Connect with us

Latin America

တရုတ်-ပနားမား နှစ်နိုင်ငံ သံတမန်ဆက်ဆံရေးထူထောင်

ပနားမားနိုင်ငံသမ္မတ ဂျူအန်ကားလိုစ့်ဗယ်ရီလာ အားတွေ့ ရစဉ်(ဆင်ဟွာ)

ပနားမားစီးတီး၊ဇွန်၁၃ရက်(ဆင်ဟွာ)

တရုတ်ပြည်သူ့သမ္မတနိုင်ငံ နှင့် ပနားမားသမ္မတနိုင်ငံတို့အကြား သံတမန်ဆက်ဆံရေးထူထောင်လိုက်ကြောင်း ဇွန်လ ၁၂ ရက်တွင် ပြုလုပ်သည့် ရုပ်မြင်သံကြား မိန့်ခွန်းပြောကြားမှု အစီအစဉ်တစ်ခု၌ ပနားမားသမ္မတ ဂျူအန်ကားလိုစ့်ဗယ်ရီလာ (Juan Carlos Varela ) က ထုတ်ဖော်ပြောကြားခဲ့သည်။

တရုတ်နိုင်ငံသည် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ ရုံးတစ်ခုကို ပနားမားနိုင်ငံ၌ ၁၉၉၆ ခုနှစ်တွင် ဖွင့်လှစ်တည်ထောင်ခဲ့သည်။ထိုအချိန်မှစတင်ကာ နှစ်နိုင်ငံစလုံးသည် နယ်ပယ်ကဏ္ဍစုံတွင် ပူးပေါင်းဆောင်ရွက်မှုကို ထိန်းသိမ်းခဲ့ကြသည်။

ပနားမားနိုင်ငံက တရုတ်ထိုင်ဝမ် နှင့်ဆက်ဆံရေးကို ဖြတ်တောက်လိုက်ပြီးနောက်တွင် တရုတ်နိုင်ငံ နှင့် ပနားမား နှစ်နိုင်ငံတို့အကြား တရားဝင် သံတမန်ဆက်ဆံရေး ထူထောင်လိုက်ခြင်းဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.