Connect with us

Latin America

၄ ရက်ကြာ တာဝန်ထမ်းဆောင်ပြီးနောက် ချီလီယဉ်ကျေးမှှုဝန်ကြီးရာထူးမှ နုတ်ထွက်

ရာထူးမှ နုတ်ထွက်သွားသာ ချီလီနိုင်ငံယဉ်ကျေးမှုဝန်ကြီး Mauricio Rojas အားတွေ့ ရစဉ်(ဆင်ဟွာ)

ဆန်တီယေဂို ၊ သြဂုတ် ၁၄ ရက်(ဆင်ဟွာ)

၄ ရက်ကြာတာဝန်ထမ်းဆောင်ပြီးနောက် ရာထူးမှနုတ်ထွက်စာတင်ခဲ့သည့် ယဉ်ကျေးမှုဝန်ကြီးဌာနဝန်ကြီး Mauricio Rojas ၏ နုတ်ထွက်စာကို ချီလီနိုင်ငံ သမ္မတ Sebastian Pinera က သြဂုတ် ၁၃ ရက်တွင် လက်ခံခဲ့ကြောင်း သိရသည်။

ချီလီနိုင်ငံအား ၁၉၇၃ ခုနှစ် မှ ၁၉၉၀ ပြည့်နှစ်အထိ အုပ်ချုပ်ခဲ့သော စစ်အာဏာရှင် ပီနိုချေးလက်ထက်တွင် အသက်သေဆုံးခဲ့သူများအား ဂုဏ်ပြုထားသည့် ချီလီနိုင်ငံ၏ လူ့အခွင့်အရေး နှင့် အောက်မေ့ဖွယ် ပြတိုက် အခန်းကဏ္ဍအပေါ် ၎င်းကမေးခွန်းထုတ်ခဲ့ပြီးနောက် Rojas သည် ရာထူးမှ နုတ်ထွက်စာတင်ခဲ့ခြင်းဖြစ်သည်။

“ကျွန်တော်တို့နိုင်ငံရဲ့ အမှောင်ဆုံးကာလတစ်ခုမှာ ဘာတွေလေ့လာရမလဲ ၊ သက်သေတွေ နဲ့ထုတ်ပြန်ချက်တွေကို ချန်လှပ်ပြီး လူ့အခွင့်အရေး နဲ့အောက်မေ့ဖွယ်ပြတိုက်ကို လေးစားစိတ်နဲ့အတူ သူ့ရဲ့အတွေးအခေါ်တွေနဲ့ပြောဆိုချက်တွေကို ကျွန်တော်တို့Share မလုပ်ပါဘူး” ဟု ၎င်း၏ နုတ်ထွက်စာတွင် Pinera က ဆိုသည်။

၂ဝ၁၆ ခုနှစ်တွင် ပြတိုက် တည်ဆောက်ခြင်းအယူအဆအပေါ် Rojas က ဝေဖန်ခဲ့ပြီး “ နိုင်ငံအတွက် ဝမ်းနည်းအရှက်ရစရာ ကိစ္စကြီးတစ်ခုဖြစ်သလို ကျွန်တော်တို့တွေကို အသိတွေအများကြီးပေးခဲ့ပါတယ်” ဟု El Mercurio ၏ နေ့စဉ်သတင်းစာတွင် ဖော်ပြထားသည်။

၎င်း၏ အငြင်းပွားဖွယ်ရာ မှတ်ချက်စကားကို ပြီးခဲ့သော ရက်သတ္တပတ်ကုန်ပိုင်းက အခြား နေ့စဉ်သတင်းစာတစ်စောင်တွင် ဖော်ပြခဲ့ပြီး ပြတိုက်ညွှန်ကြားရေးမှူးအပါအဝင် အခြားမတူကွဲသောအုပ်စုများအကြားတွင် အချေအတင် ဆွေးနွေးစရာ ဖြစ်လာခဲ့ရသည်။

ယခင်က သမ္မတ Pinera အတွက် မိန့်ခွန်းရေးသားပေးသူအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည့် Rojas သည် ပြီးခဲ့သော သြဂုတ် ၉ ရက်တွင် သမ္မတ Pinera က ၎င်း၏အစိုးရအဖွဲ့ကို အသစ်ပြန်လည်ဖွဲ့စည်းစဉ် ယဉ်ကျေးမှုဝန်ကြီးအဖြစ် ရာထူးလက်ခံခဲ့သူဖြစ်သည်။

၎င်း၏ နေရာတွင် ယခင် ပြတိုက်ညွှန်ကြားရေးမှူး Consuelo Valdes က အစားထိုးခန့်အပ်ခံရကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.