Connect with us

International Organizations

မလေးရှား နိုင်ငံ ခရီးသည် လေယာဉ် တစ်စင်း စက်ချို့ယွင်းမှု ဖြစ်ပွား ခဲ့ရာ သြစတြေးလျ နိုင်ငံ အလယ်ပိုင်း တွင် အရေးပေါ် ဆင်းသက်

မလေးရှား နိုင်ငံ လေကြောင်း လိုင်း ၏ လေယာဉ် တစ်စင်း အား မြင်တွေ့ရစဉ်(ဆင်ဟွာ)

ကွာလာလမ်ပူ ၊ ဇန်နဝါရီ ၁၉ ရက် (ဆင်ဟွာ)

မလေးရှား နိုင်ငံ လေကြောင်း လိုင်း ၏ လေယာဉ် တစ်စင်း က ဇန်နဝါရီ ၁၈ ရက်နေ့၌ ဆစ်ဒနီ မြို့ မှ ကွာလာလမ်ပူ မြို့ သို့ ထွက်ခွာ ခဲ့ရာတွင် လမ်းခရီး၌ စက်ချို့ယွင်းမှု ဖြစ်ပွား ခဲ့ရာ သြစတြေးလျ နိုင်ငံ အလယ်ပိုင်း ရှိ Alice Springs လေဆိပ် သို့ အရေးပေါ် ဆင်းသက် ခဲ့ရကြောင်း လေကြောင်း ကုမ္ပဏီ ၏ ထုတ်ပြန်ချက်အရ သိရှိရသည်။

အရေးပေါ် ဆင်းသက် ခဲ့ရသည့် လေယာဉ် သည် A 330 – 300 အမျိုးအစား ခရီးသည်တင် လေယာဉ် ဖြစ်ပြီး လူပေါင်း ၂၉၀ လိုက်ပါနိုင်သော လေယာဉ် ဖြစ်သည်။ ယင်းလေယာဉ် သည် ဒေသစံတော်ချိန် နေ့လယ် ၁ နာရီ ၆ မိနစ် တွင် ဆစ်ဒနီ မြို့ မှ စတင် ထွက်ခွာ လာခဲ့ပြီး စက်ချို့ယွင်းမှုကြောင့် ဒေသစံတော်ချိန် ညနေ ၅ နာရီ ၄၈ မိနစ် တွင် Alice Springs လေဆိပ် သို့ လုံခြုံစွာ ပြန်လည် ဆင်းသက် နိုင်ခဲ့ ကြောင်း သိရသည်။

လေယာဉ် ပျံသန်း ခဲ့သည့် လမ်းကြောင်း အား ကြည့်ခြင်း အားဖြင့် လေယာဉ် သည် သြစတြေးလျ နိုင်ငံ လေပိုင်နက် မှ ထွက်ခွာလု နီးပါးတွင် မူလ လမ်းကြောင်း အတိုင်းပြန်လည် မောင်းနှင်လာခဲ့ကာ Alice Springs လေဆိပ် တွင် ဆင်းသက် ခဲ့ ခြင်းဖြစ်သည်။

သြစတြေးလျ သတင်းမီဒီယာ များ၏ ဖော်ပြချက် တွင် လေယာဉ် ပေါ်ရှိ ခရီးသည်များက လေယာဉ် ပျံသန်း နေစဉ် တွင် ပြင်းထန်သည့် တုန်ခါမှု ကို ခံစားခဲ့ရသည် ဟုပြောကြားခဲ့ကြောင်း ဖော်ပြ ခဲ့သည်။မလေးရှား လေကြောင်း လိုင်း က ယခု လေယာဉ် တွင် လိုက်ပါခဲ့သူများ အတွက် တည်းခိုရန် နှင့် အခြား လေယာဉ် ခရီးစဉ် များကို စီစဉ်ပေးခဲ့ပြီး သင့်သော်သည့် အချိန်တွင် နောက်ဆုံးရရှိသည့် အချက်အလက် များကို ထုတ်ပြန်ကြေညာသွားမည် ဖြစ်ကြောင်း ထုတ်ပြန်ခဲ့သည်။(Xinhua)