Connect with us

Europe

တရုတ်နိုင်ငံ အမျိုးသားပြည်သူ့ကွန်ဂရက် အမြဲတမ်းကော်မတီ ဥက္ကဋ္ဌ ကျန်းတယ်ကျန်း နှင့် ဆားဘီးယားနိုင်ငံ သမ္မတ တို့တွေ့ဆုံ

တရုတ်နိုင်ငံ အမျိုးသားပြည်သူ့ကွန်ဂရက် (NPC) အမြဲတမ်းကော်မတီ ဥက္ကဋ္ဌ ကျန်းတယ်ကျန်း(ဝဲ)နှင့် ဆားဘီးယားနိုင်ငံ သမ္မတ Aleksandar Vucic (ယာ) တို့ ဘယ်ဂရိတ်မြို့၌ ဇူလိုင် ၁၈ရက်က တွေ့ဆုံစဉ် (ဆင်ဟွာ)

ဘယ်ဂရိတ်၊ ဇူလိုင် ၂၀ (ဆင်ဟွာ)

တရုတ်နိုင်ငံ အမျိုးသားပြည်သူ့ကွန်ဂရက် (NPC) အမြဲတမ်းကော်မတီ ဥက္ကဋ္ဌ ကျန်းတယ်ကျန်း နှင့် ဆားဘီးယားနိုင်ငံ သမ္မတ Aleksandar Vucic တို့သည် ဇူလိုင် ၁၈ ရက်တွင် တွေ့ဆုံခဲ့ပြီး နှစ်နိုင်ငံအကြား ဆက်ဆံရေး ခိုင်မြဲလာစေရန် နှင့် ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုကျယ်ပြန့်စွာ ဆောင်ရွက်နိုင်ရေးအတွက် သဘောတူခဲ့ကြောင်း သိရသည်။

အဆိုပါ တွေ့ဆုံဆွေးနွေးပွဲအတွင်း ကျန်းတယ်ကျန်းက Vucic အား တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်မှ နှုတ်ခွန်းဆက်စကား ပြောကြားလိုက်ပါကြောင်း တစ်ဆင့်ပြန်လည်ပြောကြားခဲ့သည်။

ကျန်း က သမိုင်းတစ်လျှောက်တွင် နှစ်နိုင်ငံ ပြည်သူများ မျိုးစေ့ချ ဆောင်ရွက်ခဲ့သည့် ကာလရှည် ဆက်ဆံရေးအား အလွန် တန်ဖိုးထားပါကြောင်း ၊ ယမန်နှစ် က တရုတ်သမ္မတ ရှီ၏ ဆားဘီးယားခရီးစဉ်အတွင်း နှစ်နိုင်ငံအကြား ဘက်စုံမဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေးကို တည်ထောင်နိုင်ခဲ့ကြောင်း ပြောကြားခဲ့သည်။

ထို့အပြင် Vucic သည် ပေကျင်းမြို့တွင် မေလ၌ ကျင်းပခဲ့သည့် နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ခေတ်သစ်ပိုးလမ်းမကြီး နှီးနှောဖလှယ်ပွဲသို့ တက်ရောက်ခဲ့ပြီး နှစ်နိုင်ငံဆက်ဆံရေး ပိုမိုနက်ရှိုင်းလာစေမှု နှင့် win-win ပူးပေါင်းဆောင်ရွက်မှု ဆိုင်ရာ ကိစ္စရပ်များတွင် အရေးကြီးသော သဘောတူညီချက်များစွာ ရရှိခဲ့ကြောင်း သိရသည်။

ဆားဘီးယားနိုင်ငံ သမ္မတ Aleksandar Vucic က တရုတ်သမ္မတ ရှီကျင့်ဖိန် ထံ ဆုတောင်းမေတ္တာ ပို့သပါကြောင်း ကျန်းအားပြောကြားခဲ့ပြီး တရုတ်နိုင်ငံ နှင့် ဆားဘီးယားနိုင်ငံ တို့သည် ယုံကြည်စိတ်ချရသော သူငယ်ချင်းကောင်း နှင့် မိတ်ဖက်ကောင်းများဖြစ်ကြောင်း နှင့် နှစ်နိုင်ငံ ပြည်သူများသည် ရိုးသားဖြောင့်မှန်ပြီး ခိုင်မြဲသောဆက်ဆံရေးကို နှစ်သက်သဘောကျကြကြောင်းပြောကြားခဲ့သည်။

ကျန်းတယ်ကျန်းသည် ဆားဘီးယားနိုင်ငံသို့ ဇူလိုင် ၁၆ ရက်တွင် တရားဝင် အလည်အပတ်ခရီးစဉ် ရောက်ရှိလာခဲ့ပြီး ၎င်း၏ သုံးရက်တာခရီးစဉ် အတွင်း ဆားဘီးယားနိုင်ငံဝန်ကြီးချုပ် Ana Brnabic နှင့် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ Maja Gojkovic တို့နှင့်လည်းတွေ့ဆုံခဲ့ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.