Connect with us

Latin America

ဗင်နီဇွဲလား အကျဉ်းထောင်အတွင်း သေဆုံးသူ ၁၅ ဦး၏ ရုပ်အလောင်းများ တွေ့ရှိ

ဗင်နီဇွဲလားနိုင်ငံရှိ အကျဉ်းထောင် တစ်ခု အတွင်းဘက် မြင်ကွင်းအား တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

ကရာကက်စ်၊ မတ် ၁၉ ရက် (ဆင်ဟွာ)

ဗင်နီဇွဲလားနိုင်ငံရှိ အကျဉ်းထောင် တစ်ခုအတွင်း ဖြစ်ပွားခဲ့သည့် အကြမ်းဖက်မှုကြောင့် သေဆုံးခဲ့သူ အရေအတွက်မှာ ၁၅ ဦး အထိ ရှိလာပြီး ဖြစ်ကြောင်း မတ်လ ၁၈ ရက်တွင် တာဝန်ရှိသူများက ကြေညာခဲ့သည်။

ဗင်နီဇွဲလားနိုင်ငံ မြောက်ပိုင်း Guarico ပြည်နယ် San Juan de Los Morros မြို့တွင် ရှိသော General Penitentiary အကျဉ်းထောင် (PGV) အတွင်း သေဆုံးသူ ၁၅ ဦးကို တွေ့ရှိခဲ့ရကြောင်း စုံစမ်းစစ်ဆေးမှုအပြီး ထုတ်ပြန်သည့် ကြေညာချက်တွင် ရှေ့နေချုပ်က ပြောကြားခဲ့သည်။

အကျဉ်းထောင်အား ထိန်းသိမ်းရန် ရက်သတ္တပတ်များစွာအကြာ ပြုလုပ်ခဲ့ပြီးနောက် အစားအစာနှင့် ဆေးဝါး ရှားပါးသည်ဟူသော အကြောင်းပြချက်ဖြင့် PGV အကျဉ်းထောင်မှ အကျဉ်းသား ၉၀၀၀ ဦးလုံးအား ရွှေ့ပြောင်းမည် ဖြစ်ကြောင်း ပြီးခဲ့သည့် အောက်တိုဘာလတွင် အစိုးရက ကြေညာခဲ့သည်။

ကျွမ်းကျင်သူ ၂၀ ဦး ပါဝင်သည့် အဖွဲ့က PGV အကျဉ်းထောင်အတွင်း ရှာဖွေရေး လုပ်ဆောင်ခဲ့ပြီး ကြေညာချက် တစ်စောင် ထုတ်ပြန်ခဲ့ရာ အဆိုပါ တွေ့ရှိခဲ့သည့် ဦးခေါင်းခွံများ၊ ကျောရိုးအဆစ်များနှင့် အခြား တွေ့ရှိသည့်အရာများမာှ မည်သူမည်ဝါဖြစ်ကြောင်းနှင့် အမျိုးသား၊ အမျိုးသမီး အမျိုးအစား ခွဲခြားကာ ဆုံးဖြတ်ခြင်း စသည်တို့ အဓိကထား လုပ်ဆောင်ခြင်း ဖြစ်ကြောင်း သိရသည်။

“စုစုပေါင်း သေဆုံးသူ ၁၂ ဦးကို ၎င်းတို့ရဲ့ ဦးခေါင်းခွံတွေနဲ့အတူ တွေ့ရှိခဲ့တယ်၊ အခြား သေဆုံးသူ ၃ ဦးကတော့ ဦးခေါင်ခွံတွေ မရှိတော့ဘူး၊ စုစုပေါင်းကတော့ သေဆုံးသူ ၁၅ ဦးရဲ့ ရုပ်အလောင်းတွေကို တွေ့ရှိခဲ့တာပါ” ဟု ထုတ်ပြန်ချက်၌ အသေးစိတ် ဖော်ပြထားသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.