Connect with us

Europe

ဥရောပသမဂ္ဂက ယခုနှစ် နွေရာသီတွင် အရွယ်ရောက်ပြီးသူ ၇၀ ရာခိုင်နှုန်းအား COVID-19 ရောဂါ ကာကွယ်ဆေး ထိုးနှံမှုပြီးစီးနိုင်ရန် ကြိုးပမ်းဆောင်ရွက်နေ

၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ ၁၉ ရက်၌ အီးယူ နှင့် အဖွဲ့ဝင် နိုင်ငံခေါင်းဆောင်များ အီးယူ ဗီဒီယို ကွန်ဖရန့် ထိပ်သီးအစည်းအဝေး တက်ရောက်ခဲ့ကြစဉ် (ဓာတ်ပုံ-ဥရောပသမဂ္ဂ)

ဘရပ်ဆဲလ် ၊ ဇန်နဝါရီ ၂၀ ရက် (ဆင်ဟွာ) ဘာသာပြန်/စိုးမိုး

ဥရောပသမဂ္ဂ (အီးယူ) အဖွဲ့ဝင်နိုင်ငံများအနေဖြင့် COVID-19 ရောဂါ ကာကွယ်ဆေးထိုးနှံပေးသည့် လုပ်ငန်းအား ပိုမိုလျင်မြန်စွာ ဆောင်ရွက်သွားပြီး ယခုနှစ် နွေရာသီတွင် အရွယ်ရောက်ပြီးသူ ၇၀ ရာခိုင်နှုန်းအား ကာကွယ်ဆေးထိုးနှံမှုပြီးစီးနိုင်အောင် ဆောင်ရွက်သွားကြရန် ဇန်နဝါရီ ၁၉ ရက်၌ ထုတ်ပြန်ခဲ့သည့် အကြံပြုချက်တွင် ဥရောပကော်မရှင်က တိုက်တွန်းပြောကြား ခဲ့သည်။

အကြံပြုချက်တွင် ယခုနှစ် မတ်လ၌ အီးယူအဖွဲ့ဝင်နိုင်ငံများအနေဖြင့် ၈၀ ရာခိုင်နှုန်းသော ကျန်းမာရေးစောင့်ရှောက်မှု ဝန်ထမ်းများနှင့် အနည်းဆုံး ၈၀ ရာခိုင်နှုန်းသော အသက် ၈၀ အထက် သက်ကြီးရွယ်အိုများအား COVID-19 ရောဂါ ကာကွယ်ဆေး ထိုးနှံပေးပြီးရမည်ဖြစ်ကာ ယခုနှစ် နွေရာသီတွင် အနည်းဆုံး ၇၀ ရာခိုင်နှုန်းသော အရွယ်ရောက်ပြီးသူများအား COVID-19 ရောဂါ ကာကွယ်ဆေး ထိုးနှံမှုပြီးစီးရမည် ဖြစ်ကြောင်း ၊ ဥရောပကော်မရှင် ၊ အီးယူအဖွဲ့ဝင်နိုင်ငံများ ၊ ဥရောပ ဆေးဝါးအေဂျင်စီ နှင့် ဆေးဝါးထုတ်လုပ်သည့် လုပ်ငန်းကုမ္ပဏီများအနေဖြင့် အနီးကပ် ပူးပေါင်းဆောင်ရွက်သွားရမည်ဖြစ်ပြီး ကာကွယ်ဆေး ထုတ်လုပ်မှု နှင့် ထောက်ပံ့မှုကို လျင်မြန်စွာ မြှင့်တင်သွားရမည်ဖြစ်ကြောင်း ၊ ဥရောမကော်မရှင် က အီးယူအဖွဲ့ဝင် နိုင်ငံအသီးသီးနှင့် ပူးပေါင်းဆောင်ရွက်နေပြီး တပြေးညီတူညီသော COVID-19 ရောဂါ ကာကွယ်ဆေး ထိုးနှံပြီးစီးထားသည့် ထောက်ခံချက်လက်မှတ်ကို ဒီဇိုင်းရေးဆွဲဆောင်ရွက်နေကြောင်း ပါဝင်ခဲ့သည်။
ဥရောပကော်မရှင်က COVID-19 ရောဂါ ကာကွယ်ဆေးထိုးနှံသည့်လုပ်ငန်း လျင်မြန်စွာ ဆောင်ရွက်ကြရန် တွန်းအားပေးသည့် တစ်ချိန်တည်းတွင် အီးယူ အဖွဲ့ဝင်နိုင်ငံအသီးသီး အနေဖြင့် ကပ်ရောဂါ ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများကို ဆက်လက်ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း ၊ မလိုအပ်ဘဲ ခရီးထွက်ခြင်းကို လျှော့ချခြင်း ၊ တစ်ဦးနှင့်တစ်ဦး သတ်မှတ်အကွာအဝေးတွင် နေထိုင်ခြင်း နှင့် ရောဂါကူးစက်ခံရသူ၏ ကူးစက်ခံရမှုအရင်းအမြစ်ရှာဖွေခြင်း စသည်တို့ကို ဆက်လက်ပြုလုပ်သွားရမည်ဖြစ်ကြောင်း ထုတ်ပြန်ခဲ့သည်။

ထို့ပြင် ဥရောပကော်မရှင် က အီးယူ အဖွဲ့ဝင်နိုင်ငံများအနေဖြင့် COVID-19 ကူးစက်ခံရကြောင်း စစ်ဆေးတွေ့ရှိခဲ့သည့် စမ်းသပ်မှု နမူနာများ၏ ရောဂါပိုး မျိုးရိုးဗီဇအစီအစဉ်ကို စစ်ဆေးသည့်လုပ်ငန်းအား ချက်ချင်းတိုးချဲ့ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း ၊ အတတ်နိုင်ဆုံး အဆိုပါရောဂါ ကူးစက်ခံရကြောင်း စစ်ဆေးတွေ့ရှိခဲ့သည့် နမူနာများ၏ မျိုးရိုးဗီဇစစ်ဆေးသည့် လုပ်ငန်းအား ၅ ရာခိုင်နှုန်း မှ ၁၀ ရာခိုင်နှုန်းအထိ မြှင့်တင် ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း ၊ လက်ရှိချိန်တွင် အီးယူအဖွဲ့ဝင် နိုင်ငံများ အနေဖြင့် ဆောင်ရွက်နေသည့် ပမာဏမှာ တစ်ရာခိုင်နှုန်းမျှတောင် မရှိသောကြောင့် ရောဂါပိုး Strain နှင့် ရောဂါပိုး ဗီဇပြောင်းလဲမှု အခြေအနေကို တွေ့ရှိနိုင်ရန် ခက်ခဲကြောင်း ၊ ခုခံအားကို လျင်မြန်စွာ စမ်းသပ်နိုင်မှုစွမ်းရည်ကိုလည်း ရှေ့ဆက်မြှင့်တင်သွားနိုင်ရန် ဆောင်ရွက်စေလိုကြောင်း တိုက်တွန်းပြောကြားခဲ့သည်။

လစ်သူယေးနီးယား နိုင်ငံသမ္မတရုံး ၏ ဇန်နဝါရီ ၁၉ ရက် ထုတ်ပြန်ကြေညာချက်အရ လစ်သူယေးနီးယား ၊ လတ်ဗီးယား နှင့် အက်စ်တိုးနီးယား နိုင်ငံ ၃ နိုင်ငံခေါင်းဆောင်တို့က အီးယူ ခေါင်းဆောင်ထံသို့ ပူးတွဲစာ ပေးပို့ခဲ့ပြီး စာထဲတွင် အီးယူ အနေဖြင့် လျင်မြန်စွာ ဆောင်ရွက်မှုများ ပြုလုပ်ကာ COVID-19 ရောဂါ ကာကွယ်ဆေးထိုးနှံပေးသည့် လုပ်ငန်း လျင်မြန်ထိရောက်စွာ ဆောင်ရွက်နိုင်ရန် တိုက်တွန်းခဲ့ကြောင်း သိရှိရသည်။

အီးယူ ခေါင်းဆောင်ထံသို့ ပေးပို့ခဲ့သည့် ပူးတွဲစာတွင် လစ်သူယေးနီးယားနိုင်ငံသမ္မတ Gitanas Nausėda ၊ လတ်ဗီးယားနိုင်ငံဝန်ကြီးချုပ် Arturs Krišjānis Kariņš နှင့် အက်စ်တိုးနီးယားနိုင်ငံ ဝန်ကြီးချုပ် Jüri Ratas တို့က COVID-19 ရောဂါ ကာကွယ်ဆေး၏ လူ့အသက်အား ကယ်တင်နိုင်မှု ၊ အကန့်အသတ်များအား ဖြေလျှော့ပေးနိုင်မှု နှင့် စီးပွားရေးရေရှည်တိုးတက်အောင် ပြန်လည်ထူထောင်ရေး အပေါ် အရေးပါမှုတို့ကို အထူးပြောကြားခဲ့ပြီး အီးယူ အနေဖြင့် COVID-19 ရောဂါ ကာကွယ်ဆေး ထုတ်လုပ်နိုင်မှုစွမ်းရည်ကို မြှင့်တင်သွားကာ တာဝန်ရှိစွာဖြင့် အီးယူ အဖွဲ့ဝင် နိုင်ငံများ၏ ကာကွယ်ဆေးထိုးနှံပေးသည့် လုပ်ငန်းကို ညှိနှိုင်းဆောင်ရွက်ပေးသွားရန် တိုက်တွန်းခဲ့ကြောင်း သိရှိရသည်။ (Xinhua)
——————————————–
(Chinese Version)
(国际疫情)欧盟力争今夏为七成成年人完成新冠疫苗接种
2021-01-20 11:20:04 分类: 其他
  新华社布鲁塞尔1月19日电(记者李骥志)欧盟委员会19日发布一份建议文件,呼吁欧盟成员国加快新冠疫苗接种速度,力争在今年夏季完成70%成年人的接种工作。
  按照该文件规划,到今年3月,欧盟各成员国应完成80%卫生护理人员的新冠疫苗接种,至少80%的80岁以上老年人群应接种新冠疫苗;到今年夏季,则应至少为70%的成年人完成疫苗接种。欧盟委员会、欧盟成员国、欧洲药品管理局将与制药企业密切合作,迅速提高疫苗生产和供应能力。此外,欧盟委员会正与欧盟各成员国合作,设计通用的新冠疫苗接种证书。
  在推动加快新冠疫苗接种进程的同时,欧盟委员会认为,各成员国应继续执行防疫管控措施,包括减少非必要旅行、保持社交距离、加强病例追踪等。
  此外,欧盟委员会还敦促各成员国立即加强新冠检测阳性样本的病毒基因组测序,力争将样本测序比例提升到5%甚至10%。目前,欧盟成员国的测序比例只有不到1%,难以发现新的毒株和病毒变异情况。此外,快速抗原检测能力也应进一步提升。
  另据立陶宛总统府19日消息,立陶宛、拉脱维亚和爱沙尼亚三国领导人联合致函欧盟领导人,敦促欧盟迅速采取行动,确保快速高效地推进新冠疫苗接种进程。
  在信函中,立陶宛总统瑙塞达、拉脱维亚总理卡林斯和爱沙尼亚看守总理拉塔斯强调了新冠疫苗对于拯救生命、放宽管控隔离限制、恢复经济持续增长的关键作用,呼吁欧盟敦促提高新冠疫苗生产能力,负责任地协调各成员国的接种行动。(参与记者:郭明芳)(完)

Photo
这张11月19日在比利时布鲁塞尔拍摄的屏幕显示,欧盟及其成员国领导人出席欧盟视频峰会。 新华社发(欧盟供图)