Connect with us

International Organizations

နျူကလီးယားလက်နက် မပြန့်ပွားရေး နှင့် ကိုရီးယားကျွန်းဆွယ်အတွင်း ငြိမ်းချမ်းမှုအတွက် တရုတ် နိုင်ငံခြားရေးဝန်ကြီး လုံခြုံရေးကောင်စီ၌ ပြောကြား

ကုလသမဂ္ဂ ၏ လုံခြုံရေးကောင်စီ ဝန်ကြီးများ အစည်းအဝေးပွဲ၌ ဧပြီ ၂၈ ရက်တွင် တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိ ဆွေးနွေးပြောကြားနေစဉ် (ဆင်ဟွာ)

ကုလသမဂ္ဂ၊ ဧပြီ ၂၈ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဋ္ဌာန ဝမ်ရိ က နျူကလီးယားလက်နက် မပြန့်ပွားရေး နှင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲများ ပိုမိုအားကောင်းလာစေရန် တိုးမြှင့်လုပ်ဆောင်သွားပြီး ကိုရီးယားကျွန်းဆွယ်အတွင်း နျူကလီးယား အရေးကိစ္စ၌ ငြိမ်းချမ်းစွာ ပြေလည်မှုရရှိစေရန် အတွက် အားထုတ်ကြိုးပမ်းသွားရမည် ဖြစ်ကြောင်း ကုလသမဂ္ဂ၌ ဧပြီ၂၈ ရက် က ပြောကြားခဲ့သည်။

မကြာသေးမီက ပြုလုပ်ခဲ့သည့် မြောက်ကိုရီးယား၏ ပြုမူလုပ်ဆောင်မှုများကြောင့် နိုင်ငံတကာအသိုင်းအဝိုင်း အနေဖြင့် နျူကလီးယားလက်နက် ပြန့်ပွားမှုမရှိစေရန် အားထုတ်ကြိုးပမ်းများကို အဆင့်တက်၍ လုပ်ဆောင်သင့်ဖြစ်ကြောင်း ကိုရီးယားကျွန်းဆွယ်အတွင်း နျူကလီးယား အရေးကိစ္စ နှင့် ပတ်သက်၍ ကုလသမဂ္ဂ ၏ လုံခြုံရေးကောင်စီ ဝန်ကြီးများ အစည်းအဝေးပွဲ မတိုင်ခင် ဝမ်ရိက သတင်းထောက်များနှင့် တွေ့ဆုံစဉ်ပြောကြားခဲ့သည်။

၎င်း က ကျွန်းဆွယ်အတွင်း တင်းမာမှုများ မြင့်တက်လာသဖြင့် တစ်ချိန်တည်းမှာပင် ငြိမ်းချမ်းရေးဆွေးနွေးပွဲများ တိုးမြှင့်ဆောင်ရွက်သွားရန် တရုတ်နိုင်ငံက ရည်ရွယ်ကြောင်း ပြောကြားခဲ့သည်။

ဝမ်က ကိုရီးယားကျွန်းဆွယ် အတွင်း လက်ရှိဖြစ်ပွားနေသော တင်းမာမှုများကို ဖြေလျှော့နိုင်ရန် မြောက်ကိုရီးယား နှင့် ဆက်စပ်သော လုံခြုံရေးကောင်စီ၏ ဖြေရှင်းချက်များကို မည်ကဲ့သို့ လုံးဝပြီးပြည့်စုံစွာ ဆောင်ရွက်နိုင်ရေး နှင့် ပတ်သက်၍ အစည်းအဝေးပွဲ၌ သဘောတူညီချက်အသစ်များ ထွက်ပေါ်လာနိုင်ရန် နှင့် ပြီးပြည့်စုံသည့် ဆွေးနွေးမှုများ ရရှိနိုင်ရန် မျှော်လင့်ပါကြောင်းပြောကြားခဲ့သည်။

တရုတ်နိုင်ငံမှ အဆိုတင်သွင်းသည့် “လမ်းကြောင်း နှစ်ခုမှ ချဉ်းကပ်ခြင်း” သည် ကိုရီးယားကျွန်းဆွယ်အတွင်း နျူကလီးယားကင်းစင်ရေး နှင့် တောင်ကိုရီးယားနှင့် မြောက်ကိုရီးယားအကြား အချိန်အတိုင်းအတာတစ်ခုအထိ စစ်ပြေငြိမ်းမှုအား ငြိမ်းချမ်းရေးဖြစ်စဉ် နှင့် အစားထိုးရန် ညှိနှိုင်းဆောင်ရွက်ရေးတို့ကို တစ်ပြိုင်နက်တည်း လုပ်ဆောင်ခြင်းဖြစ်ကြောင်း သိရသည်။

ထို့အတူ “ရပ်ဆိုင်းမှု နှစ်ခု ပြုလုပ်ခြင်း” ဆိုသည်မှာ မြောက်ကိုရီးယားဘက် က နျူကလီးယားလုပ်ငန်းစဉ် နှင့် ဒုံးကျည်ပစ်လွှတ်ခြင်းတို့ကို ရပ်ဆိုင်းပြီး တောင်ကိုရီးယား နှင့် အမေရိကန်တို့ဘက်ကလည်း ပူးတွဲစစ်ရေးလေ့ကျင့်မှုကြီးများ ကို ရပ်ဆိုင်းရန်ဖြစ်ကြောင်း သိရသည်။

ဝမ် က ကိုရီးယားကျွန်းဆွယ်အရေး နှင့် ပတ်သက်၍ တရုတ်နိုင်ငံ၏ ရပ်တည်ချက်သည် ခိုင်မာပြတ်သားပြီး ဘက်လိုက်မည်မဟုတ်ကြောင်း ပြောကြားခဲ့သည်။

ဆွေးနွေးပွဲများ နှင့် ညှိနှိုင်းဆောင်ရွက်မှုများမှသာ နျူကလီးယားအရေးကိစ္စကို ငြိမ်းချမ်းစွာ ဖြေရှင်းနိုင်မည့် လက်တွေ့ကျသည့် တစ်ခုတည်းသော နည်းလမ်းဖြစ်ကြောင်း ဝမ်ကပြောကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.