Connect with us

Europe

နယူးဇီလန် နိုင်ငံ တွင် အရက်မူးယစ်စဉ် ကားမောင်းနှင်မှု မပြုလုပ်နိုင်ရန် တားဆီး ပေးမည့် ကိရိယာ တပ်ဆင် သွားမည်

“အရက်သော့ခတ်ခြင်း” (Alcohol Lock) ကိရိယာ အားမြင်တွေ့ရစဉ်(ဓာတ်ပုံ-အင်တာနက်)

ဝယ်လ်လင်တန် ၊ သြဂုတ် ၉ ရက်(ဆင်ဟွာ)

နယူးဇီလန် နိုင်ငံ သယ်ယူ ပို့ဆောင်ရေးဌာန လက်ထောက် ဌာနမှူး Craig Foss မှ သြဂုတ်လ ၉ ရက်နေ့က နယူးဇီလန် နိုင်ငံ အနေဖြင့် မကြာမီ ကာလ အတွင်း အရက် အလွန်အကျွံ သောက်စားပြီး မူးယစ် မောင်းနှင်မှု ပြုလုပ်သည့် ယာဉ်မောင်း ကားများ ၏ကားတွင် “အရက်သော့ခတ်ခြင်း” (Alcohol Lock) ကို တွန်းအားပေး တပ်ဆင် စေခြင်းဖြင့် မူးယစ် မောင်းနှင်မှု မှ တစ်ဆင့် ဖြစ်ပွားနိုင်သည့် ယာဉ်လမ်းကြောင်း အန္တရာယ် ကို လျှော့ချ သွားမည် ဖြစ်ကြောင်း ထုတ်ပြန် ခဲ့သည်။

“အရက်သော့ခတ်ခြင်း” (Alcohol Lock) ဆိုသည် မှာ ကားစက်နိုးသည့် စနစ်တွင် ယာဉ်မောင်းသူ ၏ အသက်ရှူလေတွင် အရက် ပါဝင်မှု နှုန်း တိုင်းတာသည့် စက်နှင့် ချိတ်ဆက်ထား ခြင်းဖြစ်ပြီး ယာဉ်မောင်း အနေဖြင့် အရက်ပါဝင်မှု နှုန်း တိုင်းတာသည့် စက်တွင် အရက်ပါဝင်ကြောင်း စမ်းသပ်တွေ့ရှိ ပါက ကားစက်နိုးသည့် စနစ်ကို အလုံးစုံ ပိတ်လိုက်မည် ဖြစ်သည်။“အရက်သော့ခတ်ခြင်း” (Alcohol Lock) သည် ၂၀၁၂ ခုနှစ် စက်တင်ဘာ တွင် စတင် ပေါ်ပေါက်ခဲ့ပြီး တရားရုံး အနေဖြင့် အရက်မူးယစ် မောင်းနှင်မှု ကျူးလွန်သူ၏ အခြေအနေပေါ် မူတည်ပြီး ထိုပြစ်ဒဏ်မျိုး ချမှတ် ခဲ့သော်လည်း အတင်းအကျပ် ဆောင်ရွက်ခြင်း မဟုတ် ခဲ့သောကြောင့် ပြစ်မှု ကျူးလွန်သူ အတွင်းမှ ၂ ရာခိုင်နှုန်းကို သာ ထို ပြစ်ဒဏ် မျိုး ပြုလုပ် နိုင်ခဲ့သည်။

“အရက်သော့ခတ်ခြင်း” (Alcohol Lock) ကိရိယာ အားမြင်တွေ့ရစဉ်(ဓာတ်ပုံ-အင်တာနက်)
Foss က နယူးဇီလန် တွင် အရက်သေစာသောက်စားမူးယစ် မောင်းနှင်မှုကြောင့် နှစ်စဉ် လူ ၇၇ ဦးသေဆုံးကာ လူ ၄၃၆ ဦး အပြင်းအထန် ဒဏ်ရာရရှိခဲ့ပြီး လူ၁၂၅၂ ဦး အသေးစား ဒဏ်ရာရရှိခဲ့ကြောင်း ၊ ယခု ကဲ့သို့ “အရက်သော့ခတ်ခြင်း” (Alcohol Lock) ပြစ်ဒဏ်ပေးခြင်းဖြင့် အရက်မူးယစ် မောင်းနှင်မှု ထပ်မံ မဖြစ်ပွားရန် ၆၀ ရာခိုင်နှုန်း လျှော့ချ နိုင်မည် ဖြစ်ပြီး အရက်သေစာသောက်စားမူးယစ် မောင်းနှင်မှု ကြောင့် ဖြစ်ပွားသည့် ယာဉ်မတော်တဆ မှု ကို ထိရောက်စွာ လျှော့ချ နိုင်မည် ဖြစ်ကြောင်း ပြောကြား ခဲ့သည်။
ယခု ထုတ်ပြန် လိုက်သည့် ကြေညာချက်အရ နယူးဇီလန်တွင် ၅ နှစ်အတွင်း အရက်မူးယစ် မောင်းနှင်မှု ၂ ကြိမ် ကျူးလွန် သူ နှင့် သတ်မှတ် စံနှုန်းထက် ၃.၂ ဆ အထက် ပိုမို တွေ့ရှိသူ တို့အား “အရက်သော့ခတ်ခြင်း” (Alcohol Lock) ပြစ်ဒဏ် ကို ချမှတ် တော့မည်ဖြစ်သည်။ “အရက်သော့ခတ်ခြင်း” (Alcohol Lock) ပြစ်ဒဏ် ချမှတ် ခံရသူသည် ထိုစက်ကိရိယာ ပြောင်းလဲ တပ်ဆင်ရာတွင် ကုန်ကျစရိတ် အမေရိကန် ဒေါ်လာ ၁၇၁၀ မှ ၂၀၀၀ ခန့် ကိုလည်း တာဝန်ယူရမည် ဖြစ်သည်။ နယူးဇီလန် အစိုးရ အနေဖြင့် ယခု စီမံကိန်း တွန်းအားပေး အကောင်အထည် ဖော်ရန် အတွက် အမေရိကန် ဒေါ်လာ ၂.၈၅ သန်း ဘတ်ဂျက် ကို ချပေး ခဲ့သည်။
“အရက်သော့ခတ်ခြင်း” (Alcohol Lock) ပြစ်ဒဏ် ကျခံရသူ အနေဖြင့် ပြစ်ဒဏ် မှ လွတ်မြောက်ရန် ၆ လ အတွင်း “ပြစ်မှု” ကျူးလွန်ခြင်း မရှိကြောင်း ဖော်ပြ နိုင်ရမည် ဖြစ်သည်။ အဆိုပါ “ပြစ်မှု” ဆိုသည်မှာ ကားစက်နိုး စနစ်တွင် အရက် တိုင်းတာစက် ကို ကျော်လွန် ဆောင်ရွက်ခြင်း နှင့် အခြားသော နည်းလမ်း များ မပြုလုပ် ခဲ့သည် ကို ဖော်ပြ နိုင်ရမည် ဖြစ်သည်။ စည်းကမ်း လိုက်နာမှု ကောင်းမွန်ပါက ၃ လ အတွင်း ပြစ်ဒဏ် မှ လွတ်မြောက် နိုင်သည်။ ပြစ်ဒဏ် မှ လွတ်မြောက်ပြီးလျှင် အရက်ကင်းစင် ယဉ်မောင်းလိုင်စင် ကိုင်ဆောင်ရမည် ဖြစ်ပြီး ထို လိုင်စင်မျိုး ကိုင်ဆောင်သော ယဉ်မောင်းများသည် ၃ နှစ်အတွင်း အသက်ရှူလေ နှင့် သွေးအတွင်းမှ အရက်ပါဝင်နှုန်းကို တိုင်းတာတွေ့ရှိပါက ပြစ်မှု ကျူးလွန်ရာ ရောက်ပါသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.