Connect with us

Europe

မော်စကိုမြို့ ရှိ ဘဏ်တစ်ခုတွင် ပြန်ပေးဆွဲထားသည့် ဓါးစာခံများ ပြန်လည်လွတ်မြောက်လာ

ပြန်ပေးဆွဲမှုဖြစ်ပွားခဲ့သည့် ဘဏ်အနီးသို့ လုံခြုံရေး တပ်ဖွဲ့များရောက်ရှိလာစဉ် (ဆင်ဟွာ)

မော်စကို၊ သြဂုတ် ၂၅ ရက် (ဆင်ဟွာ)

ရုရှားနိုင်ငံ မော်စကိုမြို့ရှိ ဘဏ်တစ်ခု၌ ပြန်ပေးဆွဲမှုဖြစ်ပွားခဲ့ပြီး နောက်ပိုင်းတွင် ပြန်ပေးဆွဲမှုတရားခံ လက်နက်ချအညံ့ခံခဲ့၍ ဘဏ်အတွင်းမှ ဓါးစာခံလေးဦးစလုံး ပြန်လည်လွတ်မြောက်လာခဲ့ကြောင်း ပြည်တွင်းမီဒီယာ များ က သြဂုတ် ၂၄ တွင်ဖော်ပြခဲ့သည်။

ကနဦးရရှိသည့် သတင်းအချက်အလက်များအရ ပြန်ပေးဆွဲသမားသည် အသက် ၆၁နှစ်အရွယ် Aram Petrosyan အမည်ရှိ စီးပွားရေးလုပ်ငန်းရှင်တစ်ဦး ဖြစ်ပြီး ၎င်းသည် သြဂုတ် ၂၄ရက် ညနေပိုင်းတွင် မော်စကိုမြို့ Bolshaya Nikitskaya လမ်း ရှိ Citibank ၏ ဘဏ်ခွဲတစ်ခုအတွင်းသို့ ၎င်း၏ ရင်ဘတ်၌ သေတ္တာတစ်လုံးကို သိုင်းချည်လျက် ဝင်ရောက်လာပြီး အသေခံဖောက်ခွဲမှု ပြုလုပ်မည်ဟု ခြိမ်းခြောက်ခဲ့ကြောင်း သိရသည်။
ဘဏ်ဝန်ထမ်းလေးဦးအား ဓါးစာခံအဖြစ် ဖမ်းဆီးခဲ့ပြီး နောက်ပိုင်းတွင် ဓါးစာခံ အမျိုးသမီးနှစ်ဦး ပြန်လည်လွတ်မြောက်လာခဲ့ကြောင်း သိရသည်။
ရဲတပ်ဖွဲ့က ဘဏ်အား နာရီများစွာ ဝိုင်းထားပြီးနောက်တွင် ပြန်ပေးဆွဲသမားသည် လက်နက်ချအညံ့ခံခဲ့ပြီး ၎င်းကိုယ်၌ တပ်ဆင်ထားသည့် သေတ္တာဘူးမှာလည်း ဗုံးအစစ်မဟုတ်ပဲ ဗုံးအတုသာဖြစ်ကြောင်း စစ်ဆေးတွေ့ရှိခဲ့သည်။
ပြန်ပေးသမားအား စစ်ဆေးမေးမြန်းရန်အတွက် ခေါ်ဆောင်သွားပြီး ပြန်ပေးဆွဲမှု နောက်ကွယ်မှ လှုပ်ရှားမှုကိုမသိရှိသေးကြောင်းသိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.