နှင့် တိုကျို စီရင်ချက် တို့၏ ဆုံးဖြတ် ချက်များကို ပြောင်းလဲ နိုင်ရန် ရန်စ ချိုးဖောက် ဆောင်ရွက်မှု များရှိ နေကြောင်း ၊ ဤသို့ ဆောင်ရွက် နေမှုသည် စစ်ပွဲ အတွင်း သေဆုံးခဲ့ရသည့် သန်းနှင့်ချီ သောကျဆုံးခဲ့သူ များ အပေါ် စော်ကားမှု တစ်ခု ဖြစ်ကြောင်း ၊ ဤသို့ ဆောင်ရွက် နေမှု များသည် နိုင်ငံရေး ကစားကွက် လုပ်ဆောင် နေခြင်းသာ ဖြစ်ပြီး နိုင်ငံ အချင်းချင်း နှင့် လူမျိုး အ ချင်းချင်း ကြား ကွဲကွာသွားရန် ဆောင်ရွက်နေ ခြင်း ဖြစ်ကြောင်း ပြောကြား ခဲ့သည်။

ပူတင်မှ ရုရှား နိုင်ငံနှင့် တရုတ် နိုင်ငံ တို့သည် ဒုတိယ ကမ္ဘာစစ် ဖြစ်ပွား ရသည့် အကြောင်းအရင်း ၊ သမိုင်းကြောင်း နှင့် ရလဒ် များအပေါ်တွင် တူညီသည့် သဘောထား များရှိကြောင်း ၊ နှစ်နိုင်ငံ ပြည်သူ များအနေဖြင့် စစ်ပွဲမှ ရရှိခဲ့သည့် သင်ခန်းစာ နှင့် အမှတ်တရ များသည် အလွန်ကြီးမား ကြောင်း ၊ ဤကြေကွဲဖွယ်ရာ သမိုင်း ဖြစ်ရပ် မှ ကျွန်တော်တို့အား ကမ္ဘာ့ အသိုက်အဝန်ကြီး အတွက် အတူတကွ တာဝန်ယူရန် သိရှိစေခဲ့ကြောင်း ၊ သူတပါးအား ဖယ်ထုတ်သည့် ဖျက်ဆီးမှု ဆောင်ရွက်ခြင်း နှင့် တစ်ကိုယ်ကောင်း ဆန်စွာ ဆောင်ရွက်ခြင်း များ၏ ဆိုးရွားသည့် ရလဒ် များကို သိရှိရန် လိုအပ်ကြောင်း ၊ ဤ အတွေးအခေါ် များသည် ဖက်ဆစ်ဝါဒ များကို ဖြစ်ပေါ်စေခဲ့သဖြင့် ကျွန်တော်တို့ အနေဖြင့် ထို အတွေးအခေါ် များ ပြန်လည် မဖြစ်ပေါ်ရန် တားဆီး ရမည် ဖြစ်ကြောင်း ပြောကြား ခဲ့သည်။ (Xinhua)