Connect with us

Europe

နောက်ဆုံး မဲရလဒ်များအရ အီးယူမှ ဗြိတိန် ခွဲထွက်မည့် ဘက်က အနိုင်ရ

ဆန္ဒမဲ လာရောက်ပေးသည့် ဗြိတိန်ဝန် ကြီးချုပ် ဒေးဗစ် ကင်မရွန်းနှင့် ဇနီးအား တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

လန်ဒန်၊ ဇွန် ၂၄ ရက် (ဆင်ဟွာ)

ဗြိတိန် ဆန္ဒခံယူပွဲ တရားဝင် နောက်ဆုံး မဲရလဒ်များအရ ခွဲထွက်ရေးဘက်က မဲအနိုင်ရရှိခဲ့ပြီး နိုင်ငံပေါင်း ၂၈ နိုင်ငံ ပါဝင်သည့် ဥရောပသမဂ္ဂ မှ ဗြိတိန် ခွဲထွက်ရန် အတွက် တွန်းအားတစ်ခု ဖြစ်လာကြောင်း Sky News သတင်းဋ္ဌာနက ဖော်ပြခဲ့သည်။

မဲအရေအတွက် အားလုံး နီးပါး ရေတွက်ပြီးချိန်၌ တရားဝင် ရလဒ်များအရ ဗြိတိန်နိုင်ငံသား ၁၇ သန်းကျော်သည် အီးယူမှ ခွဲထွက်ရေး အတွက် ဆန္ဒမဲပေးခဲ့ပြီး ၁၆ သန်း ဝန်းကျင်သည် အီးယူ၌ ဆက်ရှိနေရေး အတွက် ဆန္ဒမဲပေးခဲ့ကြောင်း ပြည်တွင်း မီဒီယာများ၏ ဖော်ပြချက်အရ သိရသည်။
ဗြိတိန်နိုင်ငံသည် ဥရောပသမဂ္ဂ၏ နှစ် ၆၀ သမိုင်းကြောင်း အတွင်း ပထမဆုံး နှုတ်ထွက်သည့် နိုင်ငံ တစ်နိုင်ငံ ဖြစ်လာကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.