Connect with us

International Organizations

ကုလသမဂ္ဂ လုံခြုံရေး ကောင်စီက မြောက်ကိုရီးယား နိုင်ငံအား နျူကလီးယား စမ်းသပ်မှု ထပ်မံ မပြုလုပ်ရန် တောင်းဆို

ကုလသမဂ္ဂ လုံခြုံရေး ကောင်စီ အစည်းအဝေး ခန်းမ အား မြင်တွေ့ရစဉ်(ဆင်ဟွာ)

ကုလသမဂ္ဂ ၊ ဧပြီ ၂၁ ရက် (ဆင်ဟွာ)

ကုလသမဂ္ဂ လုံခြုံရေး ကောင်စီ က ဧပြီလ ၂၀ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည့် ကြေညာချက်ထဲတွင် မြောက်ကိုရီးယား နိုင်ငံ ၏ လက်တလော ပြုလုပ်ခဲ့သည့် ဒုံးကျည် စမ်းသပ်မှု နှင့် ပတ်သက်၍ ပြစ်တင်ဝေဖန်ခဲ့ပြီး မြောက်ကိုရီးယား အနေဖြင့် နျူကလီးယား စမ်းသပ်မှု ထက်မံ မပြုလုပ်ရန် တောင်းဆို ခဲ့ကြောင်း သိရသည်။

ထုတ်ပြန်ချက်တွင် မြောက်ကိုရီးယား နိုင်ငံ ၏ ဒုံးကျည် ပစ်လွှတ်စမ်းသပ်မှု သည် ကုလသမဂ္ဂ လုံခြုံရေး ကောင်စီ ၏ ဆုံးဖြတ်ချက်ကို ဥပေက္ခာပြုရာရောက်ပြီး တည်ငြိမ်အေးချမ်းမှု ကို ဖျက်စီးသည့် ဆိုးရွားသည့် အပြုအမူ တစ်ရပ်ဖြစ်ကြောင်း ၊ မြောက်ကိုရီးယား နိုင်ငံ အနေဖြင့် ကုလသမဂ္ဂ လုံခြုံရေး ကောင်စီ မှ စီရင်ဆုံးဖြတ်ချက် များကို ချိုးဖောက်ရာရောက်သည့် လုပ်ဆောင်မှု များကို ချက်ချင်းရပ်တန့်ကာ သက်ဆိုင်ရာ ဆုံးဖြတ်ချက်များကို ဘက်စုံ လိုက်နာသွားရမည် ဖြစ်ကြောင်း ဖော်ပြပါရှိသည်။

ထို့ပြင် ထုတ်ပြန်ချက်တွင် ကိုရီးယား ကျွန်းဆွယ် နှင့် အရှေ့မြောက် အာရှ ဒေသ တည်ငြိမ်အေးချမ်းမှု ကို ထိန်းသိမ်းခြင်းသည် အလွန်အရေးကြီးပြီး တည်ငြိမ်အေးချမ်းရေးအတွက် လုံခြုံရေး ကောင်စီ အဖွဲ့ဝင် များမှ ဘက်စုံဖြေရှင်းမှုနည်းလမ်း ရရှိအောင် ပါဝင်ကူညီသွားကြရန် ဖိတ်ခေါ်ထားကြောင်း သိရသည်။

တောင်ကိုရီးယား စစ်ဘက်ဆိုင်ရာ က မြောက်ကိုရီးယား နိုင်ငံ သည် ဧပြီလ ၁၆ ရက်နေ့ နံနက်ပိုင်းတွင် ဒုံးကျည် တစ်စင်း ပစ်လွှတ်ခဲ့ရာတွင် မအောင်မြင်ခဲ့ကြောင်း ပြောကြားသည်။အမေရိကန် နိုင်ငံ ပစိဖိတ် စစ်ဌာနချုပ် မှလည်း မြောက်ကိုရီးယား နိုင်ငံ ၏ နောက်ဆုံးအကြိမ် ဒုံးကျည် စမ်းသပ် ပစ်လွှတ်မှုမှာ မအောင်မြင်ကြောင်း ကို ထုတ်ပြန် ခဲ့သည်။

မြောက်ကိုရီးယား နိုင်ငံ သည် ၂၀၁၆ ခုနှစ် ဇန်နဝါရီလ ၆ ရက် နှင့် စက်တင်ဘာ ၉ ရက်တို့တွင် နျူကလီးယား စမ်းသပ်မှုများပြုလုပ်ခဲ့ပြီး ဒုံးကျည် စမ်းသပ် ပစ်လွှတ်မှု ကို အကြိမ်ကြိမ် ပြုလုပ် ခဲ့သည်။ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ မှလည်း ၂၀၁၆ ခုနှစ် မတ်လ ၂ ရက် နှင့် နိုဝင်ဘာ ၃၀ ရက်တို့တွင် မြောက်ကိုရီးယား နိုင်ငံ ၏ နျူကလီးယား စမ်းသပ်မှု နှင့်ပတ်သက်၍ ဝေဖန်ပြစ်တင်ခဲ့ပြီး မြောက်ကိုရီးယား နိုင်ငံ အား နျူကလီးယား လက်နက် နှင့် တာဝေးပစ် ဒုံးကျည် အစီအစဉ် ကို စွန့်လွှတ် ရန်တောင်းဆိုခဲ့ပြီး အရေးယူ ပိတ်ဆို့မှုများ ပြုလုပ်ရန် ဆုံးဖြတ်ခဲ့ကြောင်း သိရသည်။(Xinhua)