Connect with us

Latin America

ကိုပါအမေရိက ၂ဝ၁၉ ပြိုင်ပွဲကို ဘရာဇီးနိုင်ငံတွင် ကျင်းပမည်

ကိုပါအမေရိကဖလား၂ဝ၁၆ ပြိုင်ပွဲဝင် ဘရာဇီးလက်ရွေးစင် ဘောလုံးအသင်းအားတွေ့ရစဉ်(ဆင်ဟွာ)

မွန်တီဗီဒီယို ၊ ဇွန် ၇ ရက် (ဆင်ဟွာ)

တောင်အမေရိကဘောလုံးအဖွဲ့ချုပ် (Commebol) ဥက္ကဋ္ဌ Alejandro Dominguez က ၂ဝ၁၉ ကိုပါအမေရိက ဖလားပြိုင်ပွဲကို ဘရာဇီးနိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပခွင့်ရကြောင်း ဇွန်လ ၇ ရက်တွင် ကြေညာလိုက်သည်။

“ ၂ဝ၁၉ ခုနှစ် ကိုပါအမေရိကဖလား ပြိုင်ပွဲကျင်းပဖို့ဘရာဇီးနိုင်ငံက အကောင်းဆုံးပါပဲ” ဟု တောင်အမေရိကဘောလုံးအဖွဲ့ချုပ် ရုံးစိုက်ရာ ပါရာဂွေးနိုင်ငံ Asuncion မြို့မှတဆင့် Conmebol အင်တာနက်ဝက်ဆိုက် ပေါ်မှ သတင်းထုတ်ပြန်ခဲ့သည်။
ဘရာဇီးနိုင်ငံသည် ကိုပါအမေရိက ဖလားပြိုင်ပွဲကို ၁၉၈၉ ခုနှစ်တွင် အိမ်ရှင်အဖြစ် နောက်ဆုံးအကြိမ် ကျင်းပခွင့်ရခဲ့သည်။ ၎င်းမတိုင်မီက ၁၉၁၉ ၊ ၁၉၂၂ နှင့် ၁၉၄၉ ခုနှစ်များတွင်လည်း အိမ်ရှင်အဖြစ် သုံးကြိမ် ကျင်းပခွင့်ရခဲ့သည်။ လာမည့် ၂ဝ၁၉ ခုနှစ်တွင် ကိုပါအမေရိကဖလားကို အိမ်ရှင်အဖြစ် လက်ခံကျင်းပရန် နောက်ထပ်တစ်ကြိမ် အလှည့်ကျလာခြင်းဖြစ်သည်။
လက်ရှိ အမေရိကန်နိုင်ငံတွင် ကျင်းပနေသော ကိုပါ အမေရိကဖလား နှင့် ပက်သတ်၍ Alejandro က ၂ဝ၁၅ ခုနှစ်တွင် နောက်ဆုံးအကြိမ် ချီလီ၌ ကျင်းပခဲ့သလိုပင် ကြီးကျယ် ခမ်းနားလှကြောင်း ချီးကျူး ပြောကြားခဲ့သည်။
ကိုပါအမေရိကဖလားပြိုင်ပွဲ အဆင့်အတန်းမြင့်မားလာသည်ကို အားလုံး မြင်တွေ့နေရကြောင်း နှင့် ပြည်သူများပါ ပျော်ရွှင်စွာ ပါဝင်ဆင်နွှဲ နေကြကြောင်း ပါရာဂွေးအခြေစိုက် ဘောလုံးအဖွဲ့ချုပ်က ဆိုသည်။
ယခုနှစ် အမေရိကန်နိုင်ငံတွင်ကျင်းပနေသည့် The Copa America Centenario ဘောလုံးပြိုင်ပွဲသည် ကိုပါအမေရိကဖလားဘောလုံးပြိုင်ပွဲကြီး စတင်ကျင်းပခဲ့မှု နှစ်၁ဝဝ ပြည့် ဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.