Connect with us

International Organizations

ကုလသမဂ္ဂ က မြောက်ကိုရီးယား နိုင်ငံအား တင်းမာမှု အခြေအနေ လျော့ကျစေရန် လိုအပ်သည့် ဆောင်ရွက်မှု များအားလုံး ဆောင်ရွက်ရန် တိုက်တွန်း

မြောက်ကိုရီးယား နိုင်ငံ ၏ ဒုံးကျည် လက်နက် တစ်စင်းအား စစ်ရေးပြ အခမ်းအနားတွင် မြင်တွေ့ခဲ့ရစဉ်(ဆင်ဟွာ)

ကုလသမဂ္ဂ ၊ ဧပြီ ၁၈ ရက် (ဆင်ဟွာ)

ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် ၏ ပြောရေးဆိုခွင့်ရှိသူ Dujarric က ကုလသမဂ္ဂ အနေဖြင့် ကိုရီးယားကျွန်းဆွယ် တင်းမာမှု အခြေအနေ တိုးမြင့် လာသည်နှင့် ပတ်သက်၍ လွန်စွာအလေးထားပြီး မြောက်ကိုရီးယား နိုင်ငံ အနေဖြင့် လက်ရှိ ဖြစ်ပေါ် နေသည့် အခြေအနေကို လျော့ကျစေရန် လိုအပ်သည့် ဆောင်ရွက်မှုများ အားလုံး ပြုလုပ်သွားရန် တိုက်တွန်းကြောင်း ဧပြီလ ၁၇ ရက်နေ့က ပြောကြား ခဲ့သည်။

Dujarric က ကုလသမဂ္ဂ အနေဖြင့် သက်ဆိုင်ရာ အသီးသီး တို့မှ နိုင်ငံခြားရေး ကြိုးပမ်းဆောင်ရွက်မှု များကို တိုးမြှင့်သွားရန် တိုက်တွန်းကြောင်း ၊ မြောက်ကိုရီးယား နိုင်ငံ မှ နောက်ဆုံးအကြိမ် ဆောင်ရွက်ခဲ့သည့် ဒုံးကျည် ပစ်လွှတ်စမ်းသပ်မှု သည် လွန်စွာစိုးရိမ်စေခဲ့ရကြောင်း ၊ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ၏ ဆုံးဖြတ်ချက်များကို လည်း ဘက်စုံအကောင်အထည်ဖော်သွားရန် လိုအပ်ကြောင်း ၊ ကုလသမဂ္ဂ လုံခြုံရေး ကောင်စီ အနေဖြင့် ကာလ တစ်လျှောက်လုံးတွင် ငြိမ်းချမ်းရေး ရရှိစေရန် နိုင်ငံခြားရေး နှင့် နိုင်ငံရေး နည်းလမ်းများဖြင့် ဖြေရှင်းသွားရန် အကြိမ်ကြိမ် အရေးဆိုခဲ့ကြောင်း ပြောကြား ခဲ့သည်။

တောင်ကိုရီးယား စစ်ဘက်ဆိုင်ရာ က မြောက်ကိုရီးယား နိုင်ငံ သည် ဧပြီလ ၁၆ ရက်နေ့ နံနက်ပိုင်းတွင် ဒုံးကျည် တစ်စင်း ပစ်လွှတ်ခဲ့ကာ မအောင်မြင်ခဲ့ကြောင်း ပြောကြား ခဲ့သည်။အမေရိကန် နိုင်ငံ ပစိဖိတ် စစ်ဌာနချုပ် မှလည်း မြောက်ကိုရီးယား နိုင်ငံ ၏ နောက်ဆုံးအကြိမ် ဒုံးကျည် စမ်းသပ် ပစ်လွှတ်မှု မအောင်မြင်ကြောင်း ကို ထုတ်ပြန် ခဲ့သည်။

မြောက်ကိုရီးယား နိုင်ငံ သည် ၂၀၁၆ ခုနှစ် ဇန်နဝါရီလ ၆ ရက်နေ့ နှင့် စက်တင်ဘာ ၉ ရက်နေ့တို့တွင် နျူကလီးယား စမ်းသပ်မှုများပြုလုပ်ခဲ့ပြီး ဒုံးကျည် စမ်းသပ် ပစ်လွှတ်မှု ကို အကြိမ်ကြိမ် ပြုလုပ် ခဲ့သည်။ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ မှလည်း ၂၀၁၆ ခုနှစ် မတ်လ ၂ ရက်နေ့ နှင့် နိုဝင်ဘာ ၃၀ ရက်နေ့တို့တွင် မြောက်ကိုရီးယား နိုင်ငံ ၏ နျူကလီးယား စမ်းသပ်မှု နှင့်ပတ်သက်၍ ဝေဖန်ပြစ်တင် ခဲ့ပြီး မြောက်ကိုရီးယား နိုင်ငံ အား နျူကလီးယား လက်နက် နှင့် တိုက်ချင်းပစ် ဒုံးကျည် အစီအစဉ် ကို စွန့်လွှတ် ရန်တောင်းဆိုကာ အရေးယူ ပိတ်ဆို့မှုများ ပြုလုပ်ရန် ဆုံးဖြတ်ခဲ့သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.