Connect with us

Latin America

ဘရာဇီး၌ ယာဉ်မတော်တဆမှုကြောင့် အနည်းဆုံး လူ ၂၁ ဦးသေ ၊ ၂၂ ဦးဒဏ်ရာရ

ဘရာဇီးနိုင်ငံ၌ ဇွန်လ ၂၂ ရက်က လူပေါင်း ၂၁ ဦးသေဆုံးခဲ့ရသည့် ယာဉ်မတော်တဆမှုမြင်ကွင်းအားတွေ့ရစဉ် (ဆင်ဟွာ)

ရီယိုဒီဂျနေရိုး ၊ ဇွန် ၂၃ ရက် (ဆင်ဟွာ)

ဘရာဇီးနိုင်ငံ၌ ဇွန်လ ၂၂ ရက်က ဖြစ်ပွားခဲ့သော ကားလေးစီးဆင့်တိုက်မှုကြောင့် သေဆုံးသူဦးရေမှာ ၂၁ ဦးထိ မြင့်တက်ခဲ့ပြီး ဒဏ်ရာရသူဦးရေမှာလည်း ၂၂ ဦးထိရှိခဲ့ကြောင်း ဘရာဇီး အာဏာပိုင်များက ဆိုသည်။

ဘရာဇီးနိုင်ငံ တောင်ပိုင်း Espirito Santo ပြည်နယ်ရှိ Guarapari မြူနီစပယ်စြင်္က ံအနီး၌ ဘတ်စ်ကားတစ်စီး ၊ ထရပ်ကားတစ်စီး နှင့် လူနာတင်ယာဉ် နှစ်စီးအပါအဝင် ကားလေးစီး ဆက် ယာဉ်မတော်တဆမှုကြီး ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

ကျောက်ခဲများ သယ်ဆောင်လာသော ထရပ်ကား တစ်စီးသည် မျက်နှာချင်းဆိုင်လမ်းကြောထဲ ဝင်ရောက်သွားခဲ့ပြီး Vitoria ပြည်နယ် Espirito Santo မြို့ နှင့် ဘရာဇီးနိုင်ငံ၏ အကြီးဆုံးမြို့ဖြစ်သော ဆာအိုပေါ်လိုမြို့အကြား မောင်းနှင်သွားလာနေသည့် ဘတ်စ်ကားတစ်စီး နှင့် ခေါင်းချင်းဆိုင် တိုက်မိခဲ့ခြင်းဖြစ်သည်။

အခင်းဖြစ်နေရာတွင် ဘတ်စ်ကားအနောက်မှ အပြိုင်မောင်းနှင်လာသော လူနာတင်ယာဉ် နှစ်စီးမှာလည်း ဘတ်စ်ကားကို ရှောင်ရှားနိုင်ခြင်း မရှိဘဲ တိုက်မိကာ တိမ်းမှောက်သွားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ဘတ်စ်ကားပေါ်လိုက်ပါလာသူများအနက် ၁၃ ဦးသေဆုံးပြီး အခြား ၁၉ ဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း ၊ လူနာတင်ယာဉ် တစ်စီးပေါ် လိုက်ပါလာသူများအနက် တစ်ဦးသေဆုံးပြီး ၅ ဦး ဒဏ်ရာရခဲ့ကြောင်း နှင့် အခြား လူနာတင်ယာဉ်ပေါ်လိုက်ပါလာသူ ၃ ဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း သိရသည်။ ထို့ပြင် ထရပ်ကား ယာဉ်မောင်းမှာလည်း သေဆုံးသွားကြောင်း သိရသည်။

မည်သည့်ယာဉ်ပေါ်တွင် လိုက်ပါလာမှန်းမသိသည့် အခြား သေဆုံးသူ ၆ ဦး၏ ရုပ်အလောင်းကိုလည်း ရှာဖွေတွေ့ရှိခဲ့ကြောင်း ပြည်ထောင်စုအဝေးပြေးလမ်း ယာဉ်ထိန်းရဲ၏ အဆိုအရ သိရသည်။

သေဆုံးသူအများစုမှာ ယာဉ်တိမ်းမှောက်မှုဖြစ်ပွားပြီးနောက် မီးလောင်ကျွမ်းရာမှ သေဆုံးခဲ့ရခြင်းဖြစ်သည်။ ဒဏ်ရာရသူ ၂၂ ဦးအနက် ၇ ဦးမှာ စိုးရိမ်ဖွယ်အနေအထားတွင် ရှိနေပြီး ဒေသဆိုင်ရာ ဆေးရုံသို့တင်ပို့ထားကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.