Connect with us

International Organizations

(၇၄) ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေ ညီလာခံ နယူးယောက် မြို့ တွင် စတင် ကျင်းပ

-စက်တင်ဘာ ၁၇ ရက်နေ့ တွင် နယူးယောက် မြို့ ၌ (၇၄) ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေ ညီလာခံ ကျင်းပ ပြုလုပ်နေစဉ်(ဆင်ဟွာ)

ကုလသမဂ္ဂ ၊ စက်တင်ဘာ ၁၈ ရက် (ဆင်ဟွာ)

(၇၄) ကြိမ် မြောက် ကုလသမဂ္ဂ အထွေထွေ ညီလာခံ အား စက်တင်ဘာ ၁၇ ရက် တွင် နယူးယောက် မြို့ ရှိ ကုလသမဂ္ဂ ရုံးချုပ် ၌ စတင် ကျင်းပ ပြုလုပ်ခဲ့ပြီး ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် ဂူတာရက်စ် နှင့် (၇၄) ကြိမ်မြောက် ညီလာခံ ဥက္ကဋ္ဌ တစ်ဂျာနီ မူဟာမက် ဘန်ဒီ (Tijjani Muhammad Bande) တို့က ညီလာခံ တွင် နိုင်ငံတကာ အသိုင်းအဝိုင်း အနေဖြင့် နိုင်ငံတကာ ပူးပေါင်း ဆောင်ရွက်မှု မူဝါဒ ကို တက်ကြွစွာ ထိန်းသိမ်းကာကွယ်သွားပြီး လူသားမျိုးနွယ် တစ်ရပ်လုံး ရင်းဆိုင်ရသည့် အခက်အခဲ နှင့် စိန်ခေါ်မှုများ ကို အတူတကွ ဖြေရှင်းသွားရန် အထူး ပြောကြား ခဲ့သည်။

ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် ဂူတာရက်စ် က မိန့်ခွန်း ပြောကြားရာတွင် ၂၀၂၀ ခုနှစ် သည် အရေးပါသည့် နှစ်တစ်နှစ် ဖြစ်ပြီး နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှု မူဝါဒ က ကမ္ဘာလုံးဆိုင်ရာ စိန်ခေါ်မှုများ အား အမှန်ကန်ဆုံးသော ဖြေရှင်းမှု နည်းလမ်းများ ပေးအပ် နိုင်မည် ကို လူအများ ယုံကြည်မှု ရရှိအောင် ဆောင်ရွက်ရမည် ဖြစ်ကြောင်း ၊ ကုလသမဂ္ဂ က နိုင်ငံအသီးသီး အစိုးရ အဖွဲ့ ၏ နိုင်ငံတကာ အဖွဲ့အစည်း တစ်ခု ဖြစ်ပြီး အခြားသော နိုင်ငံတကာ နှင့် ဒေသတွင်း အဖွဲ့အစည်းများ နှင့် ပိုမို နီးကပ်သော ချိတ်ဆက်ဆက်ဆံမှု ပုံစံ ရရှိအောင် တည်ဆောက်သွားရမည် ဖြစ်ကြောင်း ပြောကြား ခဲ့သည်။

တစ်ဂျာနီ မူဟာမက် ဘန်ဒီ က မိန့်ခွန်းပြောကြားရာတွင် ယခု အကြိမ် ညီလာခံ ၌ ရေရှည်ဖွံ့ဖြိုး တိုးတက်မှု ရည်မှန်းချက် ကို လက်တွေ့အကောင်အထည် ဖော်နိုင်ရန် အဓိကထား ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ၊ ဆင်းရဲနွမ်းပါးမှု လျှော့ချရေး ၊ အစာရေစာ ငတ်ပြတ်မှု လုံးဝ ပပျောက်ရေး ၊ ကောင်းမွန်သည့် ပညာသင်ကြားမှု ရရှိရေး ၊ ရာသီဥတုဆိုင်ရာ ဆောင်ရွက်မှု နှင့် သီးခံခွင့်လွတ်မှု စသည့် ကဏ္ဍများကိုလည်း ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ၊ ညီလာခံ အနေဖြင့် ငြိမ်းချမ်းရေး နှင့် လုံခြုံရေး အား တွန်းအားပေး ဆောင်ရွက်သွားမည် ဖြစ်ပြီး ကုလသမဂ္ဂ လုံခြုံရေး ကောင်စီ နှင့် ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်ရုံး နှင့် ညှိနှိုင်းပူးပေါင်းဆောင်ရွက်မှု တိုးချဲ့ ကာ တိုက်ခိုက်မှုများ မဖြစ်ပွားရန် ကြိုတင်ကာကွယ်နိုင်စွမ်း ကို တိုးမြှင့် နိုင်ရန် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပြောကြား ခဲ့သည်။

ကုလသမဂ္ဂ အထွေထွေ ညီလာခံ က ကုလသမဂ္ဂ ၏ သုံးသပ်မှု ၊ လေ့လာစောင့်ကြည့်မှု နှင့် စစ်ဆေးမှု ဆောင်ရွက်သော အဓိက အဖွဲ့အစည်း တစ်ခု ဖြစ်ပြီး ကုလသမဂ္ဂ အဖွဲ့ဝင် နိုင်ငံများ ဖြင့် ဖွဲ့စည်း ထားခြင်း ဖြစ်ကြောင်း ၊ နှစ်စဉ် စက်တင်ဘာလ မှ ဒီဇင်ဘာလ အတွင်း နှစ်စဉ် ပုံမှန် ညီလာခံ ကျင်းပ ပြုလုပ်လေ့ ရှိကြောင်း ၊ ညီလာခံ အား ပထမ ပိုင်း ပုံမှန် ဆွေးနွေးမှု နှင့် ညီလာခံ စစ်ဆေးသုံးသပ်မှု အား ဆွေးနွေးမှု ဆောင်ရွက်ခြင်း ဟူ၍ နှစ်ပိုင်း ခွဲထားကြောင်း သိရှိရသည်။

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.