Connect with us

Europe

ရုရှား နိုင်ငံ တွင် ဘတ်စ်ကားငယ် တစ်စင်း နှင့် ကုန်တင်ကား တိုက်မှု ဖြစ်ပွား ခဲ့ရာ လူပေါင်း ၉ ဦး သေဆုံး

ယဉ်တိုက်မှု ဖြစ်ပွား ခဲ့သည့် ရုရှား နိုင်ငံ Leningrad ပြည်နယ် အား မြင်တွေ့ရစဉ်(ဓာတ်ပုံ-အင်တာနက်)

မော်စကို ၊ ဖေဖော်ဝါရီ ၇ ရက် (ဆင်ဟွာ)

ရုရှား နိုင်ငံ Leningrad ပြည်နယ် ရှိ အဝေးပြေး လမ်းမပေါ် တွင် ဖေဖော်ဝါရီ ၆ ရက်နေ့ က ဘတ်စ်ကားငယ် တစ်စင်း နှင့် ကုန်တင်ကား တို့ တိုက်မှု ဖြစ်ပွား ခဲ့ရာ လူပေါင်း ၉ ဦး သေဆုံး ခဲ့ပြီး တစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

ဒေသတွင်း လမ်းပန်းဆက်သွယ်ရေး ဌာန ၏ ထုတ်ပြန်ချက်အရ အခင်း ဖြစ်ပွားစဉ် ဘတ်စ်ကား ပေါ်တွင် ယဉ်မောင်း အပါအဝင် လူ ၉ ဦး လိုက်ပါခဲ့ရာ အားလုံး သေဆုံးခဲ့ရပြီး ကုန်တင်ကား ယဉ်မောင်း အနေဖြင့် အနည်းငယ် ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

ကနဦး စစ်ဆေးချက်အရ အခင်းဖြစ်ပွားစဉ် ဘတ်စ်ကားငယ် က လမ်းပြောင်းပြန် မောင်းနှင်လာခဲ့ရာ ကုန်တင်ကား နှင့် ခေါင်းချင်းဆိုင် တိုက်မိခဲ့ရာ ဘတ်စ်ကားငယ် မှ ဆိုးရွားစွာ ပျက်စီး သွားခဲ့ကြောင်း သိရှိရသည်။

လက်ရှိချိန်တွင် ရုရှား နိုင်ငံ Leningrad ပြည်နယ် ရဲတပ်ဖွဲ့ က ယဉ်တိုက်မှု နှင့် ပတ်သက်၍ စုံစမ်းစစ်ဆေးမှုများ ဆက်လက် ဆောင်ရွက်နေကြောင်း သိရှိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.