Connect with us

Europe

မော်လ်ဒိုဗာနိုင်ငံတွင် ကလေး ၁၁ ဦးနှင့်အထက် မွေးဖွားသည့် မိခင် လေးဦး ဂုဏ်ပြုခံရ

ဘူခါရက်စ်၊ ဒီဇင်ဘာ ၃၁ ရက် (ဆင်ဟွာ)

ကလေး ၁၁ ဦးနှင့်အထက် မွေးဖွားခဲ့သည့် မိခင် လေးဦးကို မော်လ်ဒိုဗာနိုင်ငံ သမ္မတ Igor Dodon က ဒီဇင်ဘာလ ၃၀ ရက်က ဂုဏ်ထူးဆောင်ဘွဲ့ အပ်နှင်းလိုက်ကြောင်း သိရသည်။

ဂုဏ်ထူးဆောင်ဘွဲ့ ရရှိသည့် မိခင် လေးဦးအနက် နှစ်ဦးက ကလေး ၁၁ ဦးစီ မွေးဖွားခဲ့ပြီး ကျန် နှစ်ဦးက ကလေး ၁၂ ဦးနှင့် ၁၃ ဦး အသီးသီး မွေးဖွားခဲ့ကြောင်း မော်ဒိုဗာနိုင်ငံ မြို့တော် Chisinau ရှိ သမ္မတရုံး သတင်းပြန်ကြားရေးလုပ်ငန်းက ကြေညာခဲ့သည်။၎င်းတို့၏ မိသားစု ဘဝ တည်ဆောက်နိုင်ခြင်းနှင့် လူမှုရေး တာဝန်သိသော မိသားစု တစ်စုအဖြစ် ဖန်တီးနိုင်ခြင်းအား အကူအညီပေးသည့် အနေဖြင့် ယခုလို ဆုပေးအပ်ရခြင်း ဖြစ်ကြောင်း သတင်းများက ဆိုသည်။လူဦးရေ များပြားလှသည့်အတွက် ကျန်းမာရေးအရလည်း စိုးရိမ်ဖွယ် ပြဿနာ ဖြစ်ပွားနိုင်သည့်အတွက် ယင်း မိသားစုများအား အထူး အာရုံစိုက်ခြင်းနှင့် ငွေကြေး ထောက်ပံ့ခြင်းများ ပြုလုပ်သွားမည် ဖြစ်ကြောင်း သမ္မတ Dodon က အခမ်းအနား မိန့်ခွန်း၌ ထည့်သွင်း ဖော်ပြထားသည်။၎င်း၏ အဆိုအရ နိုင်ငံအတွင်း၌ တစ်နှစ်အတွင်း ကလေး တစ်ဦးမျှ မွေးဖွားခြင်း မရှိသည့် ကျေးရွာများလည်း ရှိကြောင်း သိရသည်။သားသမီး မြောက်မြားစွာရှိသည့် ထို မိသားစုများအတွက် ဥပဒေကြောင်းအရ ထောက်ပံ့မှုများပေးအပ်သွားမည် ဖြစ်ကြောင်း သမ္မတက ပြောကြားခဲ့သည်။ သမ္မတ Igor Dodon သည် လွန်ခဲ့သော သီတင်းပတ်ကမှ သမ္မတ အဖြစ် တာဝန်ယူခဲ့သူ ဖြစ်သည်။ (Xinhua)