Connect with us

International Organizations

ကုလသမဂ္ဂတွင် အသင်းဝင်ကြေး ပေးသွင်းရန် ပျက်ကွက်သဖြင့် နိုင်ငံ ၈ နိုင်ငံ မဲပေးခွင့် ဆုံးရှုံးမည်ဟု သိရ

ကုလသမဂ္ဂ ၊ ဇန်နဝါရီ ၁၃ ရက်(ဆင်ဟွာ)

အသင်းဝင်ကြေးပေးသွင်းရန် ပျက်ကွက်သဖြင့် အီရန် နှင့် ဗင်နီဇွဲလာ အပါအဝင် နိုင်ငံပေါင်း ၈ နိုင်ငံကို ကုလသမဂ္ဂ၌ ၎င်းတို့၏ မဲပေးခွင့်များအား ရုပ်သိမ်းထားလိုက်ပြီဖြစ်ကြောင်း ကုလသမဂ္ဂပြောရေးဆိုခွင့်ရှိသူတစ်ဦးက ဇန်နဝါရီ ၁၂ ရက်တွင် ပြောကြားခဲ့သည်။ကုလသမဂ္ဂအထွေထွေညီလာခံသို့ ဇန်နဝါရီ ၁၁ ရက်တွင် ပေးပို့သည့် ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယိုဂူတာရက်စ်၏ ပေးစာထဲတွင် အသင်းဝင်ကြေးပေးသွင်းရန် ပျက်ကွက်သည့် နိုင်ငံ စုစုပေါင်း ၁၁ နိုင်ငံအထိ ရှိနေသည်ဟု ၇၆ ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ ဥက္ကဌ Abdulla Shahid ၏ ပြောရေးဆိုခွင့်ရှိသူ Paulina Kubiak က နေ့စဉ်ပုံမှန်သတင်းစာရှင်းလင်းပွဲတွင် ထည့်သွင်းပြောကြားခဲ့သည်။

ကုလသမဂ္ဂ ပဋိညာဉ်ပါ ပုဒ်မ ၁၉ အရ အဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံအနေဖြင့် ယခင် နှစ်နှစ်စာ ပေးသွင်းရမည့် ထည့်ဝင်ကြေး ကျော်လွန်ပမာဏ သို့မဟုတ် ညီမျှသည့်ပမာဏကြွေးကျန်ရှိနေလျှင် အထွေထွေညီလာခံတွင် ၎င်းတို့၏ မဲပေးခွင့်များ ဆုံးရှုံးနိုင်ကြောင်း ပြဌာန်းပါရှိသည်။

အကယ်၍ အဖွဲ့နိုင်ငံတစ်နိုင်ငံက ငွေကြေးထည့်ဝင်ရန် အခက်အခဲရှိသဖြင့် “ လုပ်ပေးနိုင်စွမ်းထက် ကျော်လွန်သော အနေအထားများဖြစ်နေသည်” ဟု သက်သေပြနိုင်လျှင် ချွင်းချက်တစ်ခု ခွင့်ပြုပေးထားကြောင်း သိရသည်။ အတွင်းရေးမှူးချုပ်၏ ပေးစာထဲတွင် ၂၀၂၂ ခုနှစ်တွင် ကိုမိုရိုကျွန်းစုနိုင်ငံ(Comoro) ၊ စဝ်တုမ်း နှင့် ပရင်းစိနိုင်ငံ (Sao Tome and Principe) နှင့် ဆိုမာလီ နိုင်ငံတို့သည် ယင်းချွင်းချက်၌ အကြုံးဝင်ကြောင်း ထည့်သွင်း ဖော်ပြထားသည်။

အီရန် ၊ ဆူဒန် ၊ ဗင်နီဇွဲလား ၊ အန်တီဂွာ နှင့် ဘာဘူဒါ ( Antigua and Barbuda ) ၊ ကွန်ဂို ၊ ဂီနီ ၊ ပါပူဝါနယူးဂီနီ နှင့် ဗန်နူအာတူစသည့် ၈ နိုင်ငံသည် မဲပေးခွင့်ဆုံးရှုံးသွားမည်ဖြစ်ကြောင်း ဆင်ဟွာမှ ရရှိထားသည့် ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်၏ အထွေထွေညီလာခံသို့ ပေးစာအရ သိရသည်။

အဆိုပါနိုင်ငံများအနေဖြင့် ၎င်းတို့၏ မဲပေးခွင့်ပြန်လည်ရရှိရန် သတ်မှတ်ပမာဏ အနည်းဆုံးထည့်ဝင်ကြေးကို မဖြစ်မနေပေးသွင်းရမည်ဟု ဂူတာရက်စ်က ဆိုသည်။ အီရန်နိုင်ငံက အမေရိကန်ဒေါ်လာ ၁၈.၄ သန်း နှင့် ဗင်နီဇွဲလားနိုင်ငံက အမေရိကန်ဒေါ်လာ ၃၉.၈ သန်းအသီးသီး ပေးသွင်းရန်လိုအပ်ကြောင်း သိရသည်။(Xinhua)

——————————-
(English Version)
8 member states lose right to vote in UN due to unpaid dues

UNITED NATIONS, Jan. 12 (Xinhua) — Iran and Venezuela are among the eight countries whose rights to vote at the United Nations have been revoked due to unpaid dues, a UN spokesperson said Wednesday.

In his letter to the General Assembly on Tuesday, Secretary-General Antonio Guterres said a total of 11 countries are behind in their payments, Paulina Kubiak, spokesperson for Abdulla Shahid, president of the 76th session of the UN General Assembly, said at the daily press briefing.
Under Article 19 of the Charter of the United Nations, a member state in arrears in the payment of its dues in an amount that equals or exceeds the contributions due for two preceding years can lose its vote in the General Assembly.

An exception is allowed if the member state can show that “conditions beyond its control” contributed to this inability to pay. The UN chief said in his letter that this will be the case for the Comoro Islands, Sao Tome and Principe, and Somalia in 2022.

Iran, Sudan, Venezuela, Antigua and Barbuda, Congo, Guinea, Papua New Guinea and Vanuatu are the eight countries that no longer have the right to vote, according to UN chief’s letter obtained by Xinhua.

For each of them to recover their vote, Guterres outlined the minimum amount they must pay. Iran needs 18.4 million U.S. dollars and Venezuela 39.8 million dollars, for instance.

Photo – A woman walks past the United Nations headquarters in New York, the United States, Sept. 14, 2020. (Xinhua/Wang Ying)