Connect with us

Europe

ပရီးမီးယားလိဂ်တွင် မန်စီးတီးအသင်း ပထမဆုံးရှုံးပွဲ ကြုံတွေ့

လီဗာပူးအသင်း နှင့် မန်စီးတီးအသင်း တို့ ယှဉ်ပြိုင်နေမှုအားတွေ့ ရစဉ်(ဓာတ်ပုံ-အင်တာနက်)

လန်ဒန် ၊ ဇန်နဝါရီ ၁၅ ရက်(ဆင်ဟွာ)

ဇန်နဝါရီလ ၁၄ ရက်က ယှဉ်ပြိုင်ကစားခဲ့သော အင်္ဂလန်ပရီးမီးယားလိဂ်ပွဲစဉ်တစ်ခုတွင် မန်စီးတီးအသင်းသည် လီဗာပူးအသင်းအား ၄ဂိုး-၃ဂိုးဖြင့် အရေးနိုမ့်ခဲ့ပြီး ယခုနှစ်ဘောလုံးရာသီအတွက် ပထမဆုံး ရှုံးပွဲဖြင့် ရင်ဆိုင်ခဲ့ရသည်။

ပွဲစပြီး ၆ မိနစ်အကြာတွင် လီဗာပူးအတွက် အဖွင့်ဂိုးကို ချိန်ဘာလိန် (Alex Oxlade-Chamberlain) ကသွင်းယူပေးခဲ့သည်။ သို့သော် ပထမပိုင်းပြီးခါနီးတွင် မန်စီးတီးအသင်းမှ Leroy Sane က အသင်းအတွက် ချေပရဂိုးတစ်ဂိုး သွင်းယူပေးခဲ့သည်။

လီဗာပူးအသင်းသည် ဒုတိယပိုင်းပွဲကစားချိန်တွင် ၃ ဂိုးဆက် သွင်းယူနိုင်ခဲ့သဖြင့် မန်စီးတီးအသင်းအား ၄ ဂိုး- ၁ ဂိုးဖြင့် ဦးဆောင် နိုင်ခဲ့သည်။ သို့သော် ဒုတိယပိုင်း ပွဲပြီးခါနီးတွင် မန်စီးတီးက ချေပဂိုးတစ်ဂိုး နှင့် နာကျင်အချိန်ပိုတွင် နောက်ထပ် ချေပဂိုးတစ်ဂိုး သွင်းယူနိုင်ခဲ့သဖြင့် ပွဲအပြီးတွင် လီဗာပူးအသင်းက မန်စီးတီးအား ၄ဂိုး-၃ ဂိုးဖြင့် အနိုင်ရခဲ့သည်။

မန်စီးတီးအသင်းသည် ယခုပွဲတွင် အရေးနိုမ့်ခဲ့သော်လည်း အမှတ်ပေးဇယားတွင် ဒုတိယနေရာမှ မန်ချက်စတာယူနိုက်တတ်အား ၁၅ မှတ်ဖြတ်၍ ဦးဆောင်ထားနိုင်ကြောင်း သိရသည်။ မန်ယူအသင်းသည် ယနေ့ညတွင် စတုတ်စီးတီးအသင်း နှင့် ယှဉ်ပြိုင်ကစားရန် ရှိနေပြီး လီဗာပူးအသင်းသည် အဆိုပါနိုင်ပွဲကြောင့် ပရီးမီးယားလိဂ်၌ တတိယ နေရာထိ တက်လှမ်းနိုင်ခဲ့သည်။

အဆိုပါနိုင်ပွဲနှင့်ပတ်သက်၍ လီဗာပူးအသင်း မန်နေဂျာ ဂျာဂန်ကလော့က “ ဒါဟာ နှစ်ပေါင်း ၂ဝ အတွင်း သမိုင်းဝင်နိုင်ပွဲပါပဲ။ ဘာကြောင့်လဲဆိုတော့ မန်စီးတီးအသင်းဟာ ဒီရာသီမှာ ဘယ်အသင်းကိုမှ မရှုံးနိုမ့်ထားပါဘူး” ဟုပြောကြားခဲ့သည်။

မန်ချက်စတာစီးတီးအသင်း နည်းပြ ဂွါဒီယိုလာက “ လီဗာပူးရဲ့ နိုင်ပွဲအတွက် ဂုဏ်ပြုပါတယ်။ ပွဲက ကျွန်တော်တို့လက်ထဲမှာ ၁ဂိုး-၁ဂိုး နဲ့ရှိနေပေမယ့် ရုတ်တရက်ဆိုသလို ၄ဂိုး-၁ဂိုး ထိ ဖြစ်သွားတယ်” ဟု ပြောကြားခဲ့သည်။

“ ဒုတိယဂိုးသွင်းပြီးတဲ့နောက်မှာ သူတို့အသင်းဟာ နောက်ထပ် ၂ ဂိုးကို မိနစ်အနည်းငယ်အတွင်းမှာပဲ ထပ်မံသွင်းယူနိုင်ခဲ့ပါတယ်။ အဲဒီမှာ ကျွန်တော်တို့ချေပဂိုးပြန်ရဘို့ခက်ခဲသွားတာပါ” ဟု ဆက်လက်ပြောကြားခဲ့သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.