Connect with us

Europe

ကနေဒါနိုင်ငံရှိ ပန်းခြံတစ်ခုတွင် မိန်းကလေး ၂ ဦး ပျောက်ဆုံးနေ

ကနေဒါနိုင်ငံ အွန်တာရီယိုပြည်နယ်ရှိ Algonquin ပန်းခြံတွင် ပျောက်ဆုံးနေသည့် ဆယ်ကျော်သက် မိန်းကလေး ၂ ဦး၏ဓာတ်ပုံအား တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

အော့တဝါ၊ ဇူလိုင် ၁၅ ရက် (ဆင်ဟွာ)

ကနေဒါနိုင်ငံ အွန်တာရီယိုပြည်နယ်ရှိ Algonquin ပန်းခြံတွင် လာရောက်စခန်းချလည်ပတ်နေသော အသက် ၁၆ နှစ်အရွယ် မိန်းကလေး ၂ ဦး ပျောက်ဆုံးနေသည်မှာ သုံးရက်ကြာနေပြီဖြစ်ကြောင်း အွန်တာရီယိုပြည်နယ် ရဲတပ်ဖွဲ့က ဇူလိုင်လ ၁၄ ရက်တွင် ပြောကြားလိုက်သည်။

အဆိုပါ မိန်းကလေး ၂ ဦးအား ဇူလိုင်လ ၁၁ ရက်တွင် နောက်ဆုံးတွေ့ရှိခဲ့ပြီး ၎င်းတို့ပျောက်ဆုံးနေကြောင်း ဇူလိုင်လ ၁၂ ရက်ညပိုင်းတွင် သတင်းရရှိခဲ့ခြင်းဖြစ်သည်။

ရဲတပ်ဖွဲ့က ထိုမိန်းကလေး ၂ ဦးအား ရဟတ်ယာဉ်တစ်စင်းနှင့် လေယာဉ်ပျံတစ်စင်း အပါအဝင် အကူအညီများဖြင့် ရှာဖွေလျက်ရှိကြောင်း သိရသည်။

အဆိုပါ မိန်းကလေး ၂ ဦးမှာ ပန်းခြံအတွင်း လာရောက်စခန်းချခရီးထွက်သည့်အဖွဲ့တစ်ခုမှဖြစ်ပြီး စခန်းချအတွေ့အကြုံရှိသူများလည်း ဖြစ်ကြောင်း ရဲတပ်ဖွဲ့က ကြေညာချက်တွင် ဖော်ပြထားသည်။

အွန်တာရီယိုပြည်နယ်ရဲတပ်ဖွဲ့၊ အွန်တာရီယို ရှာဖွေနှင့် ကယ်ဆယ်ရေးအသင်း၊ ပန်းခြံအစောင့်များနှင့် ဝန်ထမ်းများလည်း ရှာဖွေရေးတွင် ပါဝင်ခဲ့ကြောင်း သိရသည်။

Algonquin ပန်းခြံမှာ ၇၆၅၃ စတုရန်းကီလိုမီတာ ကျယ်ဝန်းကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.