Connect with us

International Organizations

ဆီးရီးယား ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အတွက် လမ်းပြမြေပုံ ကုလသမဂ္ဂ လုံခြုံရေး ကောင်စီ အတည်ပြု

အကြမ်းဖက်မှု တိုက်ဖျက်ရေး အတွက် ကုလသမဂ္ဂ လုံခြုံရေးကောင်စီ ဆွေးနွေးနေစဉ်။(ဆင်ဟွာ)

ကုလသမဂ္ဂ၊ ဒီဇင်ဘာ ၁၉ ရက် (ဆင်ဟွာ)

နိုင်ငံအတွင်း ပဋိပက္ခများ အဆုံးသတ်ရန် ဆီးရီးယား ဦးဆောင်သည့် နိုင်ငံရေး အသွင်ကူးပြောင်းမှု အတွက် အပြည်ပြည်ဆိုင်ရာ လမ်းပြမြေပုံအတွက် ဆုံးဖြတ်ချက်အား ကုလသမဂ္ဂ လုံခြုံရေး ကောင်စီက ဒီဇင်ဘာလ ၁၈ ရက်က အတည်ပြုခဲ့ကြပြီး ဆီးရီးယား ငြိမ်းချမ်းရေး ဆွေးနွေးမှုများအား ဇန်နဝါရီလ အစောပိုင်းတွင် စတင်ရန် တောင်းဆိုခဲ့ကြသည်။

ယခုဆုံးဖြတ်ချက်သည် ဆီးရီးယားနိုင်ငံတွင် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး အတွက် ဆီးရီးယား အစိုးရနှင့် အတိုက်အခံတို့က တာဝန်ယူ၍ ကုလသမဂ္ဂ ဦးဆောင်မှုအာက်တွင် မြန်နိုင်သမျှမြန်မြန် နိုင်ငံရေး အသွင်ကူး ပြောင်းမှု ကနဦး အဆင့်သို့ စတင် တက်လှမ်းနိုင်ရန် ဆွေးနွေးသွားမည် ဖြစ်သည်။

၁၅ နိုင်ငံပါဝင်သည့် ကောင်စီ အနေဖြင့် ဂျီနီဗာ၊ ဆွစ်ဇာလန်၊ ဗီယင်နာ၊ သြစတြေးလျတွင် ဆွေးနွေးခဲ့စဉ် အ တွင်း သဘောတူ ကြေညာထားချက် အတိုင်း ထောက်ပံ့ပေးမည်ဟု ဖော်ပြခဲ့ပြီး ဆီးရီးယား အနာ ဂတ်အတွက် ဆီးရီးယား ပြည်သူများက ဆုံးဖြတ်ရမည် ဖြစ်ကြောင်း အလေးထား ပြောကြားခဲ့သည်။

ဆီးရီးယားတွင် လတ်တလော ကြုံတွေ့နေရသည့် ပဋိပက္ခအရေး အတွက် ရေရှည်တည်တံ့သည့် ဆုံးဖြတ်ချက် က သာလျှင် ဆီးရီးယား ပြည်သူများအတွက် သဘာဝကျပြီး ပြင်းပြသည့် ရည်မှန်းချက် ဖြစ်ကြောင်း ထိုဆုံးဖြတ် ချက်တွင် ဖော်ပြခဲ့သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.