Connect with us

Latin America

ပြန်ပေးဆွဲ ဂိုဏ်းအဖွဲ့အား ဝင်ရောက်ချေမှုန်းရာတွင် သံသယရှိသူ ၈၇ ဦးအား ဖမ်းဆီးနိုင်ခဲ့

မက္ကဆီကို ရဲတပ်ဖွဲ့ဝင်များအား တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

မက္ကဆီကိုစီးတီး၊ မတ် ၁၁ ရက် (ဆင်ဟွာ)

မက္ကဆီကို ရဲတပ်ဖွဲ့ဝင်များနှင့် မြို့တော်ဝန် တစ်ဦးတို့ ပါဝင်ပတ်သက်မှုရှိသော ဒုစရိုက်ဂိုဏ်း တစ်ခုနှင့် ချိတ်ဆက်မှုရှိကြောင်း သံသယရှိသူ ၈၇ ဦးအား ဖမ်းဆီးရမိခဲ့ကြောင်း မက္ကဆီကို အလယ်ပိုင်း Puebla ပြည်နယ် အစိုးရက မတ်လ ၁၀ ရက်က ကြေညာလိုက်သည်။

Puebla ပြည်နယ် ပြန်ပေးဆွဲသူများ တိုက်ဖျက်ရေး ယူနစ်မှ အေးဂျင့် သုံးဦး မတ်လ ၉ ရက်က အသတ်ခံရခြင်းအား တုန့်ပြန်သည့် အနေဖြင့် ရဲ အရာရှိ ၅၀၀ ဦးခန့် ပါဝင်သော ပူးပေါင်း စစ်ဆင်ရေး တစ်ရပ် ပြုလုပ်ခဲ့ခြင်း ဖြစ်ကြောင်း အစိုးရ ထုတ်ပြန်ချက်အရ သိရသည်။El Buchanans ဦးဆောင်သည့် ဒုစရိုက်ဂိုဏ်း Los Zetas ၏ ဂိုဏ်းခွဲဟု မှတ်ယူနိုင်သော အဆိုပါ အဖွဲ့အား နှိမ်နင်းရန် ရည်ရွယ်ပြီး စစ်ဆင်ရေး ပြုလုပ်ခဲ့ခြင်း ဖြစ်ကြောင်း Puebla ပြည်နယ် ပြည်ထဲရေး ဝန်ကြီး Diodoro Carrasco က သတင်းစာ ရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။

Atzitzintla မြို့ မြို့တော်ဝန် Jose Isaias Velazquez နှင့် ဒေသခံ ရဲတပ်ဖွဲ့က အဆိုပါ ဂိုဏ်းအား အကာအကွယ် ပေးထားကြောင်း Carrasco က ထုတ်ဖော်ပြောကြားလိုက်သည်။အသတ်ခံခဲ့ရသော အေးဂျင့် သုံးဦးသည် ဖေဖော်ဝါရီလက ရာဇဝတ်မှု တစ်ခုအား စုံစမ်းနေခဲ့ပြီး နောက်ပိုင်းတွင် San Jose Cuyachapa ကျေးရွာ၌ ပစ်သတ်ခံခဲ့ရကြောင်း၊ ၎င်းတို့၏ ရုပ်အလောင်းများအား လမ်းနံဘေးတွင် မြှုပ်နှံထားခဲ့ကြောင်း ပြည်နယ် ရှေ့နေချုပ် Victor Carranca က ဖြည့်စွက် ပြောကြားခဲ့သည်။

မတ်လ ၉ ရက် အစောပိုင်းက ပြုလုပ်ခဲ့သည့် စစ်ဆင်ရေးအတွင်း ခေါင်းဆောင် ဖြစ်သူ El Buchanans လွတ်မြောက်သွားခဲ့ကြောင်း၊ အဆိုပါ စစ်ဆင်ရေးအတွင်း ရိုင်ဖယ် ၁၆ လက်၊ ခြောက်လုံးပြူး သေနတ် ၅ လက်၊ လက်ပစ်ဗုံး ၃ လုံး၊ ကျည်ဆံ ၄,၆၀၀ ခုနှင့် လောင်စာဆီ ခိုးယူရာတွင် အသုံးပြုသည့် မော်တော်ယာဉ် ၃၀ စီး စသည်တို့အား သိမ်းဆည်းရရှိခဲ့ကြောင်း Carranca က ပြောသည်။ဖမ်းဆီးရမိသူများအား လူသတ်မှု၊ ပြန်ပေးဆွဲမှု နှင့် လောင်စာဆီ ခိုးယူမှု စသည့် ပြစ်မှုများဖြင့် Puebla အစိုးရက တရားစွဲရန် ပြင်ဆင်လျက်ရှိကြောင်း သိရသည်။ (Xinhua)