Connect with us

Europe

ဗြိတိန် တော်ဝင်မင်းသမီးလေး ရှားလော့ ရရှိသော မွေးနေ့လက်ဆောင်များ ထုတ်ဖော်ပြသ

မင်းသမီးလေး ရှားလော့အား ဖခင်ဖြစ်သူ ကိမ်းဘရစ်ချ်မြို့စား မင်းသား ဝီလျံနှင့် အတူ တွေ့ရစဉ် (ဆင်ဟွာ)

လန်ဒန်၊ မေ ၄ ရက် (ဆင်ဟွာ)

ဗြိတိန် တော်ဝင် မင်းသမီးလေး ရှားလော့ အဲလိဇဘတ် ဒိုင်ယာနာ (Charlotte Elizabeth Diana) ၏ မေလ ၂ ရက်တွင် ကျရောက်သည့် ပထမဆုံး မွေးနေ့ အား နိုင်ငံပေါင်း ၆၄ နိုင်ငံမှ ပေးပို့ခဲ့သည့် ဆုတောင်းစာများနှင့် ခမ်းနား ထည်ဝါလှသော လက်ဆောင်များ လက်ခံ ရရှိခဲ့သည်။

ကိမ်းဘရစ်ချ် မြို့စား မင်သား ဝီလျံနှင့် မြို့စားကတော် ကိတ်မစ်ဒယ်လ်တန်တို့၏ သမီးတော် မင်းသမီးလေး ရှားလော့၏ မွေးနေ့အတွက် တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်က “Dream of the Red Chamber” အမည်ရှိ သော ၁၉ ရာစုနှစ်က တရုတ် ဝတ္ထုများ၌ ပါဝင်သည့် ပိုးသား ရုပ်တု တစ်စုံအား လက်ဆောင်ဖြစ် ပြီးခဲ့သည့်နှစ် အောက်တိုဘာလက ၎င်း၏ ဗြိတိန်နိုင်ငံ တရားဝင် ချစ်ကြည်ရေး ခရီးစဉ်အတွင်း ပေးအပ်ခဲ့ကြောင်း ကန်ဆင် တန် နန်းတော်၏ တရားဝင် ပြောကြားချက်အရ သိရသည်။
နယူးဇီလန်နိုင်ငံမှ တက်ဒီ ဝက်ဝံရုပ်များ၊ စောင်များနှင့် သိုးမွှေးဖြင့် ပြုလုပ်ထားသော လက်ဆောင် ပစ္စည်းများ လက်ဆောင်ပေးခဲ့သလို မက္ကဆီကိုနိုင်ငံကလည်း ငွေရောင် ဂျောက်ဂျက် ကစားစရာ တစ်ခု မွေးနေ့ လက်ဆောင် ပေးပို့ခဲ့သည်။
အမေရိကန် သမ္မတ ဘားရတ် အိုဘားမား ဉာဏ်စမ်း အရုပ်ဆက် ကစားစရာ တစ်ခုနှင့် ဘိုအမည် ရှိသည့် အိမ်ဖြူတော်က ခွေးပုံသဏ္ဍာန် ပြုလုပ်ထားသော ခွေးရုပ်လေး တစ်ရုပ် လက်ဆောင်ပေးခဲ့သည်။
ထို့ပြင် သြစတြေးလျ အစိုးရ၏ နူးညံ့ပြီး အမွှေးရှည်သော Tasmanian သိုးမှ ထုတ်လုပ်ထားသည့် ကလေးအိပ် ကုတင်သုံး စောင် တစ်ထည်၊ ဗြိတိန်နိုင်ငံ ဝန်ကြီးချုပ် ဒေးဗစ် ကင်မရွန်း၏ ဒဏ္ဍာရီ နတ်သမီး ဟန်စ် ခရစ္စတီယန် အန်ဒါဆန်၏ ပုံတူ၊ ကနေဒါ ဝန်ကြီးချုပ် ဂျက်စတင် ထရူဒေါ်က ပေးပို့သည့် နှင်းကာ ဝတ်စုံနှင့် စာအုပ် တစ်အုပ် စသည်များအား မွေးနေ့လက်ဆောင်အဖြစ် မင်းသမီးလေး ရှားလော့က ရရှိခဲ့ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.