Connect with us

Latin America

တရုတ်-ပနားမား သံတမန်ဆက်ဆံရေး ထူထောင်ခြင်းက နှစ်နိုင်ငံစလုံးအတွက် အကျိုးအမြတ်ဖြစ်စေမည်

တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဝမ်ရိ နှင့် ပနားမားနိုင်ငံ ဒုတိယသမ္မတ နှင့် နိုင်ငံခြားရေးဝန်ကြီးဌာနဝန်ကြီး Isabel Saint Malo de Alvarado တို့ နှစ်ဦးအား သတင်းစာရှင်းလင်းပွဲ၌ အတူတကွ တွေ့ ရစဉ် (ဆင်ဟွာ)

ပနားမားစီးတီး ၊ ပေကျင်း ၊ ဇွန် ၁၅ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ နှင့် ပနားမားနိုင်ငံတို့သည် ဇွန်လ ၁၃ ရက်တွင် သမိုင်းဝင် သံတမန်ဆက်ဆံရေးကိုထူထောင်လိုက်ခြင်းဖြင့် ၎င်းတို့နှစ်နိုင်ငံအကြား ကဏ္ဍစုံ နှင့် နှစ်ဘက်အပြန်အလှန်အကျိုးစီးပွားပူးပေါင်းဆောင်ရွက်မှုအတွက် စာမျက်နှာအသစ်တစ်ခုကို ဖွင့်လှစ်လိုက်ခြင်း ပင်ဖြစ်သည်။

ပနားမားနိုင်ငံသမ္မတ ဂျူအန်ကားလိုစ့်ဗယ်ရီလ ( Juan Carlos Varela) က ရုပ်မြင်သံကြားဖန်သံပြင်ပေါ်မှ တဆင့် မိန့်ခွန်းပြောကြားရာတွင် ပနားမားနိုင်ငံအတွက် “ မှန်ကန်သော လမ်းကြောင်းရွေးချယ်မှု” ဟူ၍ ဂုဏ်ပြုပြောကြားခဲ့သည်။

ထို့ပြင် ၎င်းက “ တရုတ်ပြည်သူ့သမ္မတနိုင်ငံဟာ ပနားမားနိုင်ငံရဲ့ စီးပွားရေးမှာ အရေးပါတဲ့ အခန်းကဏ္ဍက အမြဲပါဝင်နေပါတယ်” ဟု ချီးကျူးစကားဆိုခဲ့သည်။

တရုတ်နိုင်ငံသည် ပနားမားရေလက်ကြားကို ဒုတိယအများဆုံးအသုံးပြုနေသော နိုင်ငံတစ်နိုင်ငံ ဖြစ်သလို ပနားမားနိုင်ငံ Colon မြို့ရှိ လွတ်လပ်သောစီးပွားရေးဇုန် တစ်ခု အတွက် ကုန်သွယ်ရေးကို အဓိက ဦးဆောင်ဖော်ဆောင်ပေးနေသည့် နိုင်ငံတစ်နိုင်ငံ ဖြစ်ကြောင်း သမ္မတ ကားလိုစ့် က ပြောကြားခဲ့သည်။

တရုတ်နိုင်ငံ ပေကျင်းမြို့၌ ပြုလုပ်သော ပူးတွဲသတင်းစာရှင်းလင်းပွဲတွင် တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိက ပနားမားနိုင်ငံသည် အရေးကြီးသော လက်တင်အမေရိကနိုင်ငံတစ်နိုင်ငံဖြစ်ကြောင်း နှင့် တရုတ်နိုင်ငံပြည်သူများအနေဖြင့် ပနားမားပြည်သူများနှင့်အတူ ရိုးရာအစဉ်အလာ ချစ်ကြည်ရင်းနှီးမှုကို လေးစားတန်ဖိုးထားပါကြောင်း ထည့်သွင်းပြောကြားခဲ့သည်။

ပနားမားနိုင်ငံသမ္မတ ဗယ်ရီလ နှင့် ပနားမားအစိုးရတို့တွေ့ဆုံပြီး တိုင်းပြည်၏ အခြေခံကျသော အကျိုးစီးပွားအတွက် နိုင်ငံရေးဆုံးဖြတ်ချက်ကို ချမှတ်ခဲ့ခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

“နှစ်နိုင်ငံဆက်ဆံရေးထူထောင်လိုက်ခြင်းဖြင့် နှစ်ဘက် အပြန်အလှန် အကျိုးစီးပွားအတွက် အလုံးစုံပူးပေါင်းဆောင်ရွက်မှုကို ကျယ်ကျယ်ပြန့်ပြန့်လုပ်ဆောင်နိုင်ပြီး အကျိုးအမြတ်တွေကို ယူဆောင်ပေးလိမ့်မယ်ဆိုတာကို ကျွနု်ပ်တို့နှစ်ဘက်စလုံးက သဘောတူခဲ့ကြပါတယ်” ဟု ၎င်းက ဆိုသည်။

နှစ်ဘက်စလုံးအနေဖြင့် အဆင့်အတန်းမျိုးစုံ နှင့် နယ်ပယ်မျိုးစုံ၌ ချစ်ကြည်ရင်းနှီးစွာ အပြန်အလှန်ဖလှယ်ခြင်းများတွင် ညှိနှိုင်းဆောင်ရွက်သွားကြမှာဖြစ်သလို နိုင်ငံရေးအပြန်အလှန်ယုံကြည်မှုကို နက်ရှိုင်းစွာ တည်ဆောက်သွားမည်ဖြစ်ကြောင်း ဝမ်ရိက ဆိုသည်။ ခေတ်သစ်ပိုးလမ်းမကြီး ဖော်ဆောင်မှုတွင် ပနားမားနိုင်ငံ၏ တက်ကြွစွာ ပါဝင်ဆောင်ရွက်မှုကို တရုတ်နိုင်ငံက ကြိုဆိုပါကြောင်း ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။

တရုတ်-ပနားမား နှစ်နိုင်ငံ သံတမန်ဆက်ဆံရေးထူထောင်ခြင်းက တရုတ်နိုင်ငံ၏ လက်တင်အမေရိကဆိုင်ရာ ခေတ်ပြိုင်နိုင်ငံတကာဆက်ဆံရေးရုံး ညွှန်ကြားရေးမှူး Wu Hongying အတွက် အံ့သြမှု မဖြစ်စေခဲ့ပါ။ “ ပနားမားမှာရှိတဲ့ နိုင်ငံရေးသမားတွေရော စီးပွားရေးသမားတွေပါ တရုတ်နိုင်ငံရဲ့ သြဇာကြီးမားလာမှု နဲ့အင်အားကြီးမားလာမှုကို မျက်မြင်တွေ့ရှိခဲ့ပြီးဖြစ်ပါတယ်” ဟု Wu က ဆိုသည်။

ပနားမားနိုင်ငံရှိ အချို့သော နိုင်ငံရေးအကဲခတ်များက ပြောကြားရာတွင် သံတမန်ဆက်ဆံရေးထူထောင်ခြင်းက တရုတ်-ပနားမား နှစ်နိုင်ငံအကြား ဘက်စုံပူးပေါင်းဆောင်ရွက်မှုအတွက် အကျိုးအမြတ်ဖြစ်ထွန်းစေမည့် ကတိကဝတ်တစ်ခုကို ဖွင့်လှစ်လိုက်ခြင်းဖြစ်သလို ပနားမားနိုင်ငံအတွက် သမိုင်းဝင် အရွေ့တစ်ခုပါပဲ ဟူ၍လည်း အဓိပ္ပါယ်ဖွင့်ဆိုခဲ့ကြသည်။

ပနားမားတက္ကသိုလ် နိုင်ငံတကာဥပဒေဌာန ပါမောက္ခ Julio Yao က သံတမန်ဆက်ဆံရေးဆုံးဖြတ်ချက်သည် တရုတ် နှင့် ပနားမား နှစ်နိုင်ငံစလုံးအတွက် အလွန်အရေးပါသော ဆုံးဖြတ်ချက်တစ်ခု ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ဆင်ဟွာသတင်းဌာနနှင့်ပြုလုပ်သော တွေ့ဆုံမေးမြန်းခန်းတွင် Yao က ပနားမားနိုင်ငံအနေဖြင့် တရုတ်နိုင်ငံ နှင့် သံတမန်ဆက်ဆံရေးထူထောင်ရန် လွယ်လွယ်ကူကူ လုပ်ဆောင်ခဲ့ရခြင်းမဟုတ်ကြောင်း နှင့် ယင်းသို့လုပ်ဆောင်ခဲ့ခြင်းအပေါ် သမ္မတဖယ်ရီလ အစိုးရအား ချီးကျူးစကားဆိုခဲ့သည်။

၁၉၇၇ ခုနှစ်တွင် ချုပ်ဆိုခဲ့သော ပနားမားတူးမြောင်းလွှဲပြောင်းရေး သဘောတူညီမှုတွင် ပါဝင်ဆောင်ရွက်ခဲ့သည့် ကျွမ်းကျင်ပညာရှင်တစ်ဦးဖြစ်သူ Yao က ပနားမားနိုင်ငံ၏ သံတမန်ဆက်ဆံရေး ဆုံးဖြတ်ပိုင်ခွင့်တွင် လွတ်လွတ်လပ်လပ် လှုပ်ရှားလာနိုင်သည့် အရွေ့မြင်ကွင်းတစ်ခုဟု ပြောကြားခဲ့သည်။

တစ်ချိန်တည်းမှာပင် ၎င်းအရွေ့သည် ပနားမားနိုင်ငံ နှင့် ကမ္ဘာ့စီးပွားရေးအင်အားကြီး နိုင်ငံတို့အကြား ပူးပေါင်းဆောင်ရွက်မှု အခွင့်အလမ်းအတွက် ကျယ်ကျယ်ပြန့်ပြန့်ဖွင့်လှစ်ပေးလိုက်ခြင်းဖြစ်ကြောင်း ဆိုသည်။

“ ဒါဟာ ပနားမားနိုင်ငံရဲ့ ကုန်သွယ်ရေးတိုးတက်လာအောင်တွန်းအားပေးနိုင်မှာဖြစ်သလို ၊ သိပ္ပံပညာ နဲ့ နည်းပညာဖွံ့ဖြိုးတိုးတက်မှု အပါအဝင် နိုင်ငံရဲ့ အကျိုးစီးပွားကို တိုးပွားစေမှာဖြစ်ပါတယ်” ဟု Yao က ဆိုသည်။

ပနားမားနိုင်ငံ၏ နည်းပညာတီထွင်ဆန်းသစ်မှုကို များစွာ အထောက်အကူပြုနိုင်မှာဖြစ်သလို အထူးသဖြင့် ပနားမားတူးမြောင်း နှင့်ပတ်သက်သော နည်းပညာပိုင်းကိုလည်း တရုတ်နိုင်ငံက များစွာ ပါဝင်ဆောင်ရွက်နိုင်မည်ဟု ၎င်းက ယုံကြည်သည်။

“ ဒီဆုံးဖြတ်ချက်ကြောင့် ပနားမားက အမြတ် အများကြီးရလိုက်တယ်။ ဘာမှ အရှုံးမရှိပါဘူး” ဟု Yao က ဆိုသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.