Connect with us

Europe

ဗြိတိသျှလေကြောင်းလိုင်းမှ လေယာဉ်မှူးများ ဆန္ဒပြမည်ဟု အတည်ပြုပြီးနောက် ခရီးသည်များစွာ အဆင်မပြေမှုနှင့် ကြုံတွေ့နိုင်မည်ဟု ခန့်မှန်းထား

ဗြိတိသျှလေကြောင်းလိုင်း (British Airways) မှ လေယာဉ် တစ်စင်းအား တွေ့ရစဉ် (ဆင်ဟွာ)

လန်ဒန်၊ သြဂုတ် ၂၆ ရက် (ဆင်ဟွာ)

ဗြိတိန်နိုင်ငံရှိ အားလပ်ရက်ခရီးသွားမည့်သူများစွာသည် ဗြိတိသျှလေကြောင်းလိုင်း (British Airways) မှ လေယာဉ်မှူးများ စက်တင်ဘာလတွင် သုံးရက်ကြာဆန္ဒပြမည်ဖြစ်သောကြောင့် ခရီးစဉ်များ ပယ်ဖျက်ထားသည်ဟူသော အီးမေးလ်များ သြဂုတ်လ ၂၄ ရက်အစောပိုင်းက လက်ခံရရှိခဲ့ကြပြီး အဆင်မပြေမှုနှင့် ကြုံတွေ့နိုင်မည်ဟု ခန့်မှန်းထားကြောင်း သိရသည်။

ခရီးသည်များထံ ပေးပို့သော BA ၏ အီးမေးလ်တွင် စက်တင်ဘာလ ၉ ရက်၊ ၁၀ ရက်နှင့် ၂၇ ရက်နေ့ ခရီးစဉ်များမှာ “ကြန့်ကြာမှုများနှင့် ပယ်ဖျက်မှုများစွာ” ဖြစ်နိုင်ကြောင်း သတိပေးထားသည်။

ထို့ပြင် စက်တင်ဘာလ ၈ ရက်မှ ၁၂ ရက်အထိ ခရီးသွားမည့်သူအချို့အား ခရီးစဉ်ဖျက်သိမ်းကြောင်း၊ ဘွတ်ကင်ပြန်တင်ခြင်း (rebook) သို့မဟုတ် ငွေပြန်အမ်းခြင်း (refund) များ လုပ်ဆောင်ပေးမည်ဖြစ်ကြောင်း ပြောကြားခဲ့ပြီးဖြစ်သည်။

ဒေါသထွက်နေသည့် ခရီးသည်များစွာကလည်း ၎င်းတို့၏ အဆင်မပြေဖြစ်မှုအတွက် လေကြောင်း ကုမ္ပဏီ၏ တွစ်တာပေါ်တွင် စာပေးပို့ခဲ့ကြသည်ဟု ဆိုသည်။

ဗြိတိန်လေကြောင်းလိုင်းက လစာအငြင်းပွားမှုအား အဖြေရှာရန် အဆိုပြုချက်အား ပယ်ချခဲ့ကြောင်း ဗြိတိန်လေကြောင်းလိုင်း လေယာဉ်မှူးများအသင်း (BALPA) က ပြောခဲ့သည်။

၃ နှစ်ကျော်ကာလအတွင်း လစာ ၁၁.၅ ရာခိုင်နှုန်း တိုးမြှင့်ရေးအဆိုပြုမှုအား ပယ်ချပြီးနောက် ဆန္ဒပြမှုအား လုပ်ဆောင်ရန် အဖွဲ့ဝင် ၉၃ ရာခိုင်နှုန်းက မဲပေးခဲ့ကြောင်း အသင်းက ပြောခဲ့သည်။

ကုမ္ပဏီ၏ကြေညာချက်တွင်မူ “ယင်းသည် လုံးဝလက်ခံနိုင်စရာမရှိကြောင်း၊ Balpa က မမျှတသော ဆန္ဒပြမှု လုပ်ဆောင်ခြင်းဖြင့် ကျွန်ုပ်တို့၏ ဖောက်သည် ခရီးသည်များစွာ၏ အစီအစဉ်များအား ဖျက်ဆီးနေကြောင်း” ပြောကြားထားသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.