Connect with us

Media

အစ္စရေးနိုင်ငံက တိုက်ပွဲဝင်တင့်ကား မျိုးဆက်သစ်အား ထုတ်ဖော်ပြသ

ဂျေရုဆလမ် ၊ စက်တင်ဘာ ၂၁ ရက်(ဆင်ဟွာ)

အစ္စရေးနိုင်ငံက Merkava တိုက်ပွဲဝင်တင့်ကား မျိုးဆက်သစ်အား စက်တင်ဘာ ၁၉ ရက်၌ ထုတ်ဖော် ပြသခဲ့ပြီး ယင်းတင့်ကားတွင် ဉာဏ်ရည်တုနည်းပညာနှင့် အီလက်ထရောနစ်စနစ်ဖြင့် ထိန်းချုပ်ထားသည့် လက်နက်များ ပါရှိကြောင်း ပြောကြားခဲ့သည်။

Merkava Mark 5 တင့်ကားဟု လူသိများသည့် ယင်းတင့်ကားများအား ၂၀၂၃ ခုနှစ် နှစ်ကုန်ပိုင်းတွင် စတင်အသုံးပြုနိုင်မည်ဟု မျှော်မှန်းထားပြီး အစ္စရေးသံချပ်ကာယန္တရားတပ်ဖွဲ့၏ လက်ရှိ အဓိကမဏ္ဍိုင်အနေဖြင့် Merkava Mark 4 တင့်ကားနေရာတွင် တဖြည်းဖြည်းအစားထိုးသွားမည် ဖြစ်ကြောင်း စစ်တပ်၏ သီးခြားထုတ်ပြန်ချက်အရ သိရသည်။ (Xinhua)

………………………………
(English Version)
Israel unveils next-generation battle tank
Israel unveiled the next generation of its Merkava battle tank on Tuesday, saying that the vehicle has incorporated artificial intelligence (AI) technologies and electronically controlled weapons.
The tank, also known as the Merkava Mark 5 tank, is expected to become operational by the end of 2023 and will gradually replace the Merkava Mark 4, which currently forms the backbone of the Israeli armored corps, according to a separate statement from the military.
Xinhua News Agency correspondents reporting from Jerusalem.(XHTV)