Connect with us

International Organizations

ကမ္ဘာအနှံ့ ကလေးသူငယ် လက်ထပ်ထိမ်းမြားခြင်း လျော့ကျဟု ယူနီဆက်ပြောကြား

ဇင်ဘာဘွေနိုင်ငံတွင် ကလေးသူငယ် ထိမ်းမြားလက်ထပ်ခြင်း ရပ်တန့်ရေး တောင်းဆိုနေကြသူများအား တွေ့ရစဉ် (ဆင်ဟွာ)

ကုလသမဂ္ဂ၊ မတ် ၇ ရက် (ဆင်ဟွာ)

ကမ္ဘာပေါ်ရှိ နိုင်ငံအတော်များများ၌ ကလေးသူငယ် လက်ထပ်ထိမ်းမြားခြင်းလျော့ကျခဲ့ကြောင်း ကုလသမဂ္ဂ ကလေးများရန်ပုံငွေအဖွဲ့ (UNICEF) က ပြောကြားလိုက်သည်။

လွန်ခဲ့သော ၁၀ နှစ်အတွင်း အသက် ၁၈ နှစ်မတိုင်မီ မိန်းကလေးငယ် ၂၅ သန်းအား ထိမ်းမြားလက်ထပ်ခံရမှုမှ တားဆီးနိုင်ခဲ့ကြောင်း UNICEF က ပြောကြားခဲ့သည်။တောင်အာရှဒေသတွင် ဆယ်စုနှစ်အတွင်း ကလေးသူငယ် လက်ထပ်ထိမ်းမြားမှု အများဆုံး ကျဆင်းခဲ့ခြင်း ဖြစ်ပြီး ၄၉ ရာခိုင်နှှုန်းမှ ၃၀ ရာခိုင်နှုန်းအထိ ကျဆင်းခဲ့သည်။

အာဖရိက ဆာဟာရ သဲကန္တာရဒေသ၌ ကလေးသူငယ် လက်ထပ်ထိမ်းမြားမှု အများဆုံးရှိကြောင်း၊ ယင်းဒေသရှိ အမျိုးသမီး ၃၈ ရာခိုင်နှုန်းသည် အသက် ၁၈ နှစ်မတိုင်မီ လက်ထပ်ခဲ့ရကြောင်း သိရသည်။ကလေးသူငယ် လက်ထပ်ထိမ်းမြားမှုအနေဖြင့် နိုင်ဂျာနိုင်ငံသည် ၇၆ ရာခိုင်နှုန်းဖြင့် အမြင့်မားဆုံးဖြစ်ကြောင်း၊ ဗဟိုအာဖရိကသမ္မတနိုင်ငံတွင် ၆၈ ရာခိုင်နှုန်း၊ ချတ်ဒ်နိုင်ငံတွင် ၆၇ ရာခိုင်နှုန်းနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ၅၉ ရာခိုင်နှုန်း စသဖြင့် အသီးသီးရှိကြောင်း သိရသည်။သို့သော်လည်း ၂၀၃၀ ခုနှစ်၌ ကလေးသူငယ် လက်ထပ်ထိမ်းမြားခြင်း အဆုံးသတ်မည့် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှု ရည်မှန်းချက်များ လုပ်ဆောင်ကြောင်း UNICEF က ပြောကြားခဲ့သည်။ (Xinhua)