Connect with us

International Organizations

ကုလသမဂ္ဂ ရာသီဥတုဆိုင်ရာ ဆွေးနွေးပွဲ ဂျာမနီနိုင်ငံ ဘွန်းတွင် ပြုလုပ်

ကုလသမဂ္ဂ ရာသီဥတု ပြောင်းလဲခြင်းဆိုင်ရာ ညှိနှိုင်းဆွေးနွေးပွဲအား တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

ဖရန့်ဖက်၊ မေ ၉ ရက် (ဆင်ဟွာ)

ကုလသမဂ္ဂ ရာသီဥတု ပြောင်းလဲခြင်းဆိုင်ရာ ညှိနှိုင်းဆွေးနွေးပွဲအား ဂျာမနီနိုင်ငံ အနောက်ပိုင်း ဘွန်းမြို့တွင် မေလ ၈ ရက်က စတင်ကျင်းပလျက်ရှိကြောင်း သိရသည်။

ကိုယ်စားလှယ်ပေါင်း ၃၀၀၀ ဝန်းကျင် တက်ရောက်ခဲ့ကြပြီး ပဲရစ် ရာသီဥတု ပြောင်းလဲခြင်းဆိုင်ရာ သဘောတူညီချက်ကို ပိုမို အကောင်အထည်ဖော်နိုင်ရေး၊ နိုဝင်ဘာလတွင် ဘွန်းမြို့၌ ပြုလုပ်မည့် ကုလသမဂ္ဂ ရာသီဥတု ပြောင်းလဲခြင်းဆိုင်ရာ ညီလာခံ (UNFCCC) တွင် ပါဝင်မည့် အဖွဲ့အစည်းများ ကွန်ဖရင့် (COP23) ကျင်းပရန် ပြင်ဆင်ခြင်းရေး စသည်တို့ ဆွေးနွေးကြမည် ဖြစ်ကြောင်း သိရသည်။

ဆယ်ရက်ကြာ ပြုလုပ်မည့် ညှိနှိုင်းဆွေးနွေးပွဲအား ကုလသမဂ္ဂမှ အကြမ်းဖျဉ်း ထုတ်ပြန်ထားချက်အရ အကောင်အထည်ဖော်ရေးအဖွဲ့ အစည်းအဝေး (SBI) ၊ သိပ္ပံနှင့် နည်းပညာဆိုင်ရာ အကြံပေးအဖွဲ့ အစည်းအဝေး (SBSTA) နှင့် ပဲရစ် သဘောတူညီချက် Ad Hoc အလုပ်အဖွဲ့ (APA) ၏ ပထမဆုံးအကြိမ် အစည်းအဝေး စသည့် အဓိက အစည်းအဝေးကြီး သုံးခုဖြင့် ကျင်းပမည် ဖြစ်သည်။

တရားဝင် ခေါင်းစဉ် တစ်ခုတော့ မဟုတ်သော်လည်း ပဲရစ် သဘောတူညီချက်မှ အမေရိကန် နုတ်ထွက်မည့် အကြောင်းက ဆွေးနွေးပွဲတွင် ထင်ဟပ်မှု ရှိခဲ့သည်။

ပြီးခဲ့သည့် လက အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်က သမ္မတအဖြစ် တာဝန်ယူပြီးနောက် ရက် ၁၀၀ ပြည့် မိန့်ခွန်းတွင် လာမည့် သီတင်းပတ် နှစ်ပတ်အတွင်း ပဲရစ် သဘောတူချက်နှင့်ပတ်သက်၍ ကြီးမားသော ဆုံးဖြတ်ချက် တစ်ခုချမည် ဖြစ်ကြောင်း သိရသည်။

ပဲရစ် သဘောတူညီချက်ကို နိုင်ငံပေါင်း ၁၉၅ နိုင်ငံက သဘောတူခဲ့ကြကြောင်း၊ အန္တရာယ်မဖြစ်စေဘဲ ကြီးမားသော အောင်မြင်မှု ရရှိရန် ရည်မှန်းချက်များဖြင့် ၁၉၅ နိုင်ငံက သဘောတူခဲ့ခြင်း ဖြစ်ကြောင်း ဂျာမနီ သဘာဝပတ်ဝန်းကျင် ဝန်ကြီးဋ္ဌာန ဝန်ကြီး Jochen Flasbarth က ဖွင့်ပွဲ အခမ်းအနား၌ ပြောကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.