Connect with us

International Organizations

၂၀၁၆ ခုနှစ် ကမ္ဘာ့ ကုန်သွယ်ရေး တိုးတက်မှုနှုန်းနှေးကွေး ခဲ့ခြင်း သည် မူဝါဒ ချမှတ်ရာတွင် တိကျသေချာမှု မရှိသောကြောင့် ဖြစ်ကြောင်း ကမ္ဘာ့ဘဏ် က ထုတ်ပြန်

ကုန်ပစ္စည်း များ ကုန်သွယ်မှု ဆောင်ရွက်ရာတွင် အသုံးပြုသည့် ကွန်တိန်နာများ ကို ဆိပ်ကမ်း တစ်ခုတွင် မြင်တွေ့ရစဉ်(ဆင်ဟွာ)

ဝါရှင်တန် ၊ ဖေဖော်ဝါရီ ၂၂ ရက် (ဆင်ဟွာ)

ကမ္ဘာ့ဘဏ် မှ ဖေဖော်ဝါရီ ၂၁ ရက်နေ့က ထုတ်ပြန် ခဲ့သည် သုတေသန အစီရင်ခံစာ တွင် ၂၀၁၆ ခုနှစ်၏ ကမ္ဘာလုံးဆိုင်ရာ ကုန်သွယ်ရေးတိုးတက်မှု နှုန်းသည် ၂၀၀၈ ခုနှစ်က ငွေကြေးဆိုင်ရာ အခက်အခဲ ကြုံတွေ့ပြီးနောက်ပိုင်းတွင် တိုးတက်မှု နှုန်း အနည်းဆုံး ဖြစ်ခဲ့ပြီး အဓိက အကြောင်းအရင်း မှာ မူဝါဒ ချမှတ်ရာတွင် တိကျသေချာမှု မရှိခဲ့ခြင်းကြောင့် ဖြစ်ကြောင်း ဖော်ပြ ခဲ့သည်။

ထုတ်ပြန်ချက်တွင် အပြည်ပြည်ဆိုင်ရာ ငွေကြေးရံပုံငွေ အဖွဲ့အစည်း ၊ ကမ္ဘာ့ဘဏ် ၊ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု နှင့် ဖွံ့ဖြိုးတိုးတက်မှု အဖွဲ့အစည်း တို့မှ စာရင်းများအရ ၂၀၁၆ ခုနှစ်တွင် ကမ္ဘာလုံးဆိုင်ရာ ကုန်ပစ္စည်း နှင့် ဝန်ဆောင်မှု ဆိုင်ရာ ကုန်သွယ်ရေး တိုးတက်မှု နှုန်းသည် ၁.၉ ရာခိုင်နှုန်း မှ ၂.၅ ရာခိုင်နှုန်း ဖြစ်ပြီး ကမ္ဘာလုံး ဆိုင်ရာ ကုန်ပစ္စည်း ကုန်သွယ်မှု သည် ၁ ရာခိုင်နှုန်း အထက် အနည်းငယ် သာရှိကြောင်း ပါဝင် ခဲ့သည်။

ကမ္ဘာ့ဘဏ် က ပြီးခဲ့သည့် နှစ်တွင် ကမ္ဘာ့စီးပွားရေး တိုးတက်မှု နှေးကွေးခဲ့ခြင်းမှာ ကူးသန်းရောင်းဝယ် နိုင်သော အခြေခံ ကုန်ပစ္စည်းများ ဈေးနှုန်းကျဆင်းခြင်း ၊ ကမ္ဘာလုံးဆိုင်ရာ Value chain တစ်နေ့တစ်ခြား ရင့်ကျက်လာခြင်း ၊ ကုန်သွယ်ရေး လွတ်လပ်မှု ဆောင်ရွက်သည့် ခြေလှမ်းများ နှေးကွေခြင်း စသည့် အကြောင်းအရာ များကြောင့် ဖြစ်ကြောင်း ထုတ်ပြန်ခဲ့သည်။

ကမ္ဘာ့ဘဏ် ၏ သုတေသန တွင် ၂၀၁၆ ခုနှစ်က မူဝါဒ ချမှတ်ရာ တွင် တိကျသေချာမှု မရှိသောကြောင့် ကမ္ဘာ့ကုန်သွယ်မှု တိုးတက်နှုန်း ဝ.၆ ရာခိုင် ကျဆင်းခဲ့ကြောင်း ၊ ဥရောပ နှင့် အမေရိကန် နိုင်ငံ တို့၏ မူဝါဒ တိကျမှု မရှိခြင်းသည် လုပ်ငန်း ကုမ္ပဏီ များ၏ ရင်းနှီးမြှုပ်နှံမှု နှင့် ကုန်သွယ်ရေး အစီအစဉ် များကို တုံ့ဆိုင်း စေခဲ့ပြီး စားသုံးသူများ အနေဖြင့် လည်း သုံးဆွဲမှုများကို လျှော့ချခဲ့သောကြောင့် ကမ္ဘာ့ကုန်သွယ်ရေး တိုးတက်မှုနှုန်း တစ်ခုလုံးကို နှေးကွေးစေခဲ့ခြင်း ဖြစ်ကြောင်း ၊ ကုန်သွယ်ရေး ဆိုင်ရာ သဘောတူညီမှုများသည် အလွန်အရေးပါပြီး သဘောတူညီမှု များမရှိဘာက ကမ္ဘာ့ ကုန်သွယ်မှုတိုးတက်မှုနှုန်းသည် ပိုမိုကျဆင်း သွားနိုင်ကြောင်း ပါဝင်ခဲ့သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.