Connect with us

Europe

ရုရှားနိုင်ငံ ခရက်စ်နာရက်စ်ခ်ဒေသရှိ ရေလှောင်တာတမံပြိုကျမှုကြောင့် သေဆုံးသူ ၁၃ ဦးအထိရှိလာ

ရုရှားနိုင်ငံ ခရက်စ်နာရက်စ်ခ်ဒေသ ခူရာဂင်စကီးခရိုင်တွင် ရေလှောင်တာတမံပြိုကျမှုဖြစ်ပွားပြီးနောက် ကယ်ဆယ်ရေးအဖွဲ့များ ရောက်ရှိလာကြစဉ် (ဆင်ဟွာ)

မော်စကို၊ အောက်တိုဘာ ၁၉ ရက် (ဆင်ဟွာ)

ရုရှားနိုင်ငံ ခရက်စ်နာရက်စ်ခ်ဒေသ ခူရာဂင်စကီးခရိုင်တွင် ရေလှောင်တာတမံပြိုကျမှုကြောင့် သေဆုံးသူ ၁၃ ဦးအထိရှိလာပြီဖြစ်ကြောင်း ဒေသခံမီဒီယာက အောက်တိုဘာ ၁၉ ရက်တွင် သတင်းဖော်ပြခဲ့သည်။

“သေဆုံးသူ ၁၃ ဦးရှိတယ်လို့ အတည်ပြုထားပါတယ်” ဟု ရုရှားနိုင်ငံ အရေးပေါ်ဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ်၏ ပြောကြားချက်အား ကိုးကား၍ ရုရှားသတင်းအေဂျင်စီများက ဖော်ပြထားသည်။

အဆိုပါ ဝန်ကြီးဌာန၏ ဒေသဆိုင်ရာရုံးမှ အစောပိုင်းပြောကြားချက်အရ ရွှေ-သတ္တုတွင်းကုမ္ပဏီ၏ ရေလှောင်ကန်တစ်ခုရှိ တာတမံမှာ အောက်တိုဘာ ၁၉ ရက် နံနက်ပိုင်းက ပြိုကျကာ ယာယီအလုပ်သမား အဆောင် ၂ ခု ရေလွှမ်းမိုးသွားခဲ့ကြောင်း သိရသည်။

ဆည်ပြိုကျမှုကြောင့် လူ ၄၄ ဦးဒဏ်ရာရရှိပြီး အခြားသူ ၁၃ ဦး၏အခြေအနေများကို မသိရသေးဟု နောက်ဆုံးရရှိထားသည့် အချက်အလက်အရ သိရသည်။

ရုရှားနိုင်ငံ ခရက်စ်နာရက်စ်ခ်ဒေသ ခူရာဂင်စကီးခရိုင်တွင် ရေလှောင်တာတမံပြိုကျမှုဖြစ်ပွားပြီးနောက် ကယ်ဆယ်ရေးအဖွဲ့များ ရောက်ရှိလာကြစဉ် (ဆင်ဟွာ)

ယင်းဖြစ်ရပ်ဖြစ်ပွားရာနေရာ၌ သဘာဝဘေးအန္တရာယ် လျော့ပါးရေးလုပ်ဆောင်မှုများအတွက် အနီးဝန်းကျင်ဒေသများမှ ကယ်ဆယ်ရေးသမားများ စေလွှတ်ခဲ့ကြောင်း ဝန်ကြီးဌာနက ဆိုသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.