Connect with us

Europe

တရုတ်- အီတလီ ရဲများ အီတလီတွင် ပူးတွဲ ကင်းလှည့်ခြင်း စတင်

တရုတ်နှင့် အီတလီ ရဲအရာရှိများအား မေလ ၂ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ရောမ၊ မေ ၃ ရက် (ဆင်ဟွာ)

တရုတ်နှင့် အီတလီမှ ရဲအရာရှိများသည် တရုတ်- အီတလီ သဘောတူညီချက် အရ ရောမနှင့် မီလန်မြို့များတွင် ပူးတွဲ ကင်းလှည့်ခြင်း အစီအစဉ်အား ပူးပေါင်း လုပ်ဆောင်ကြမည် ဖြစ်ကြောင်း မေလ ၂ ရက်က ကြေညာ ခဲ့သည်။

ယင်းအစီအစဉ်အရ အီတလီ နိုင်ငံ အလယ်ပိုင်းရှိ ရောမမြို့နှင့် အီတလီ မြောက်ပိုင်းရှိ စီးပွားရေး အချက်အခြာ မြို့ဖြစ်သော မီလန် မြို့များ၌ တရုတ်၊ အီတာလျံနှင့် အင်္ဂလိပ် ဘာသာစကားများ ပြောဆိုနိုင်သည့် တရုတ်အရာရှိ နှစ်ဦးစီက ကမ္ဘာလှည့် ခရီးသည်များ သွားလာသည့် ဧရိယာများတွင် ကင်းလှည့်သွားမည် ဖြစ်ပြီး မေလ ၂ ရက်မှ စတင်ကာ နှစ်ပတ်ကြာမည် ဖြစ်သည်။
ရောမနှင့် မီလန်ရှိ ယူနီဖောင်းများ ဝတ်ဆင်ထားသည့် တရုတ်နှင့် အီတလီ ရဲအရာရှိများသည် အီတလီသို့ ရောက်ရှိနေသည့် တရုတ် ခရီးသွားများ အတွက် လုံခြုံရေး ပေးသွားမည် ဖြစ်ကြောင်း အီတလီနိုင်ငံ ပြည်ထဲရေး ဝန်ကြီး အန်ဂျဲလီနို အယ်ဖာနိုက အီတလီနိုင်ငံ၌ နှစ်နိုင်ငံ တာဝန်ရှိသူများ ပူးတွဲ ပြုလုပ်သည့် သတင်းစာရှင်း လင်းပွဲတွင် ပြောကြားခဲ့သည်။
အခြား သဘောတူညီမှုများနှင့်အတူ နှစ်နိုင်ငံ ပူးပေါင်း ဆောင်ရွက်မှုများ ပိုမို လုပ်ဆောင်နိုင်ရန်နှင့် အီတလီနိုင်ငံရှိ အခြားမြို့များတွင်လည်း တိုးချဲ့ သွားရန်ရှိကြောင်း ပြည်ထဲရေး ဝန်ကြီးက ပြောသည်။
ထိုသို့ ကနဦး လုပ်ဆောင်မှုများနှင့် ပတ်သက်၍ အီတလီ နိုင်ငံသားများကိုလည်း ရှင်းပြထားပြီး ဖြစ်ကြောင်း ယင်း အဖွဲ့သည် အီတလီ နိုင်ငံအတွင်းရှိ တရုတ် ခရီးသွားများနှင့် အီတလီ နိုင်ငံသားများ အပါအဝင် ပြည်သူ အားလုံးကို လုံခြုံ စိတ်ချစေမည် ဖြစ်ကြောင်း အယ်လ်ဖာနိုက ဆင်ဟွာသို့ ပြောသည်။
တရုတ်နိုင်ငံ အများပြည်သူ လုံခြုံရေး ဝန်ကြီးဋ္ဌာန၊ နိုင်ငံတကာ ပူးပေါင်း ဆောင်ရွက်မှု ဋ္ဌာန၏ ညွှန်ကြားရေးမှူး ချုပ်နှင့် အပြည်ပြည်ဆိုင်ရာ ရဲတပ်ဖွဲ့၏ ပေကျင်းရှိ အမျိုးသား ဗဟိုဗျူရို လက်ထောက် အကြီးအကဲ Liao Jinrong က တရုတ်နှင့် အီတလီ နှစ်နိုင်ငံ ပူးပေါင်း ဆောင်ရွက်မှုမှာ အလားအလာကောင်းသည့် ရလဒ် ဖြစ်ကြောင်း ပြောကြားခဲ့သည်။
အဆိုပါ ကမ္ဘာလှည့် ခရီးသည်များ အတွက် နှစ်နိုင်ငံ ပူးတွဲ ကင်းလှည့်ခြင်း အစီအစဉ်အား ၂၀၁၄ ခုနှစ်က နှစ်နိုင်ငံ သဘောတူခဲ့ခြင်း ဖြစ်ပြီး ဥရောတွင် အီတလီသည် တရုတ်နှင့် ထိုကဲ့သို့ အရေးပါသည့် ပူးပေါင်း ဆောင်ရွက်ခြင်း လုပ်ဆောင်သည့် ပထမဆုံး နိုင်ငံလည်း ဖြစ်သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.