Connect with us

Europe

ဘော့စနီးယားနှင့် ဟာဇီဂိုဗီးနားနိုင်ငံ အဝေးပြေးလမ်းမကြီးစီမံကိန်းအား တရုတ် နိုင်ငံ ကုမ္ပဏီလုပ်ငန်းမှ တာဝန်ယူ စတင်ဆောင်ရွက်ပေး

ဘော့စနီးယားနှင့် ဟာဇီဂိုဗီးနားနိုင်ငံ Pan-european 5C စင်္ကြံ အဝေးပြေးလမ်းမကြီး ၊Čapljina စီမံကိန်း စတင်ခြင်းဖွင့်ပွဲအခမ်းအနားအား တွေ့ရစဉ်(ဆင်ဟွာ)

ခါပယ်လ်ဂျီနား၊နိုဝင်ဘာ ၂၃ ရက်(ဆင်ဟွာ)

ဘော့စနီးယားနှင့် ဟာဇီဂိုဗီးနားနိုင်ငံ  Pan-european 5C စင်္ကြံ အဝေးပြေးလမ်းမကြီး ၊Čapljina စီမံကိန်းအား China State Construction Engineering Corporation (CSCEC)နှင့် Power Construction Corporation of China(POWERCHINA)မှ နိုဝင်ဘာ ၂၂ ရက်မှစ၍ စတင်တာဝန်ယူတည်ဆောက်ပေးပြီဖြစ်ကြောင်း သိရသည်။

အဆိုပါ အဝေးပြေးလမ်းမကြီး စီမံကိန်းတွင် ၁ ကီလိုမီတာနီးပါးရှိသော တံတားကြီးပါဝင်မည်ဖြစ်ပြီး  လမ်း၏ စုစုပေါင်း အရှည်မှာ ၁၁ ကီလိုမီတာခန့် ရှိကြောင်း ၊ POWERCHINAမှ တံတားကြီးကို လည်းကောင်း ၊CSCECမှ ကျန်လမ်းအပိုင်းကိုလည်းကောင်း တာဝန်ယူတည်ဆောက်ပေးမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါစီမံကိန်းသည် တရုတ်ကုမ္ပဏီလုပ်ငန်းမှ ဘော့စနီးယားနှင့် ဟာဇီဂိုဗီးနားနိုင်ငံတွင် တာဝန်ယူတည်ဆောက်သည့် ပထမဆုံး အဝေးပြေးလမ်းမကြီးနှင့်တံတားကြီးဖြစ်ပြီး ၎င်းနိုင်ငံ နှင့် ဥရောပ သမဂ္ဂအကြား Third party cooperationအနေဖြင့် ပါ၀င်ပူးပေါင်းဆောင်ရွက်ခြင်းဖြစ်သည်။ 

Pan-european 5C စင်္ကြံ အဝေးပြေးလမ်းမကြီးစီမံကိန်းသည် ဘော့စနီးယားနှင့် ဟာဇီဂိုဗီးနားနိုင်ငံကို ဖြတ်သန်းကာ ဟန်ဂေရီနိုင်ငံ မြို့တော် ဘူဒါပတ်စ်နှင့် ခရိုအေးရှားနိုင်ငံ ပလို့စ်ဆိပ်ကမ်းကို ဆက်နွယ်ပေးမည်ဖြစ်ကြောင်း သိရသည်။

စီမံကိန်းစတင်ခြင်းအခမ်းအနား ဖွင့်ပွဲတွင် ဘော့စနီးယားနှင့် ဟာဇီဂိုဗီးနားနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး ကျိဖိန်က ယခုကဲ့သို့စီမံကိန်းကို အကောင်အထည်ဖော်နိုင်ခြင်းမှာ တရုတ်ကုမ္ပဏီလုပ်ငန်းများ၏ စွမ်းရည်အပြင် ရပ်ဝန်းနှင့်ပိုးလမ်းမစီမံကိန်း တရုတ်-အရှေ့အလယ်ပိုင်း ဥရောပနိုင်ငံများ ပူးပေါင်းဆောင်ရွက်မှုနှင့် ဂလိုဘယ်လ်လိုက်ဇေးရှင်းကြောင့်ဖြစ်ကြောင်း  ပြောကြားခဲ့သည်။

ဘော့စနီးယားနှင့် ဟာဇီဂိုဗီးနားနိုင်ငံ   လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ရားရှီလ်ကလည်း    ဘော့စနီးယားနှင့် ဟာဇီဂိုဗီးနားနိုင်ငံ တောင်ပိုင်းသည် ခရီးသွားအရင်းအမြစ်ပေါကြွယ်ဝသောကြောင့် စီမံကိန်းကြီးပြီးဆုံးသွားပါက ၎င်းဒေသစီးပွားရေးဖွံ့ဖြိုးမှုကို မြှင့်တင်ပေးနိုင်မည်ဖြစ်ပြီး ဒေသခံများ သွားလာဆက်သွယ်ရေးနှင့်ကုန်သွယ်ရေးများ အဆင်ပြေချောမွေ့သွားရန် တွန်းအားဖြစ်စေမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.