Connect with us

Europe

ဂျူဗင်တပ်အသင်း အီတလီစူပါဖလားဗိုလ်စွဲ ၊ စီရော်နယ်ဒို ဂိုးသွင်းဘုရင်ဖြစ်လာ

ဇန်နဝါရီ ၂၀ ရက်က ကျင်းပပြုလုပ်ခဲ့သည့် ပြိုင်ပွဲတွင် ဂျူဗင်တပ် ကစားသမား စီရော်နယ်ဒို (ယာ) နှင့် နာပိုလီကစားသမား လိုဇန်နို (ဝဲ) ဘောလုံးယှဉ်လှနေစဉ်(ဆင်ဟွာ)

ရောမ ၊ ဇန်နဝါရီ ၂၁ ရက် (ဆင်ဟွာ)

အီတလီစူပါဖလား ဗိုလ်လုပွဲကို ဇန်နဝါရီ ၂၀ ရက်က ကျင်းပပြုလုပ်ခဲ့ရာ ဂျူဗင်တပ်အသင်းကစားသမား စီရော်နယ်ဒို၏ သွင်းဂိုး နှင့် Álvaro Morata ၏ပွဲပြီးဆုံးခါနီ ထပ်ဆောင်းသွင်းဂိုးတို့ဖြင့် နာပိုလီ အသင်းအား နှစ်ဂိုး-ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့ပြီး ယင်းပွဲတွင် နာပိုလီ အသင်းခေါင်းဆောင် လိုရန်ဇို က အရေးပါသည့် ပင်နယ်တီတစ်လုံးကို လွဲချော်ခဲ့ကြောင်း သိရသည်။

ဗိုလ်လုပွဲ ပထမပိုင်းတွင် ဂျူဗင်တပ်အသင်းကဘောလုံး ထိန်းချုပ်မှု ပိုမိုစိုးမိုးထားနိုင်ခဲ့သော်လည်း နာပိုလီအသင်း က ဂိုးခြိမ်းခြောက်မှု နှင့် ဂိုးသွင်း အခွင့်အလမ်းများ ပိုမိုဖန်တီးနိုင်ခဲ့သည်။ ပထမပိုင်း ၂၉ မိနစ်တွင် Hirving Lozano က Diego Demme ပေးပို့သည့် ဘောလုံးအား အနီးကပ် ခေါင်းတိုက်ဂိုးသွင်းရာတွင် ဂျူဗင်တပ် ဂိုးသမား Wojciech Szczęsny က လက်စွမ်းပြ ကာကွယ်နိုင်ခဲ့သည်။

ဇန်နဝါရီ ၂၀ ရက်က ကျင်းပပြုလုပ်ခဲ့သည့် ပြိုင်ပွဲတွင် ဂျူဗင်တပ် ကစားသမား စီရော်နယ်ဒို(ယာ)  ဂိုးသွင်းပြီးနောက် အောင်ပွဲခံနေစဉ်(ဆင်ဟွာ)

ဒုတိယပိုင်း စတင်ပြီးနောက် မိနစ်အနည်းငယ်အတွင်း ဂျူဗင်တပ် ကစားသမား Federico Chiesa က ဒဏ်ရာရရှိခဲ့သဖြင့် Federico Bernardeschi နှင့် လူစားလဲခဲ့ရသည်။ Federico သည် လူစားလဲဝင်လာပြီးနောက်တွင် ချက်ချင်းဆိုသလိုပင် ဂိုး ခြိမ်းခြောက်မှုပြုလုပ်နိုင်ခဲ့သည်။ ဒုတိယပိုင်းတွင် ဂျူဗင်တပ် အသင်းသည် တိုက်စစ်ပိုဆင်နိုင်ခဲ့ပြီး တစ်ဖက်အသင်း၏ ခံစစ်အား အကြိမ်ကြိမ် ထိုးဖောက်နိုင်ရန် ကြိုးပမ်းဆောင်ရွက်ခဲ့သည်။ ပွဲချိန် ၆၄ မိနစ်တွင် စီရော်နယ်ဒို က ဒေါင့်ကန်ဘော မှတစ်ဆင့် ပေးပို့လာသောဘောလုံးကို မြေမကျဘော ဂိုးသွင်းယူခဲ့ပြီး ဂျူဗင်တပ်အသင်းအတွက် ဦးဆောင်ခွင့်ရရှိခဲ့သည်။ ယင်းဂိုးသည် ရော်နယ်ဒို ၏ တရားဝင် ပြိုင်ပွဲစုံ ရရှိခဲ့သည့် ဂိုး ၇၆၀ မြောက် သွင်းဂိုးဖြစ်ပြီး Josef Bican ၏ သွင်းဂိုးကို ကျော်လွန်ကာ ပြိုင်ပွဲစုံတွင် သွင်းဂိုးအများဆုံး ကစားသမား တစ်ဦးဖြစ်လာ ခဲ့သည်။

ဇန်နဝါရီ ၂၀ ရက်က ဂျူဗင်တပ်ကစားသမားများ ဆုပေး စင်မြင့်ပေါ်တွင် အောင်ပွဲခံနေစဉ်(ဆင်ဟွာ)

ဂျူဗင်တပ်ဦးဆောင်ဂိုးရပြီးနောက် ပွဲမှာ ပိုမိုစိတ်လှုပ်ရှားစရာဖြစ်ခဲ့ပြီး လူစားဝင်လာသည့် နာပိုလီ ကစားသမား Dries Mertens သည် အသင်းအတွက် ပင်နယ်တီ အခွင့်အရေးတစ်လုံး ဖန်တီးနိုင်ခဲ့သည်။ သို့သော် ယင်းပင်နယ်တီအား နာပိုလီ အသင်းခေါင်းဆောင် Lorenzo Insigne က ဂိုးဝင်အောင် ကန်သွင်းနိုင်ခြင်းမရှိသဖြင့် သရေအခွင့်အရေးဆုံးရှုံးခဲ့ရသည်။ ပြိုင်ပွဲပြီးဆုံးခါနီးအချိန်တွင် နာပိုလီအသင်းက အခွင့်အလမ်းကောင်းကို ထပ်မံရရှိခဲ့ပြီး အနီးကပ် ဂိုးသွင်းခဲ့သော်လည်း ဂျူဗင်တပ် ဂိုးသမား လက်စွမ်းပြ ကာကွယ်နိုင်ခဲ့သည်။ ပြိုင်ပွဲနောက်ဆုံးအချိန်ပိုတွင် ဂျူဗင်တပ် ရှေ့တန်းကစားသမား Álvaro Morata က ဂျူဗင်တပ်၏ အနိုင်ပွဲအတွက် ထပ်မံ သေချာစေမည့် ဂိုးတစ်ဂိုး ထပ်သွင်းပေးခဲ့သဖြင့် ဂျူဗင်တပ်အသင်းသည် နာပိုလီအား နှစ်ဂိုးဂိုးမရှိဖြင့် အနိုင်ယူ ဗိုလ်စွဲခဲ့သည်။ ယင်းဖလားသည် ဂျူဗင်တပ်အသင်းနည်းပြ အမ်ဒရီယာ ပီယာလို ၏ နည်းပြသက်တမ်းတစ်လျှောက် ပထမဦးဆုံးရရှိခဲ့သည့် ဆုဖလားဖြစ်သည်။

ယခုဗိုလ်လုပွဲ အနိုင်ရရှိအောင် အစွမ်းပြခဲ့သည့် စီရော်နယ်ဒိုသည် ပြိုင်ပွဲပြီးဆုံးပြီးချိန်၌ နိုင်ပွဲအတွက် လွန်စွာပျော်ရွှင်ခဲ့ရကြောင်း ၊ ယခုပြိုင်ပွဲက လွယ်လွယ်ကူကူ အနိုင်ရရှိခဲ့ခြင်းမဟုတ်ကြောင်း ၊ ယခုရရှိခဲ့သည့် ဖလားက အလွန်အရေးပါပြီး ဂျူဗင်တပ်အသင်းအတွက် ယုံကြည်မှုများ ရရှိလာစေနိုင်ရန် မျှော်လင့်ကြောင်း ပြောကြား ခဲ့သည်။ နာပိုလီအသင်းနည်းပြ ဂတ်တူဆို က ပြိုင်ပွဲပြီးနောက်တွင် အသင်းခေါင်းဆောင် Lorenzo Insigne အား အားပေးနှစ်သိမ့်ခဲ့ပြီး ပင်နယ်တီလွဲချော်ခဲ့မှုအတွက် မိမိကိုယ်ကိုယ် အပြစ်မတင်သင့်ကြောင်း ပြောကြား ခဲ့သည်။ (Xinhua)

————————————————
(Chinese Version)

C罗加冕射手王 助尤文意超杯夺冠

图片轮播
  新华社罗马1月20日电(黎梦青)意大利超级杯决赛20日进行,尤文图斯凭借C罗一粒破纪录的制胜球和莫拉塔最后时刻的锦上添花,2:0战胜那不勒斯夺冠,而那不勒斯队长因西涅则罚失关键点球。
  上半时尤文图斯控球率占优,但那不勒斯制造了更具威胁的射门机会。第29分钟,洛萨诺在门前接德姆的传球,近距离头球攻门,尤文门将什琴斯尼献上神扑,将球封堵。
下半时刚刚开始,尤文球员基耶萨就因伤被贝尔纳代斯基换下,后者一上场便在门前打出一次极具威胁的射门尝试。随着比赛的推进,尤文开始大举进攻,在源源不断冲击对手防线后,C罗在第64分钟利用一次角球机会,近距离凌空劲射破门,为尤文图斯打破僵局。这是C罗正式比赛第760粒进球,也意味着他超越约瑟夫•比坎成为正式比赛中进球最多的球员。

 然而比赛的戏剧性才刚刚开始,那不勒斯球员梅尔滕斯替补上场后很快为球队赢得一次点球机会,他在禁区内从后方接近对方球员麦肯尼,致使后者踢球时踢到了他的小腿。然而,主罚点球的那不勒斯队长因西涅将球打偏,错失了扳平比分的关键机会。比赛尾声,那不勒斯再次获得良机,然而洛萨诺的近距离低射再次被门将什琴斯尼神勇扑出。尤文前锋莫拉塔在最后时刻通过反击再进一球,锦上添花助尤文2:0获胜。这也是尤文主教练皮尔洛执教生涯的第一座奖杯。

本场比赛的功臣C罗在赛后表示:“我们很高兴,这场比赛赢得并不轻松,这个奖杯很重要,希望它能为尤文图斯带来信心。”那不勒斯教练加图索则在赛后安慰了因西涅,称他不应该责怪自己。

Photo

(1)1月20日,尤文图斯队球员克•罗纳尔多(右)与那不勒斯队球员洛萨诺拼抢。新华社发(费代里科•塔尔迪托 摄)
(2)1月20日,尤文图斯队球员克•罗纳尔多(右)进球后与队友库卢塞夫斯基庆祝。新华社发(费代里科•塔尔迪托 摄)
(3)1月20日,尤文图斯队队员在颁奖仪式上庆祝。新华社发(费代里科•塔尔迪托 摄)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.