Connect with us

International Organizations

ပဋိပက္ခဇုန်အတွင်းရှိ ကလေးငယ် ၂၅ သန်းကျော် ကျောင်းနေခွင့်မရကြောင်း ယူနီဆက်ပြော

ယူဂန္ဓာနိုင်ငံ မြောက်ပိုင်း၌အသစ်ဖွင့်လှစ်လိုက်သော ဒုက္ခသည်စခန်းတွင် ၂ဝ၁၆ ခုနှစ် ဧပြီလ ၁၃ ရက်က တောင်ဆူဒန်နိုင်ငံမှ ဒုက္ခသည်ကလေးငယ်များ ထမင်းစားနေကြသည်ကို တွေ့ ရစဉ် (ဆင်ဟွာ)

ကုလသမဂ္ဂ ၊ ဧပြီ ၂၅ ရက် (ဆင်ဟွာ)

ကမ္ဘာ့နိုင်ငံပေါင်း ၂၂ နိုင်ငံရှိ ပဋိပက္ခဖြစ်ပွားနေသော နယ်မြေဒေသအတွင်း နေထိုင်ကြရသည့် အသက် ၆ နှစ် မှ ၁၅ နှစ်အကြား ကလေးငယ် ၂၅ သန်းကျော် (သို့မဟုတ်) အဆိုပါ အသက်အရွယ်အပိုင်းအခြားရှိ ကလေးငယ် ၂၂ ရာခိုင်နှုန်းသည် ကျောင်းနေခွင့် မရကြကြောင်း ကုလသမဂ္ဂ ကလေးများ ရန်ပုံငွေအဖွဲ့(ယူနီဆက်) က ဧပြီလ ၂၄ ရက်တွင် ထုတ်ဖော်ပြောကြားလိုက်သည်။

အခြေခံပညာမူလတန်းအဆင့်တွင် တောင်ဆူဒန်နိုင်ငံမှ ကလေးငယ်များသည် ကျောင်းနေခွင့်မရသည့် နှုန်းတွင် အမြင့်ဆုံး၌ ရပ်တည်နေပြီး ပညာသင်ကြားခွင့်မရသည့် ကလေးငယ် ဦးရေမှာ ၇၂ ရာခိုင်နှုန်းနီးပါးအထိ ရှိနေကြောင်း ၊ ယင်းနိုင်ငံနောက်တွင် ချတ်ဒ် နိုင်ငံ နှင့် အာဖဂန်နစ္စတန်နိုင်ငံများက ရပ်တည်နေကြောင်း ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် ဂူတာရက်စ်၏ ပြောခွင့်ရပုဂ္ဂိုလ် Stephane Dujarric က ယူနီဆက်၌ ပြုလုပ်သည့် နေ့စဉ် သတင်းစာရှင်းလင်းပွဲတွင် ထည့်သွင်းပြောကြားခဲ့သည်။

အဆိုပါ သုံးနိုင်ငံတွင် အမျိုးသမီးပညာသင်ကြားခွင့်မရသည့် ဦးရေမှာလည်း အများဆုံးဖြစ်နေကြောင်း ၎င်းက ဆိုသည်။ အခြေခံပညာအလယ်တန်းအဆင့် အောက်တန်းတွင် ကျောင်းနေခွင့်မရသော နိုင်ငံများတွင် နိုက်ဂျာ ၊ တောင်ဆူဒန် နှင့် ဗဟိုအာဖရိက နိုင်ငံများက အရေအတွက်အများဆုံးဖြင့် ရပ်တည်နေသည်ကို တွေ့ရှိရကြောင်း အဆိုပါ ပြောခွင့်ရပုဂ္ဂိုလ်က ဆက်လက်ပြောကြားခဲ့သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.