Connect with us

Europe

ဘရာဇီးတွင် ၂၀၁၆ ခုနှစ်အတွင်း ဝက်တုပ်ကွေးကြောင့် သေဆုံးသူ ၁,၇၇၅ ဦးရှိ

ဝက်တုပ်ကွေး ကာကွယ်ဆေးအား တွေ့ရစဉ် (ဓာတ်ပုံ- အင်တာနက်)

ရီယို ဒီ ဂျနေးရိုး၊ သြဂုတ် ၂၆ ရက် (ဆင်ဟွာ)

ဘရာဇီးနိုင်ငံတွင် H1N1 ခေါ် ဝက်တုပ်ကွေး ရောဂါ (Swine Flu) ကြောင့် သေဆုံးသူ အရေအတွက်သည် ၂၀၁၆ ခုနှစ် ဇန်နဝါရီလ ၁ ရက်မှ သြဂုတ်လ ၁၃ ရက်အကြား သေဆုံးသူ ၁,၇၇၅ ဦးရှိခဲ့ကြောင်း ကျန်းမာရေး ဝန်ကြီးဋ္ဌာနက သြဂုတ်လ ၂၅ ရက်က ပြောကြားခဲ့သည်။

အချက်အလက်များအရ ကမ္ဘာ့ ကျန်းမာရေး အဖွဲ့အစည်းက ဝက်တုပ်ကွေးအား ကပ်ရောဂါ တစ်ခုအဖြစ် ကြေညာခဲ့သည့် ၂၀၀၉ ခုနှစ်ကတည်းက အဆိုပါ ဗိုင်းရပ်စ်ကြောင့် သေဆုံးမှုများအား အမြင့်ဆုံး အဆင့် အဖြစ် ဘရာဇီးက စောင့်ကြည့်နေကြောင်း ထိုရောဂါကြောင့်ပင် ထိုနှစ်က သေဆုံးသူ ၂,၀၆၀ ဦး ရှိကြောင်း သိရသည်။

ဘရာဇီးနိုင်ငံ၏ လူနေ သိပ်သည်းသော ဆော်ပိုလိုမြို့တွင် သေဆုံးသူ အများဆုံးရှိခဲ့ပြီး ၇၃၇ ဦး၊ နိုင်ငံတောင် ပိုင်းရှိ ပါရာနာပြည်နယ်၌ ၂၀၆ ဦးနှင့် ရီယို ဂရန်ဒီ ဒို ဆူးလ်တွင် ၁၈၂ ဦး အသီးသီး သေဆုံးမှုများ ရှိခဲ့ကြောင်း သိရသည်။ယခုနှစ် သေဆုံးမှု အရေအတွက်သည် ၂၀၁၅ ခုနှစ်တွင် သေဆုံးခဲ့သည့် အရေအတွက်ထက် ၃၆ ဦးနှင့် ၂၀၁၄ ခုနှစ်တွင် သေဆုံးခဲ့သည့် ၁၆၃ ဦးတို့ထက်များစွာ ကျော်လွန်ခဲ့သည်ဟု သိရသည်။ဝက်တုပ်ကွေး၏ ရောဂါ လက္ခဏာ အရ အဆိုပါ ဗိုင်းရပ်စ်သည် ဝက်မှ လူသို့ ကူးစက်ခြင်း ဖြစ်ပြီး ကိုယ်အပူချိန် ၃၉ ဒီဂရီ ကျော်လွန်ခြင်း၊ ချောင်းဆိုးခြင်း၊ ခေါင်းကိုက်ခြင်း၊ ကြွက်သားနှင့် အဆစ်အမြစ် ကိုက်ခဲခြင်းနှင့် မျက်စိ ကျိန်းစပ်ခြင်း စသည့် လက္ခဏာများ တွေ့ရလေ့ရှိသည်။

ဗိုင်းရပ်စ် ပျံ့နှံခြင်းအား ထိန်းချုပ်နိုင်ရန် ဘရာဇီး ပြည်နယ်များ၌ ကာကွယ်ဆေးထိုးခြင်း လုပ်ငန်းများ၊ အထူး သဖြင့် ကိုယ်ဝန်ဆောင်များ၊ ကလေးနှင့် သက်ကြီးရွယ်အိုများ ပါဝင်သည့် လူနေထူထပ်သည့် ဒေသများအား သီးခြား ဦးတည်ချက်ထားကာ ဆောင်ရွက်ခြင်း စသည့် လုပ်ငန်းများအား အရှိန်မြှင့်တင်ခြင်းများ လုပ်ဆောင်ခဲ့ သည်။


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117