Connect with us

Latin America

ဗင်နီဇွဲလားတွင် ယာဉ်မတော်တဆမှုကြောင့် လူ ၁၃ဦးထက်မနည်းသေဆုံး

ဗင်နီဇွဲလားနိုင်ငံတွင် ယာဉ်မတော်တဆမှု ဖြစ်ပွားခဲ့သည့် ဘတ်စ်ကားနှစ်စီးအားတွေ့ရစဉ် (ဓါတ်ပုံ-အင်တာနက်)

ဗင်နီဇွဲလား၊ မေ ၃ ရက် (ဆင်ဟွာ)

ဗင်နီဇွဲလားနိုင်ငံ အရှေ့မြောက်ပိုင်း Anzoategui ပြည်နယ် တွင် မေ ၂ ရက် နံနက်ပိုင်းက ဘတ်စ်ကားနှစ်စီး တိုက်မိခဲ့ရာ အနည်းဆုံး လူ ၁၃ဦးသေဆုံးပြီး အခြားလူ ၃၇ဦး ဒဏ်ရာရရှိခဲ့ကြောင်း ပြည်နယ် အုပ်ချုပ်ရေးမှူး Francisco Rangel က ကြေညာခဲ့သည်။

Rangel က ပြည်နယ်မြို့တော် ဘာဆယ်လိုနာမြို့ တွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ၌ မြို့တော် Caracas မြို့ အနောက်မြောက်ဘက် ၄၀၀ ကီလိုမီတာ အကွာခန့် ရှိ El Amparo ခရိုင် တွင် ယာဉ်မတော်တဆမှု ဖြစ်ပွားခဲ့ကြောင်း ပြောကြားခဲ့သည်။

အုပ်ချုပ်ရေးမှူးက ခရီးမှ ပြန်လာသော ဘတ်စ်ကားတစ်စီး နှင့် ရပ်ထားသော အခြား ဘတ်စ်ကားတစ်စီးတို့ တိုက်မိခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်ကို သတင်း၌ဖော်ပြခဲ့သည်။

အာဏာပိုင်များအား အသိပေးခဲ့ပြီးနောက် အခင်းဖြစ်ပွားသို့ နံနက် ၃နာရီ ပတ်ဝန်းကျင် တွင် ကယ်ဆယ်ရေး အဖွဲ့များ စေလွှတ်ခဲ့ကြောင်း နှင့် ဒဏ်ရာရရှိသူ ၃၇ဦးကို နီးစပ်ရာ ဆေးရုံများသို့ပို့ဆောင်ပေးခဲ့ကြောင်း Rangel က ရှင်းလင်းပြောကြားခဲ့သည်။

ဒဏ်ရာရရှိသူများသည် မြို့တော်အတွင်း ကျင်းပခဲ့သော နိုင်ငံတကာ အလုပ်သမားနေ့ အထိမ်းအမှတ်ပွဲများတွင်ပါဝင်ခဲ့သည့် ပညာရေးဝန်ကြီးဋ္ဌာန နှင့် Venezuelan Guayana Corporation မှ ဖြစ်ကြကြောင်းသိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.