Connect with us

Europe

ပေါ်တူဂီ ဂီတပွဲတော်တစ်ခုတွင် မူးယစ်ဆေးဝါးရောင်းချသူ၁၁ဦးအား ထိန်သိမ်း

ပေါ်တူဂီနိုင်ငံဘီဂျာမြို့တွင် ကျင်းပသည့် MEO Sudoeste ဂီတပွဲတော် အားတွေ့ရစဉ် (ဓါတ်ပုံ-အင်တာနက်)

လစ်ဘွန်း၊ သြဂုတ် ၉ ရက် (ဆင်ဟွာ)

ပေါ်တူဂီနိုင်ငံ လစ်ဘွန်းမြို့ တောင်ပိုင်း ၁၇၀ကီလိုမီတာ အကွာခန့်ရှိ ဘီဂျာမြို့တွင် ကျင်းပသည့် MEO Sudoeste ဂီတပွဲတော်အတွင်း မူးယစ်ဆေးဝါးရောင်းချသူ အသက် ၂၁ နှစ် မှ ၂၈ နှစ်ကြားရှိ လူငယ် ၁၁ဦးအား ဖမ်းဆီးထိန်းသိမ်းခဲ့ကြောင်း အမျိုးသား လုံခြုံရေး တပ်ဖွဲ့ က သြဂုတ် ၈ ရက်တွင်ပြောကြားခဲ့သည်။

အဆိုပါ ဖမ်းဆီးမှု အတွင်း ကိုကင်း နှင့် ဆေးခြောက်များအပါအဝင် အခြားမူးယစ်ဆေးဝါးများအား တစ်ခါသုံး အထုပ်ဖြင့် ၆၀၆ထုပ်၊ ဆွဲဆန့်နိုင်သည့် တုတ်တစ်ချောင်း နှင့် ငွေသား ၆၅၈ ယူရို အား သိမ်းဆည်းရမိခဲ့သည်။
MEO Sudoeste ဂီတပွဲတော် အား သြဂုတ်လ ၃ ရက်မှ ၇ ရက်အထိ ကျင်းပခဲ့ပြီး လူ ၂၀၀,၀၀၀ခန့်လာရောက်အားပေးခဲ့ကြကြောင်း သိရသည်။
မူးယစ်ဆေးဝါးရောင်းဝယ်မှုများ ရှိခဲ့သော်လည်း ဂီတပွဲတော်အတွင်း ဆူပူမှုများမရှိခဲ့သည့်အတွက် ပွဲစီစဉ်သူများ အား ကျေးဇူးတင်ရှိပါကြောင်း အမျိုးသား လုံခြုံရေး တပ်ဖွဲ့က ပြောကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.