Connect with us

Europe

ရုရှား နိုင်ငံ အနောက်ပိုင်းတွင် ယာဉ်မတော်တဆမှု ဖြစ်ပွားရာ ၅ ဦး သေဆုံး ပြီး ၇ ဦး ဒဏ်ရာရရှိ

ယာဉ် တိုက်မှု ဖြစ်ပွား ခဲ့သည့် ရုရှား နိုင်ငံ အနောက်ပိုင်း Kursky ဒေသ အား မြင်တွေ့ရစဉ်(ဓာတ်ပုံ-google maps)

မော်စကို ၊ ဇူလိုင် ၂၀ ရက် (ဆင်ဟွာ)

ရုရှား နိုင်ငံ အနောက်ပိုင်း Kursk Oblast ပြည်နယ် တွင် ဇူလိုင်လ ၁၉ ရက်နေ့၌ ယာဉ်တိုက်မှု တစ်ရပ် ဖြစ်ပွား ခဲ့ပြီး ၅ ဦး သေဆုံးကာ ၇ ဦး ဒဏ်ရာရရှိမှု ဖြစ်ပွား ခဲ့သည်။

ရုရှား နိုင်ငံပိုင် သတင်းဌာန ၏ ဖော်ပြချက်တွင် ဒေသစံတော်ချိန် ဇူလိုင်လ ၁၉ ရက် ညပိုင်း ၇ နာရီ မိနစ် ၃၀ အချိန်ခန့်တွင် Kursk Oblast ပြည်နယ် Kursky ဒေသ ရှိ လမ်းတစ်ခု တွင် ခရီးသည် ၉ ဦး တင်ဆောင်လာသည့် ခရီးသည်တင်ယာဉ်တစ်စင်း နှင့် အခြား လူ ၃ ဦး လိုက်ပါလာသည့် ကား တစ်စင်း တို့မှ မျက်နှာချင်းဆိုင် တိုက်မှု ဖြစ်ပွား ခဲ့သောကြောင့် ကလေးငယ် ၄ ဦး အပါအဝင် လူ ၅ ဦး သေဆုံးခဲ့ပြီး ၇ ဦး ဒဏ်ရာရရှိစေခဲ့ကြောင်း ရေးသား ဖော်ပြခဲ့သည်။

သတင်းဖော်ပြချက် များအရ Kursk Oblast ပြည်နယ် တွင် ဖြစ်ပွား ခဲ့သော ယာဉ်တိုက်မှု မှ ဒဏ်ရာရရှိသူ များကို လက်ရှိချိန်တွင် ဆေးရုံ သို့ ပိုဆောင်ပေးနိုင်ခဲ့ပြီး ဖြစ်ကြောင်း သိရှိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.