Connect with us

Europe

ယူကရိန်းနိုင်ငံ ၏ ပါလီမန်ရွေးကောက်ပွဲတွင်လက်ရှိသမ္မတ၏ ပါတီက ဦးဆောင်နေ

ပါလီမန်ရွေးကောက်ပွဲရလဒ်အားကြေညာနေစဉ် (ဆင်ဟွာ)

ကီးယက်ဗ်၊ ဇူလိုင် ၂၂ ရက် (ဆင်ဟွာ)

ယူကရိန်းနိုင်ငံ လက်ရှိသမ္မတ ဗိုလော့ဒီမာ ဇယ်လန်းစကီး (Volodymyr Zelensky) ၏ ပါတီသည် သတ်မှတ်အချိန်ထက်စော၍ ကျင်းပခဲ့သည့် ပါလီမန်ရွေးကောက်ပွဲတွင် ဦးဆောင်လျက်ရှိကြောင်း ယူကရိန်းနိုင်ငံ၏ ဗဟိုရွေးကောက်ပွဲကော်မရှင်က ဇူလိုင် ၂၂ ရက်တွင် ပြောကြားခဲ့သည်။

သမ္မတ ၏ ပြည်သူ့အလုပ်သမားပါတီမှ ကိုယ်စားလှယ်လောင်းများသည် မဲဆန္ဒနယ် ၉၉ခုတွင် မဲရလဒ်ဦးဆောင်နေပြီး မဲရလဒ် ၄၂ ရာခိုင်နှုန်းဖြင့် အနိုင်ရရှိရန် ကနဦးမဲရေတွက်မှုအရသိရကြောင်း ကော်မရှင်ကဆိုသည်။

အတိုက်အခံပါတီဖြစ်သော For Life ပါတီ က မဲ၁၂ ရာခိုင်နှုန်းကျော်ဖြင့် ဒုတိယ နေရာ၌ရပ်တည်နေကြောင်း သိရသည်။ (Xinhua)