Connect with us

Europe

လူနေထိုင်နိုင်မည့် ဂြိုဟ် ၃ ခု သိပ္ပံပညာရှင်များ ရှာဖွေ တွေ့ရှိ

ကြယ်ပတ် လမ်းကြောင်း အတွင်း တွေ့ရှိရသည့် ဂြိုဟ်များ (ဓာတ်ပုံ- အင်တာနက်)

လန်ဒန်၊ မေ ၃ ရက် (ဆင်ဟွာ)

ကမ္ဘာဂြိုဟ်မှ အလင်းနှစ်ပေါင်း ၄၀ အကွာရှိ အလင်းရောင် မှုန်မွှားမွှားရှိ ကြယ်တစ်လုံး၏ ကြယ်ပတ်လမ်း အတိုင်း ပတ်နေသည့် ကမ္ဘာဂြိုဟ် အရွယ်အစားရှိ ဂြိုဟ်သုံးခုအား သိပ္ပံပညာရှင်များက ရှာဖွေ တွေ့ရှိခဲ့ရာ ကမ္ဘာဂြိုဟ် ပြင်ပ၌ အသက်ရှင် နေထိုင်ရန် အကောင်းဆုံး နေရာ တစ်ခုအား ရှာဖွေ တွေ့ရှိခဲ့ပြီ ဖြစ်ကြောင်း ကိမ်းဘရစ်ချ် တက္ကသိုလ်မှ သိပ္ပံ ပညာရှင်များက မေလ ၂ ရက်က ကြေညာ လိုက်သည်။

“ဒီရှာဖွေတွေ့ရှိမှုဟာ သုတေသန ပြုလုပ်နိုင်ဖို့ နေရာသစ်တစ်ခု ပွင့်သွား သလိုပါပဲ” ဟု ကိမ်းဘရစ်ချ် တက္ကသိုလ် Cavendish ဓာတ်ခွဲခန်းမှ ပရော်ဖက်ဆာ Didier Queloz က ပြောသည်။
TRAPPIST- 1 အမည်ရှိ အဆိုပါ ကြယ်အား ကြည့်ရန် ချီလီနိုင်ငံရှိ ဥရောပ တောင်ပိုင်း နက္ခတ်တာရာကြည့် မျှော်စင်ရှိ အဝေးကြည့် မှန်ပြောင်းအား အသုံးပြုခဲ့ရသည်။
ယင်းကြယ်သည် ပုံမှန်ထက် အရောင် မှေးမှိန်နေပြီး မြောက်မြားစွာသော အရာဝတ္ထုများသည် ကမ္ဘာဂြိုဟ်နှင့် ကြယ်အကြား ကူးသန်းခြင်း သို့မဟုတ် ဖြတ်သန်း လျက်ရှိကြောင်း တွေ့ရှိခဲ့ပြီး အသေးစိတ် လေ့လာ ဆန်းစစ်မှု များတွင်မူ ကမ္ဘာဂြိုဟ်နှင့် အရွယ်အစား တူညီသည့် ဂြိုဟ် သုံးခု ဖြစ်ကြောင်း တွေ့ရှိခဲ့သည်။
TRAPPIST- 1 သည် အလွန်အေးစက်သည့် ကြယ်ငယ်လေး တစ်ခုဖြစ်ပြီး နေ၏ အပူချိန်ထက်များစွာ အေးသလို အရောင်မှာ ပိုနီကြောင်းနှင့် အရွယ်အစားမှာ ဂျူပီတာထက် အနည်းငယ်သာ ကြီးကြောင်း သိရသည်။
ယင်းကြယ်မှာ ကမ္ဘာမှ အလင်းနှစ်ပေါင်း ၄၀ သာ ကွာဝေးသော်လည်းပဲ အရောင်မှာ မှေးမှိန်လွန်းပြီး နီရဲနေ သည့်အတွက် သာမာန်မျက်လုံး သို့မဟုတ် အပျော်တမ်း အဝေးကြည့်မှန်ပြောင်းဖြင့် ကြည့်ပါက မမြင်ရပေ။
“ဒါကို ရှင်းရှင်းလင်းလင်း မတွေ့ရှိခင်ကတော့ ကမ္ဘာနဲ့ အရွယ်အစားတူတဲ့ ကြယ်ငယ်လေး အဖြစ်သာ ရှိနေပြီး ဘယ်သူမှ လေးလေးနက်နက် မလေ့လာခဲ့ကြဘူး၊ ဒါပေမဲ့ အခုတော့ ဒါဟာ ပြောင်းလဲသွားခဲ့ပါပြီ” ဟု Queloz က ပြောသည်။
အဆိုပါ ကြယ်ငယ်လေး ဝန်းကျင်ရှိ စနစ်များမှာ လက်ရှိ နည်းပညာများဖြင့် လူများ အသက်ရှင် နေထိုင်နိုင် သည့် နေရာတစ်ခုသာ ဖြစ်ကြောင်း ပရော်ဖက်ဆာ Didier Queloz နှင့်အတူ ယခု ရှာဖွေတွေ့ရှိချက် အသစ် စာတမ်းအား ပူးတွဲ ရေးသားခဲ့သူ ဘယ်လ်ဂျီယံနိုင်ငံရှိ Liege တက္ကသိုလ်မှ မိုက်ကယ် ဂီလ်လန်က ပြောသည်။
စြင်္ကာဝဠာ အတွင်း အခြားနေရာ၌ နေထိုင်လိုပါက မည်သည့်နေရာတွင် နေထိုင်မည်နည်း ဆိုသည်ကို စတင် စဉ်းစားနိုင်ပြီ ဖြစ်ကြောင်း ၎င်းက ဖြည့်စွက် ပြောကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.