Connect with us

International Organizations

တောင်အတ္တလန္တိတ် သမုဒ္ဒရာ တောင် ဂျော်ဂျီယာ နှင့် တောင် ဆင်းဒဝစ်ဂျ် ကျွန်းစု အနီးတွင် ပြင်းအား ၆.၅ အဆင့်ရှိ ငလျင် လှုပ်ခတ်

ငလျင် လှုပ်ရှား သည့် လှိုင်း အား တွေ့ ရစဉ် (ဓာတ်ပုံ--အင်တာနက်)

ဗျူနိုအဲရစ် ၊ ဧပြီ ၆ ရက် (ဆင်ဟွာ)

တောင်အတ္တလန္တိတ် သမုဒ္ဒရာ တောင် ဂျော်ဂျီယာ နှင့် တောင် ဆင်းဒဝစ်ဂျ် ကျွန်းစု အနီး ပင်လယ်ပြင် တွင် ဧပြီလ ၅ ရက် ၌ ပြင်းအား ၆.၅ အဆင့်ရှိ ငလျင် လှုပ်ခတ် ခဲ့ပြီး လက်ရှိချိန်ထိ သေဆုံး ဒဏ်ရာရရှိမှု နှင့် ပျက်စီး ဆုံးရှုံးမှု စာရင်း မထွက်ရှိ သေးကြောင်း သိရှိရသည်။

အမေရိကန် နိုင်ငံ ဘူမိဗေဒ တိုင်းတာရေးဌာန ၏ ထုတ်ပြန်ချက်အရ ငလျင် သည် ဂရင်းနစ် စံတော်ချိန် ၅ ရက် ၁၆ နာရီ ၁၄ မိနစ် အချိန် တွင် လှုပ်ခတ် ခဲ့ကြောင်း ၊ ငလျင် သည် တောင်လတ္တီတွဒ် ၅၅.၉ ဒီဂရီ နှင့် အနောက် လောင်ဂျီတွဒ် ၂၇.၈ ဒီဂရီ တွင် မြေအောက် အနက် ၅၈.၄ ကီလိုမီတာ သို့ ဗဟိုပြုလှုပ်ခတ် ခဲ့ကြောင်း သိရှိရသည်။

တောင် ဂျော်ဂျီယာ နှင့် တောင် ဆင်းဒဝစ်ဂျ် ကျွန်းစု က တောင်ဝန်ရိုးစွန်း အနီးတွင် တည်ရှိပြီး ကျွန်းပေါ် တွင် တောင်အများ အပြား တည်ရှိကာ ရေခဲပြင်များ အမြဲ ဖုံးလွှမ်းနေပြီး လူနေထိုင်မှု မရှိကြောင်း သိရှိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.