Connect with us

Eastern Europe

ရုရှား နိုင်ငံ သည် ဆီးရီးယား နိုင်ငံ အတွင်း စစ်ရေး ဆောင်ရွက်မှု များကြောင့် အမေရိကန် နိုင်ငံ မှ အံ့အားသင့် စရာများ ဖြစ်စေခဲ့

ရုရှား နိုင်ငံ မှ ဆီးရီးယား နိုင်ငံ အတွင်း လေကြောင်း တိုက်ခိုက်မှု ဆောင်ရွက်နေသော လေယာဉ် မှ ပစ်မှတ် အား မြင်တွေ့ခဲ့ရစဉ် (ဆင်ဟွာ)

ပေကျင်း ၊ အောက်တိုဘာ ၄ ရက် (ဆင်ဟွာ)

ရုရှား နိုင်ငံ မှ စက်တင်ဘာ လ ၃၀ ရက်နေ့ မှ စတင်၍ ဆီးရီးယား နိုင်ငံ အတွင်း ရှိ IS တပ်ဖွဲ့ အား အကြီးစား လေကြောင်း ဗုံးကျဲ တိုက်ခိုက်မှု များ စတင်ဆောင်ရွက် ခဲ့သည်။ ထို့ပြင် အောက်တိုဘာ လ မှ စတင်၍ ရုရှား နိုင်ငံ သည် ဆီးရီးယား နိုင်ငံ စစ်ရေး ထောက်ပံ့မှု များအား အဆက်မပြတ် တိုးချဲ့ခဲ့ပြီး ဆီးရီးယား နိုင်ငံ သို့ တင့်ကားများ ၊ တိုက်ခိုက်ရေးယာဉ် များ စသည့် စစ်လက်နက်များအပြင် စစ်ရေးအကြံပေး နှင့် နည်းပညာရှင် များပါ စေလွှတ် ပေးခဲ့ကာ လေတပ် စခန်းလည်း တည်ဆောက်ပေး ခဲ့သည်။

လေ့လာ သုံးသပ်သူများ မှလည်း အမေရိကန် နိုင်ငံ နှင့် ရုရှား နိုင်ငံ တို့မှ ဆီးရီးယား နိုင်ငံ အတွင်း IS တပ်ဖွဲ့ တိုက်ခိုက်ရေး နှင့် ပတ်သက်၍ ချိတ်ဆက်မှု များ စတင်ဆောင်ရွက် ခဲ့သော်လည်း ယခု အကြိမ် ရုရှား နိုင်ငံ ၏ ဆီးရီးယား နိုင်ငံ အတွင်း ရုတ်တရက် အင်အားသုံး တိုက်ခိုက်မှု များဆောင်ရွက်ခြင်းသည် အရှေ့အလယ်ပိုင်း အကြမ်းဖက်မှု နွံတွင်း နစ်နေသော အမေရိကန် နိုင်ငံ အတွက် အံ့အားသင့်စေခဲ့ကြောင်း သုံးသပ်ခဲ့ကြပြီး အမေရိကန် နိုင်ငံ ၏ ဆီးရီးယား နိုင်ငံ အုပ်ချုပ်သူ ကိုတွန်းလှန်၍ ၎င်းတို့၏ သြဇာ သက်ရောက်မှု တိုးချဲ့ရေး အတွက် မဟာဗျူဟာ အား ထိခိုက် စေနိုင်ကြောင်း သုံးသပ် ခဲ့ကြသည်။

အမေရိကန် နိုင်ငံ ရှိ မီဒီယာ များမှ အမေရိကန် အစိုးရ အရာရှိများ၏ ပြောဆိုမှု များကို အခြေပြု၍ ထုတ်ပြန် ခဲ့သည့် သတင်းများတွင် အမေရိကန် အနေဖြင့် ရုရှား နိုင်ငံ သည် ဆီးရီးယား အရေး နှင့် ပတ်သက်၍ ရပ်တည်မှု များ ပြောင်းလဲလာရန် မျှော်လင့်ခဲ့ကြောင်း နှင့် အမေရိကန် နိုင်ငံ ကို ထောက်ခံ၍ ဆီးရီးယား သမ္မတ Baššār ʾAsad အား ရထူးမှ ဖြုတ်ချ နိုင်ရန် မျှော်လင့်ခဲ့ကြောင်း ဖော်ပြ ခဲ့ကြသည်။

အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဂျွန်ကယ်ရီ သည် ရုရှား နိုင်ငံ ၏ ဆီးရီးယား နိုင်ငံ အပေါ် စစ်ရေး ဆောင်ရွက်မှု စတင်ခဲ့သည် ကို သိရှိခဲ့ရချိန် မှ စတင်၍ ၁၀ ရက်အတွင်း ရုရှား နိုင်ငံ ခြားရေး ဝန်ကြီးထံ သို့ ၃ ကြိမ် ဖုန်းခေါ်ဆိုမှု ပြုလုပ်ခဲ့သည်။ အမေရိကန် နိုင်ငံ နှင့် ရုရှား နိုင်ငံ တို့မှ အရာရှိ များသည် စက်တင်ဘာ ၃၀ ရက်နေ့တွင် ဆွေးနွေးမှုများ ပြုလုပ် ခဲ့သော်လည်း အမေရိကန် နိုင်ငံ အနေဖြင့် ရုရှား နိုင်ငံ ၏ ဗုံးကျဲ တိုက်ခိုက်မှု များ ဆောင်ရွက်ရန် ၁ နာရီ အလိုမှသာ သိရှိခဲ့ရသည်။

အမေရိကန် နိုင်ငံ အိမ်ဖြူတော် ပြောရေးဆိုခွင့် ရှိသူမှ သတင်းစာ ရှင်းလင်းပွဲတွင် အမေရိကန် အနေဖြင့် ရုရှား နိုင်ငံ ၏ ဆီးရီးယား အရေး နှင့် ပတ်သက်၍ မည်သည့် ရေရှည် အစီအစဉ် များရှိသည် ကို မသိရှိရကြောင်း ၊ အမေရိကန် နိုင်ငံ ကာကွယ်ရေး ဝန်ကြီးချုပ်မှလည်း ရုရှား နိုင်ငံ မှ ဆီးရီးယား နိုင်ငံ အတွင်း ဗုံးကျဲ တိုက်ခိုက်သည့် နေရာများသည် IS တပ်ဖွဲ့များ မရှိကြောင်း နှင့် ရုရှား နိုင်ငံ ၏ စစ်ရေး ဆောင်ရွက်မှု များသည် ဆီးရီးယား ပြည်တွင်း အခြေအနေ ကို ပိုမို ဆိုးရွား စေခဲ့ကြောင်း ပြောကြား ခဲ့သည်။ အမေရိကန် နိုင်ငံ ခြားရေး ဝန်ကြီး မှ ရုရှား နိုင်ငံ၏ ဆီးရီးယား နိုင်ငံ အတွင်း လေကြောင်း တိုက်ခိုက်မှု များအား အထူး အလေးထား စောင့်ကြည့် နေကြောင်း ပြောကြား ခဲ့သည်။

လေ့လာ သုံးသပ်သူ များမှ ရုရှား နိုင်ငံ ၏ ဆီးရီးယား နိုင်ငံ အတွင်း လေကြောင်း တိုက်ခိုက်မှု များသည် အမေရိကန် နိုင်ငံ အား အံအားသင့်စေခဲ့ပြီး သံသယ များလည်း ဖြစ်ပွားစေခဲ့ကြောင်း ၊ အမေရိကန် နိုင်ငံ အနေဖြင့် ရုရှား နိုင်ငံ မှ ဆီးရီးယား နိုင်ငံ အတွင်း စစ်ရေး ဆောင်ရွက်မှု ပြုလုပ်ခြင်း ကို အလေးထား ခြင်းမဟုတ်ဘဲ စစ်ရေး ဆောင်ရွက်မှု သည် ဆီးရီးယား နိုင်ငံ ရှိ အတိုက်အခံ အဖွဲ့အပေါ် ပစ်မှတ် ထားခြင်း ဟုတ်မဟုတ် ကို အလေးထားခြင်း ဖြစ်ကြောင်း ၊ အဘယ့်ကြောင့် ဆိုသော် အမေရိကန် နိုင်ငံ သည် ဆီးရီးယား နိုင်ငံ ရှိ အတိုက်အခံ အဖွဲ့ မှ ဆီးရီးယား သမ္မတ Baššār ʾAsad အား တွန်းလှန်ရန် မျှော်လင့်ထားသော ကြောင့် ဖြစ်ကြောင်း ၊ ရုရှား နိုင်ငံ ၏ အရှေ့အလယ်ပိုင်း အကြမ်းဖက်မှု တော်လှန်ရေး တွင်ပါဝင် ခဲ့ခြင်းသည် အမေရိကန် နိုင်ငံ ၏ အရှေ့အလယ်ပိုင်း အကြမ်းဖက်မှုတော်လှန်ရေး တွင် တည်နေရာ နှင့် ထိရောက်မှု ကို များစွာ အားလျော့ စေခဲ့ကြောင်း သုံးသပ် ခဲ့ကြသည်။ (Xinhua)